ကျွန်မ
စပြီးမုန့်ဖုတ်တုန်းက အကြိမ်အခါပေါင်းများစွာ ပျက်ခဲ့ဖူးပါတယ်။
မုန့်ဖုတ်တဲ့နေရာမှာ အပူချိန်ကစပြီး မွှေတဲ့နည်းစနစ်လေးတွေကအစ အရေးကြီးပါတယ်။
အဲဒါတွေကို သေချာမသိပဲ လုပ်နည်းတွေပဲ ဖတ်ပြီးထင်သလိုလုပ်ခဲ့တဲ့ ကျွန်မရဲ့မုန့်တွေ
ပျက်တာလည်း သိပ်တော့ မထူးဆန်းပါဘူးနော်။ နောက်တော့ ကျွန်မ Singapore မှာရှိတဲ့
မုန့်ဖုတ်သင်တန်းကျောင်း (Baking Industry Training Centre – BITC) မှာ
သွားတက်လိုက်တော့မှ နည်းစနစ်ကလေးတွေကို သိရပြီး တော်တော်အဆင်ပြေလာပါတယ်။ ခုလည်း
ကျွန်မလိုပဲ စမ်းကြည့်ချင်တဲ့သူတွေ အဆင်ပြေဖို့ ကျွန်မသိတဲ့ နည်းလေးတွေကို
မျှဝေပေးသွားပါ့မယ်။
မုန့်ဖုတ်တဲ့ နေရာမှာ
သတိထားရမယ့် အချက်ကလေးတွေကတော့
- သုံးတဲ့ Ingredients တွေအားလုံးဟာ room temperature ဖြစ်ရပါမယ်။ ထောပတ်တို့ ကြက်ဥတို့ဆိုရင်လဲ ရေခဲသေတ္တာထဲကနေ အနည်းဆုံးနာရီဝက်လောက် အပြင်ထုတ်ထားပြီးမှ မုန့်ဖုတ်ပါ။
- Oven အပူချိန်ကို မုန့်ဗန်းမထည့်ခင်ကတည်းက ကြိုပြီးလိုအပ်တဲ့ အပူချိန်ပေးရပါမယ်။
- ဂျုံကို အမြဲစကာစစ်ပါ။ ဖြစ်နိုင်ရင် ၂ ခါလောက်စစ်ပါ။
- ဂျုံမွှေတဲ့နေရာမှာ လက်နဲ့ပဲမွှေပါ။ တအားကြီး အတင်းမမွှေရပါဘူး၊ စက်ကိုသုံးမယ်ဆိုရင်လည်း တော်တော်ကို ဖြည်းဖြည်းလေး လည်တဲ့ speed (လက်နဲ့မွှေသလောက်နှေးတဲ့ speed) ကိုထားပေးပါ။
- Recipe မှာနို့ စသဖြင့် အရည်တွေကို အသုံးပြုဖို့လိုလာရင် ဂျုံမွှေတဲ့ အဆင့်မှာ ထည့်မွှေပေးပါ။ အမြဲတမ်း ဂျုံနဲ့ စပြီး ဂျုံနဲ့ အဆုံးသတ်ပါ။ ဆိုလိုတာက ဂျုံကို ၃ ပုံပုံ၊ နို့ကို ၂ ပုံပုံ။ ဂျုံအရင်ထည့်မွှေ၊ နို့ထည့်၊ ဂျုံပြန်ထည့်၊ နို့ထပ်ထည့် ပြီး နောက်ဆုံးမှာ ကျန်တဲ့ဂျုံကို ထည့်မွှေပေးဖို့ပြောတာပါ။
ဒီနည်းလေးတွေကို
လိုက်နာပြီး မုန့်လုပ်မယ်ဆိုရင်တော့ အပျက်အစီးနဲသွားမယ်လို့ ကျွန်မထင်ပါတယ်။
12 comments:
ဒီပို့စ်လေးကို စာအုပ်မှာဖတ်ပြီးသွားပြီ ပြန်မျှဝေတဲ့အတွက် ကျေုးဇူး...။
ဗဟုသုတတွေအများကြီးရသွားပါတယ်။နောက်လဲသိတာ
လေးတွေမျှဝေပါနော်။ကျေးဇူးတင်ပါတယ်။
တော်လိုက်တာနော်
မှတ်သားထားရမယ်
လိုအပ်ရင် သုံးဖို့
ကျေးဇူးအများကြီးတင်ပါမယ် တို့မ ရေ :)
အာဘွားးးးးးးး :))
မမ ရေ .. မသိတာလေးတွေ ခုလိုရေးပေးတာ ကျေးဇူးပါ ..နောင်လဲ ဆက်ရေးပါအုံးနော်..
အားပေးလို့ကျေးဇူးအထူးပါ မမိုးငွေ့နဲ့ အန်တီဦးရေ။ ဟုတ်တယ် မမိုးငွေ့ရေ စာအုပ်ထဲမှာရေးပေးပြီး ဘလော့မှာတင်ပေးဖို့ကို ခုမှသတိရလို့ :-)
မြန်မြန်ဆန်ဆန်အားပေးတဲ့ ဒေါ်ကျူတီနဲ့ ချို့ကိုလေးကျေးဇူး :D <3 <3
သတိထားသင့်တဲ့ အချက်ကလေးတွေ မှတ်သားသွားတယ် EVY ရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးအထူးပါ။
တကယ်အသုံးဝင်ပါတယ်။
အိုင်အိုရာ
မအိရေ
ဒီအချက်တွေ ဖတ်မိမှပဲ တကယ်တမ်းမှားနေတာတွေကို တွေ့ရတော့တယ်။ ကျေးဇူးပါနော်။
သေချာမှတ်သားထားလိုက်ပါပြီ.evy ရဲ့ မုန့်ကလေးတွေကို အားကျလို့ အချိန်ရရင် မုန့်ဖုတ် သင်တန်းတက်ဖို့ ကြိုးစားကြည့်ချင်မိတယ်...စေတနာထားပြီးတင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်..
Hninn
I am also interested in attending BITC. How is it? Can you share a lil bit more about training center. Thank you.
စာတွေ မပေါ်လြို ဖတ်မရဘူး အမရေ ။
Post a Comment