Monday, July 9, 2012

ဆန်ပြားခေါက်ဆွဲ




ဒီဆန်ပြားခေါက်ဆွဲကတော့ ကျွန်မစားဖူးတဲ့ ရှမ်းပြည်ဘက်က ခေါက်ဆွဲတစ်မျိုးကို ပြုပြင်ပြောင်းလဲပြီး ပြန်ချက်ထားတာပါ။ တောင်ကြီးဘက်ကဆို သိကြမယ်ထင်ပါတယ်။ ချဉ်ချဉ်စပ်စပ်နဲ့ စားလို့ကောင်းတဲ့ ခေါက်ဆွဲပါ။ ဒါပေမယ့်လည်း ကျွန်မက အဲဒီလောက်ဟင်းသီးဟင်းရွက်အမယ်စုံ မထည့်နိုင်တာနဲ့ အဆင်ပြေသလို ပြုပြင်ထားလို့ အဲဒီနာမည် မတပ်တော့ဘူးနော်။ ကြက်သားပြုတ်ပြီးသားကိုပါထည့်ထားလို့ အသားပါမှနှစ်သက်သူတွေပိုသဘောကျမယ်ထင်ပါတယ်။ ခရမ်းချဉ်သီးအရည်ကို သုံးထားပေမယ့် သိပ်မချဉ်တော့ပဲ ပဲပုတ်ထောင်းရဲ့အရသာကြောင့် ပိုပြီးလေးပင်ပါတယ်။ (ကျွန်မက ရှမ်းပြည်ဘက်က မဟုတ်တော့ ကျွန်မလုပ်တဲ့နည်းတွေက အဲဒီဘက်အတိုင်းအတိအကျမဟုတ်ခဲ့ရင် သည်းခံပေးကြပါနော်။ ) ကျွန်မလုပ်တဲ့ခေါက်ဆွဲကတော့ အချိုဘက်ကိုပိုရောက်ပါတယ်။စားလို့တော့ အရသာအတော်ကောင်းတာ သေချာပါတယ်။ လုပ်နည်းကြည့်ရအောင်

ပါဝင်ပစ္စည်းများ

  • ဆန်ပြား
  • ခရမ်းချဉ်သီး ၃ လုံး
  • ကြက်သားပြုတ်ပြီးသားအနည်းငယ်
  • ပဲပင်ပေါက် အနည်းငယ်
  • ပဲပုတ်ထောင်း (ရှမ်းပဲပုတ်ကို ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းနဲ့ရောထောင်းပြီး ရေနွေးလေးနဲနဲထည့်၊ဆားနဲနဲထည့်ပြီး အနှစ်လိုလုပ်ထားတာပါ)
  • Knorr ကြက်သားတစ်ခဲ
  • သကြားလက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း


လုပ်နည်း
  1. ပထမဆုံး ခရမ်းချဉ်သီးကို စိတ်ပြီး ရေ ၈၀၀ မီလီလီတာ၊ Knorr တစ်ခဲနဲ့ ဆူအောင်တည်ပေးပါ။
  2. ဆူရင်မီးလျော့ထားပြီး ဆား၊သကြားကိုထည့်ပေးပါ။
  3. ဆန်ပြားတွေကို ရေနွေးလေးနဲ့ လောင်းထားပြီးရေစစ်ထားပါ (စင်္ကာပူက ဆန်ပြားရယ်ဒီမိတ်အထုပ်တွေက ဆီတွေများလွန်းလို့ အဲလိုလုပ်တာပါ။ ဆီမပါတဲ့ဟာဆိုရင်တော့ ဒီတိုင်းစားရုံပါပဲ)
  4. နောက် ပဲပင်ပေါက်ကိုရေနွေးဖျောပေးပါ။ ဒါဆိုရင်တော့ စားဖို့အားလုံးပြည်စုံသွားပါပြီ။
  5. ပွဲပြင်ဖို့အတွက် ဆန်ပြား၊ ပဲပင်ပေါက်၊ ကြက်သား၊ နံနံပင်၊ပဲပုတ်ထောင်းကိုထည့်ပြီးရင် သုံးဆောင်ဖို့အသင့်ဖြစ်ပါပြီ။



6 comments:

စံပယ်ချို said...

အရမ်းကြိုက်တဲ့ခေါက်ဆွဲလေးမို့
ဦးဦးဖျားဖျားစားခဲ့ပါပြီ

Alice said...

Love it so ! Look yummy !

Thamee Su said...

ဆန်ပြားတော့ တအားကြိုက်တယ် အိရေ စုလုပ်စားကြည့်မယ်

Tuumar said...

သမီးရေ တီမာတို့ဆီမှာအရမ်းအေးနေတယ်
ဆန်ပြားအရည်သောက်လေးသောက်ပြီးကွးနေရရင်ကော်းမယ်နော်

မီးမီးငယ် said...

ကြိုက်တယ်..။
ခေါက်ဆွဲကိုဘယ်လိုချက်ချက်စားမယ်။

mstint said...

ဆန်ပြားခေါက်ဆွဲကို ရှမ်းပြည်နေတုန်းက မကြာခနစားဘူးတော့ ငယ်စဉ်ထဲကနှစ်သက်တယ်။
ခေါက်ဆွဲဆိုရင် ဘယ်လိုဖြစ်ဖြစ် ကြိုက်ပြီးသားပဲ Evy ရေ။ နည်းလေးယူသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်