Saturday, August 4, 2012

ချဉ်စပ်ဟင်းချို၊ Hot and Sour Soup




ဒီတစ်ခါမှာတော့ သောက်လို့ကောင်းတဲ့ ချဉ်စပ် ဟင်းချိုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းကိုတော့ စာအုပ်တစ်ခုထဲကနေပြန်ပြီး မှီငြမ်းထားတာပါ။ ပဲပြား မှိုခြောက်တွေပါဝင်ပြီး အရသာတော်တော်ကောင်းလို့ လုပ်နည်းလေးကို ပြန်ရှယ်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရှီတာကီမှိုခြောက် ၅ ခု (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
  • Button Mushroom  ၅ခု (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ အနည်းငယ် (ပါးပါးသေးသးလှီးထား)
  • ပဲပြားလက် ၂လုံးစာအထူခန့် ၆ ခု
  • ကြက်သားပြုတ်ပြီးသား လက်တစ်ဆုပ်စာ
  • ကြက်ဥ ၁လုံး + နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စဉ်း)
  • ကြက်သွန်မိတ် ၁ ပင်
  • ကြက်ပြုတ်ရည် ၁လီတာ
  • ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း+ ရေ စားပွဲဇွန်း ၁ ဇွန်း


ဟင်းခပ်ရန်
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
  • ရှာလကာရည် စားပွဲဇွန်း ၂ ဇွန်း
  • ငရုပ်ကောင်း အနည်းငယ်
  • ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း


ချက်နည်း

1.     ပထမဆုံး ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး မုန်လာဥနီကို ဆီသတ်ပေးပါ။
2.     ၁ မိနစ်လောက်နေရင် button mushroom လေးတွေကိုပါဆီသတ်ပေးပါ။
3.     ပြီးရင် ငရုပ်သီးအကြမ်းမှုန့် လက်ဖက်ရည် ၁ဇွန်း နဲ့ ကြက်သွန်ဖြူကိုပါ ထည့်မွှေပေးပါ။
4.     နောက် ကြက်ပြုတ်ရည် ၁ လီတာကိုလည်း ထည့်မွှေပေးပြီး ဆူအောင်တည်ပေးပါ။
5.     ဆူရင် ကြက်သား၊ ပဲပြားနဲ့ ဟင်းခပ်အရည်များကို ထည့်မွှေပေးပါ။
6.     ထပ်ဆူလာရင် ပြောင်းဖူးမှုန့်နဲ့ ရေ အရောကိုထည့်ပြီး ပျစ်အောင်မွှေပေးပါ။
7.     နောက်ဆုံးမှ ကြက်ဥနဲ့ နှမ်းဆီရောခေါက်ထားတာကို ဖြည်းဖြည်းချင်းထည့်ပြီးမွှေပေးပါ။  ၅ မိနစ်လောက်ထပ်တည်ပြီးရင် သုံးဆောင်လို့ရပါပြီ


12 comments:

စံပယ်ချို said...

မိုးလေးအေးအေးနဲ့ အရမ်းကိုလိုက်ဖက်တဲ့ ဟင်းတစ်ခွက်
နက်ဖြန်ခါတော့
စမ်းချက်ကြည့်မယ် ပုံလေးကြည့်ပြီးစားချင်နေပြီ

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စရာလေး
ချဉ်ချဉ်လေးဆိုတော့ စားကောင်းမှာ သေချာတယ်

KATTY said...

Evy ရေ....လာအားပေးသွားတယ်နော်...Blog လေး တခုဖြစ်မြောက်သွားတာ ၀မ်းသာပါတယ်။ ဆက်လက်အား
ပေးနေမှာပါ.....
ချစ်တဲ့..အံတီ

Anonymous said...

Another insteresting one :P
it looks delicious :D
PPS :)

white angle said...

လာလည်သွားပါတယ်... မုန့်တွေကော၊ ဟင်းချက်နည်းတွေကော တ၀ကြီးကြည့်သွားပါတယ်...

cho cho chit said...

မမ ရေ ..လုပ်စားကြည်အြုံးမယ်.. သရေောတင်ကျတယ် မမ ရယ်..

Tuumar said...

သောက်ချင်စရာလေးရယ်နော် တစ်ရက်လောက်လုပ်သောက်ကြည့်အုံးမယ်

mstint said...

ချဉ်စပ်ဟင်းချိုဆိုတော့ ထိုင်းစာနဲ့ နီးစပ်တာပေါ့နော်။
ချက်နည်းလေးမှတ်သွားပြီ စမ်းချက်ကြည့်မယ် Evy ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သောက်သွားပါတယ်

Anonymous said...

ကောင်းလိုက်တာ

Anonymous said...

ပာင်းအသစ်တွေတင်ပါအုန်းရှင့်

mabaydar said...

စားကောင်းမဲ့ပုံပဲတော့... လုပ်စားကြည့်အုံးမယ်...