ခုဒီမှာကင်ပြထားတာကတော့ ပျားရည်ငရုပ်ကောင်းကြက်ကင်ပါ။
လိုက်လုပ်ကြည့်ကြမယ်ဆိုရင်လည်း ကိုယ်လိုသလိုထည့်ချင်တာထပ်ထည့်နော်။ ပျက်သွားတယ်ဆိုတာမျိုးမရှိပါဘူး။
အဓိကကတော့ ကြက်အသားထဲကို အရသာဝင်အောင် ညလုံးပေါက်နှပ်ထားတာ အဓိကပါပဲ။ လွယ်ကူပြီးအရသာရှိတဲ့
ကြက်ကင်နည်းမို့ လုပ်နည်းလေးကို မျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်၁ ကောင်
ဆောစ့်အတွက်
- ပျားရည် စားပွဲဇွန်း ၁ ဇွန်း
- ငရုပ်ကောင်း(အကြမ်းကြိတ်ထားတဲ့ ငရုပ်ကောင်း) လက်ဖက်ရည် ၁ ဇွန်းခွဲ
- ပဲငံပျာရည်အကြည်စားပွဲဇွန်း၁ ဇွန်း
- ရှာလကာရည် စားပွဲဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည် ၁ ဇွန်းမောက်မောက်
- ဟင်းခတ်မှုန့် အနည်းငယ်
အပေါ်ကပစ္စည်းတွေအားလုံးကိုရောမွှေထားလိုက်ပါ
ပြင်ဆင်နည်း
- ကြက်သားကို အကောင်မပျက်အောင် အထဲကကလီစာများထုတ်ပြီးသန့်ရှင်းရေးလုပ်ထားပါ။
- ခြေထောက်နဲ့ ခေါင်းကိုလည်းဖယ်ထားလိုက်ပါ။
- ပြီးရင် ကြက်တစ်ကောင်လုံးကို ခက်ရင်းနဲ့ထိုးထားလိုက်ပါ (အရသာတွေအသားထဲပိုဝင်စေရန်ဖြစ်ပါတယ်)
- နောက်ကြက်ကျောရိုးဘက်ကနေပြီး ခွဲချလိုက်ပြီးမှ ဆော့စ်တွေကိုသုတ်လိမ်းပါမယ် (ဆော့လိမ်းတဲ့ အခါမှာလည်း အရေပြားအောက်ကိုဆော့ထည့်ပေးပြီး အသာအယာနယ်ပေးပါ၊ ကြက်အသားနဲ့ အရေပြားကြားကို လက်လေးနဲ့အသာထိုးပြီး ထည့်လို့ရပါတယ်။ ကြက်အရေပြားတော့ မပေါက်စေနဲ့ပေါ့နော်)
- ပြီးရင် ရေခဲသေတ္တာထဲမှာ ၁ ညနှပ်ထားပေးပါ။
- နောက်နေ့မှ ထုတ်ပြီး ကင်မယ့်ဗန်းထဲကို ပုံပါအတိုင်းထည့်ပေးပြီး သံလွင်ဆီအနည်းငယ်ဆမ်းပေးပါ။ (ကြက်ကို ဒီလိုနည်းမျိုးနဲ့ကင်ခြင်းဟာ အကောင်လုံးလိုက်ကြီးကင်တာထက်စာရင် ခြောက်ကပ်မှုနည်းစေပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကြက်ရင်ပုံက ခပ်မြင့်မြင့်မို့လို့ တခြားအစိတ်အပိုင်းထက်စာရင် အရင်ကျက်ပြီးတအားခြောက်စေပါတယ်)
- ပြီးရင် အာလုံး ၊ခရမ်းချဉ်သီးလေးတွေ ထည့်ပြီး ၁၈၀ ဒီဂရီ အာဗင်မှာ နာရီဝက်ကင်ပေးရင်ရပါပြီ။ ကျွန်မကတော့ Happy Call အိုးကိုသုံးပြီးကင်ပါတယ်။ မီးပေါ်မှာအဖုံးပိတ်ထားပြီး ၁၅မိနစ်နေရင် တစ်ဖက်လှန်ပေးပြီး ၁၅ မိနစ်ထပ်ထားပေးပါ။
ဒါဆိုရင်
အနံ့အရသာနဲ့ ပြည့်စုံတဲ့ အိမ်လုပ်ကြက်ကင်နဲ့ ဧည့်ခံဖို့ အသင့်ဖြစ်နေပါပြီ ။
7 comments:
ကိုယ့်ဖာကိုယ်တော့ လုပ်ရမှာပျင်းလို့ Evy ဆီပြေးလာပြီး ဧည့်သည်လုပ်ချင်စိတ် ပေါက်သွားတယ်
ပျားရည်နံ့လေး မွှေးနေမှာဘဲနော်.
စားချင်လိုက်တာ တကယ်ဘဲ
ပျားရည်ကြက်ကင်ကို တိုက်တိုက်ဆိုင်ဆိုင် အခုလိုဗိုက်ဆာတဲ့အချိန်ကျမှ လာကြည့်မိတယ် :P စိတ်ဝင်စားစရာမို့ မိတ်ဆုံစားပွဲမျိုးမှာ လုပ်စားရရင်ကောင်းမယ် :) နည်းလေးမှတ်သွားတယ် Evy ရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Love it,sis.Thanks for sharing !
မိုးနတ်ကတော့..ဒီနှစ်ခရစ်စမတ်မှာပဲဖြစ်ဖြစ်...
new year မှာပဲဖြစ်ဖြစ်လုပ်စားချင်တယ်...
လုပ်စားချင်တယ်ဆိုလို့ အထင်တော့ကြီးလိုက်နဲ့အုံး.ဟိ
မိုးနတ် ဘာမှကိုမချက်တတ်ဘူး..ဟီးအားရှိစရာ..
မေ့ကိုလုပ်ခိုင်းမှာပါ....မိုးနတ်ကတော့ထုံးစံအတိုင်း
ကောင်းမကောင်းဆုံးဖြတ်ပြီး တွတ်တီးလုပ်မှာပေါ့..
ကြက်ကင်လေးကြည့်ပြီး ထမင်းပူပူလေးနဲ့စားချင်နေမိတယ်
Yummy Yummy...,
It looks tasty :P
PPS :)
I will try with happycall soon.thks.
Post a Comment