Sunday, March 11, 2012

ခေါက်ဆွဲကြော်

ဒါလည်းပြီးခဲ့တဲ့ တစ်ပတ်ကလုပ်စားသောခေါက်ဆွဲကြော်ပါပဲ။ သူငယ်ချင်းတစ်ယောက်နဲ့ အတူကြော်ကြတာပါ။ ဗမာပြည်က ခေါက်ဆွဲကြော်အလွမ်းပြေပေါ့။ ကြော်နည်းကလည်း လွယ်လွယ်လေးပါပဲ။

ပထမဆုံးခေါက်ဆွဲ အထုပ်တစ်ဝက် (ဒီမှာ NTUC မှာရောင်းတဲ့ ခေါက်ဆွဲအ၀ါပါ) ကို ရေဆူဆူမှာ ၂ မိနစ်လောက်ပြုတ်လိုက်တယ်။ မဟုတ်ရင် ဆိုဒါနံ့တွေနံတယ်လို့ခံစားရလို့။ နောက် ကြက်သားသေးသေးလှီးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပျာရည်နဲ့ နှပ်ထားတာကို ကြော်ပြီးဆယ်ထား။ ပုဇွန်ကိုလည်းကြော်ပြီး ဆယ်ထား။

ပြီးရင် ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာကို ဆီသတ်၊ ပုဇွန်သေးသေးလေးတွေလှီးထားတာကို ထည့်။ ပြီးရင်  ဟင်းရွက်အစုံကိုထည့်၊ ခရုဆီ၊ ဆား၊ အချိုမှုန့်၊ ပဲငံပျာရည်ထည့် ၂မိနစ်လောက်ကြော်။ ခုနက ကြော်ထားတဲ့ ပုဇွန်၊ ကြက်သားကိုထည့်။ နောက်ဆုံးမှ ခေါက်ဆွဲကိုထည့်ပြီး ရေလေး နဲနဲထည့်၊ ခဏကြော်ပေးလိုက်ရင် ရပါပြီ။ မေ့လို့ တရုပ်နံနံလေးကိုလည်း ချခါနီးမှာ အုပ်လိုက်သေးတယ်။ ဒါဆိုရင် ရပြီပေါ့။

3 comments:

စံပယ်ချို said...

ခေါက်ဆွဲကြော်လေးဝင်ရောက်စားသုံးခဲ့ပါတယ်ရှင်
ခင်မင်တဲ့ jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေါက်ဆွဲကြော်က အရောင်ကလည်းလှ
ပုဇွန်ကလည်း နှိုက်စားချင်စရာကြီး
တော်လိုက်တာ မြင်တာနဲ့ စားချင်စဖွယ်ဖြစ်အောင် လုပ်တတ်တယ်

Evy said...

ကျေးဇူးပါ Jasmine ရေ

ဒေါ်ဒေါ်ချော စိတ်ချမ်းသာအောင် ပြောတတ်တယ်။ ကျေးဇူးတင်ပါတယ်ရှင်