ပါဝင်ပစ္စည်းများ
- ရှီတာကီမှိုခြောက် ၅ ခု (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
- Button Mushroom ၅ခု (ပါးပါးလှီးထားပါ)
- မုန်လာဥနီ အနည်းငယ် (ပါးပါးသေးသးလှီးထား)
- ပဲပြားလက် ၂လုံးစာအထူခန့် ၆ ခု
- ကြက်သားပြုတ်ပြီးသား လက်တစ်ဆုပ်စာ
- ကြက်ဥ ၁လုံး + နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
- ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စဉ်း)
- ကြက်သွန်မိတ် ၁ ပင်
- ကြက်ပြုတ်ရည် ၁လီတာ
- ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း+ ရေ စားပွဲဇွန်း ၁ ဇွန်း
ဟင်းခပ်ရန်
- ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
- ရှာလကာရည် စားပွဲဇွန်း ၂ ဇွန်း
- ငရုပ်ကောင်း အနည်းငယ်
- ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
ချက်နည်း
1. ပထမဆုံး ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး
မုန်လာဥနီကို ဆီသတ်ပေးပါ။
2. ၁ မိနစ်လောက်နေရင် button mushroom
လေးတွေကိုပါဆီသတ်ပေးပါ။
3. ပြီးရင် ငရုပ်သီးအကြမ်းမှုန့် လက်ဖက်ရည် ၁ဇွန်း
နဲ့ ကြက်သွန်ဖြူကိုပါ ထည့်မွှေပေးပါ။
4. နောက် ကြက်ပြုတ်ရည် ၁ လီတာကိုလည်း ထည့်မွှေပေးပြီး
ဆူအောင်တည်ပေးပါ။
5. ဆူရင် ကြက်သား၊ ပဲပြားနဲ့ ဟင်းခပ်အရည်များကို
ထည့်မွှေပေးပါ။
6. ထပ်ဆူလာရင် ပြောင်းဖူးမှုန့်နဲ့ ရေ
အရောကိုထည့်ပြီး ပျစ်အောင်မွှေပေးပါ။
7. နောက်ဆုံးမှ ကြက်ဥနဲ့ နှမ်းဆီရောခေါက်ထားတာကို
ဖြည်းဖြည်းချင်းထည့်ပြီးမွှေပေးပါ။ ၅
မိနစ်လောက်ထပ်တည်ပြီးရင် သုံးဆောင်လို့ရပါပြီ
12 comments:
မိုးလေးအေးအေးနဲ့ အရမ်းကိုလိုက်ဖက်တဲ့ ဟင်းတစ်ခွက်
နက်ဖြန်ခါတော့
စမ်းချက်ကြည့်မယ် ပုံလေးကြည့်ပြီးစားချင်နေပြီ
စားချင်စရာလေး
ချဉ်ချဉ်လေးဆိုတော့ စားကောင်းမှာ သေချာတယ်
Evy ရေ....လာအားပေးသွားတယ်နော်...Blog လေး တခုဖြစ်မြောက်သွားတာ ၀မ်းသာပါတယ်။ ဆက်လက်အား
ပေးနေမှာပါ.....
ချစ်တဲ့..အံတီ
Another insteresting one :P
it looks delicious :D
PPS :)
လာလည်သွားပါတယ်... မုန့်တွေကော၊ ဟင်းချက်နည်းတွေကော တ၀ကြီးကြည့်သွားပါတယ်...
မမ ရေ ..လုပ်စားကြည်အြုံးမယ်.. သရေောတင်ကျတယ် မမ ရယ်..
သောက်ချင်စရာလေးရယ်နော် တစ်ရက်လောက်လုပ်သောက်ကြည့်အုံးမယ်
ချဉ်စပ်ဟင်းချိုဆိုတော့ ထိုင်းစာနဲ့ နီးစပ်တာပေါ့နော်။
ချက်နည်းလေးမှတ်သွားပြီ စမ်းချက်ကြည့်မယ် Evy ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သောက်သွားပါတယ်
ကောင်းလိုက်တာ
ပာင်းအသစ်တွေတင်ပါအုန်းရှင့်
စားကောင်းမဲ့ပုံပဲတော့... လုပ်စားကြည့်အုံးမယ်...
Post a Comment