Thursday, July 26, 2012

Evy's Kitchen on FOOD Magazine

ဩဂုတ်လမျက်နှာဖုံး

အားလုံးမင်္ဂလာပါနော်။ ဒီပို့စ်လေးကတော့ ကြော်ငြာပို့စ်လေးလို့ ပြောလို့ရသလို မှတ်မှတ်ရရ ပို့စ်၂၀၀ပြည့်အထိမ်းအမှတ်လည်း ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုလေးတွေကို မဂဇင်းပေါ်မှာမြင်ရတာ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိလည်းဖြစ်ပါတယ်။  ဗမာပြည်က FOOD Magazine မှာစပြီးရေးနေတာ ၃ လလောက်တော့ရှိပါပြီ။ လတိုင်းမှာ Evy's Kitchen ရဲ့ recipe လေးတွေ 6 မျိုးလောက်ပါပါတယ်။ တချို့ဟာတွေကလည်း ဘလော့မှာ ရှယ်ပြီးသားဖြစ်သလို တစ်ချို့ recipe လေးတွေကတော့ အသစ်ကလေးတွေပေါ့နော်။ လတိုင်းလဲ ဆန်းသစ်တဲ့ဟင်းလေးတွေကို ဘလော့မှာရော မဂဇင်းမှာပါ တင်ပေးဖို့ကြိုးစားနေပါတယ်။

 ဩဂုတ်လမှာတော့ ကျွန်မရဲ့ မုန့်ပုံလေး ၂ ပုံကို မဂဇင်း အဖုံးမြင်ရလို့ ၀မ်းသာလို့မဆုံးပါဘူး။ ဘလော့မှာ အားပေးကြသလို FOOD Magazine မှာလည်း ၀ယ်ယူအားပေးကြပါဦးလို့။ Professional တွေကစပြီး ကျွန်မတို့လို သာမန်အိမ်ရှင်မတွေရဲ့ ဟင်းချက်နည်းအမျိုးမျိုးပါဝင်တဲ့ FOOD Magazine ကိုဗမာပြည်က စာအုပ်ဆိုင်တိုင်းမှာရနိုင်ပါတယ်။ နိုင်ငံခြားက စိတ်ဝင်စားသူတွေအတွက်လည်း နိုင်ငံခြားကို ပို့ပေးတယ်လို့ သိရပါတယ်။ ခုလောလောဆယ်တော့ ကျွန်မရဲ့ ဟင်းချက်နည်းပါတဲ့ ပုံတစ်ချို့ကို တစ်ပါတည်းတင်ပေးလိုက်ပါတယ်။ (စာတွေက ဘာလို့အဲလိုမျိုးဖြစ်နေတာလဲတော့မသိဘူး။ စာအုပ်ထဲမှာတော့ ပုံမှန်မြန်မာစာပါပဲ )

ကိုကာကိုလာကြက်သားဟင်းနဲ့ မုန်ညှင်းကြက်သားငါးပိကြော်

ချိစ်ကိတ်လေး
Red Velvet Cupcakes (လုပ်နည်းကိုမကြာခင်မှာ ထပ်တင်ပေးပါ့မယ်)

13 comments:

Q-te said...

Bravo...........ခွမ်းးးးခွမ်းးးးး ( ခွပ်တိုက်သံ ) :PPP

လေးစားပါတယ် မမ
ဂုဏ်ယူပါတယ်
စိတ်ကြိုက်ဖန်တီးရေးသားခွင့်ရှိတဲ့
ကိုယ်ပိုင်ဘလော့မှာတောင်
တခါတလေ ဖင်ပူ ခါးချိ အညောင်းမိ အစားပျက်
အအိပ်ပျက် ဖြစ်ရပါတယ်
မမ လို အားလုံးအတွက် စေတနာအပြည့်နဲ့
ကိုယ်ကျိုးမတွက် အချိန်ဖဲ့ပြီး ပြောပြ ရေးသား နိုင်တဲ့ စေတနာကို အထူးကို အားကျ ဂုဏ်ယူမိပါကြောင်းးးးးးးးးးး

Evy said...

ကျေးဇူးပါ ကျူတီရေ။ ချီးမွမ်းခံရလို့ ရှက်တောင်ရှက်လာပြီ :D

Candy said...

မမအတွက် အရမ်းပျော်တာပဲ....
ဟိုတလောကတောင် သူငယ်ချင်းတယောက်က မုန့်ဖုတ်နည်းတွေရေးတဲ့ Website လေးပြောပြပါဆိုလို့ မမဆိုဒ်ကို ညွှန်လိုက်သေးတယ်..

မမ ဒီ့ထက်မက အောင်မြင်ပါစေနော်.. :D

Evy said...

ကျေးဇူးပါ ညီမလေး Candy ရေ <3

Anonymous said...

Evy..
မုန့် လှလှလေးတွေကိုလူအများစုမြင်တွေ့ ခံစားနိုင်အောင်
ကြိုးစားလို့ ချီးမွမ်းမိပါတယ်။
ဆက်လက်အောင်မြင်ပါစေလို့ ...
အိုင်အိုရာ

သက်ဝေ said...

အခုလို သိရ မြင်ရတာ သိပ်ဝမ်းသာတယ် ညီမ... စာရေးသူတယောက်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စေတနာရဲ့ အကျိုးတွေပါပဲ... ရှေ့ဆက်ပြီး ဒီ့ထက် အများကြီး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်...း))

Mrs. Bagel said...

အစ်မရေ။ ဝမ်းသာတယ်။ အစ်မ ဝတ်ရည် ဆိုက် ရော၊ အစ်မ ဆိုက် ရောက မြတ်ကြည်ဖတ်နေကျလေ။ အစ်မ ဒီထက်ပိုပြီး အောင်မြင်ပါစေ။

mstint said...

အားပေးမယ် EVY ရေ စိတ်ချ။ ဂုဏ်ယူပါတယ်ကွယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Tuumar said...

လာလည်သွားပြီနော် မီးမီးကျောင်းပိတ်မှသမီးရေးထားလုပ်ထားတာလေးတွေပြရ
အုံးမယ်

Cameron said...

အဲဒီစာအုပ်ကို မနေ့က စီးတီးမတ်မှာတွေ့ခဲ့လိုက်သေးတယ် မ၀ယ်ဖြစ်လိုက်ဘူး..တစ်လတစ်အုပ်ဖတ်နေကျဆို ၀ယ်ဦးမယ်...။ အမလက်ရာမုန့်ဖုတ်နည်းတွေအမြဲဖတ်တယ် လက်တွေ့မလုပ်ဖြစ်သေးတာ...အိမ်မှာလာသင်လို့ရရင်ကောင်းမယ်နော်...။

Aunty Oo said...

ဝမ်းမြောက်ဂုဏ်ယူပါတယ်။မုန်.ဖုတ်နည်းသင်တန်းလေး
ဖွင့်ရင်လည်းသိတ်ကောင်းမှာ။foodမဂ္ဂဇင်းလေးလဲဖတ်
ချင်ပါတယ်။ဒီမှာဝယ်လို.ရရင်ကောင်းမယ်နော်။

Evy said...

ကွန်မန့်တွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ အန်တီဦးရေ သူတို့နိုင်ငံခြားကိုပို့ပေးပါတယ်။ သင်တန်းဖွင့်ဖို့က လိုပါသေးတယ်အန်တီရေ။ စဉ်းစားနေတုန်းပါ :D

မီးမီးငယ် said...

Congratulation Evy....
Keep going...
Always cheer you up..
<3 meemee