မနေ့ညက အိမ်မှာ ပင်လယ်စာပဲကြံဇံသုပ်လုပ်စားဖြစ်တယ်။ ငရုပ်သီးစပ်စပ်နဲ့ တော်တော်စားလို့ ကောင်းပါတယ်။ တော်တော်များများလုပ်တတ်မယ် ထင်ပါတယ်။ နည်းကတော့ အိမ်မှာသုပ်တဲ့နည်းပေါ့။ ဆီလည်း မပါတာကြောင့် ၀မှာကြောက်သူများအတွက် အထူးသင့်တော်ပါတယ်။ :D :D
- ပဲကြာဇံ ၁၀၀ ဂရမ်ကိုရေနွေးစိမ်ထားပါ
- မုန်လာဥနီကို တရုပ်ပန်းကန်လုံး ၁ လုံးနီးပါး၇အောင်ခြစ်ပါတယ်
- ပုဇွန် နဲ့ ပြည်ကြီးငါးကိုလည်း ပြုပ်ထားပါ။ ပြီးမှ သေးသေးလှီးထားလိုက်ပါ။
- ငရုပ်သီး ၊ကြက်သွန်ဖြူ ကို ထောင်း (သို့)သေးသေးလှီးပြီး ဆားလက်ဖက်ရည် ၁
ဇွန်း ၊ ငံပျာရည် စားပွဲဇွန်း ၃ ဇွန်း၊ အချို့မှုန့် လက်ဖက်ရည် ဇွန်း ၁ ၀က်၊
သကြားလက်ဖက်ရည် ၁ဇွန်း၊ သံပုရာသီး အကြီး ၁ လုံးခွဲ (အရည်ညှစ်ထားပါ) နဲ့ ရောမွှေထားပါ
- စားကာနီးမှ အားလုံးရောမွှေလိုက်ရင် ချဉ်ငံစပ် ပဲကြာဇံ ပင်လယ်စာသုပ်ရပါပြီ။
3 comments:
အသုပ်နဲ့ထမင်းစားရင် အရမ်းမိန်တတ်လို့ ကြိုက်တယ်
i like that noodles glass very much it is too easy to make.
Look so good !
Post a Comment