Friday, November 30, 2012

ပင်လယ်စာပဲကြာဇံသုပ်


မနေ့ညက အိမ်မှာ ပင်လယ်စာပဲကြံဇံသုပ်လုပ်စားဖြစ်တယ်။ ငရုပ်သီးစပ်စပ်နဲ့ တော်တော်စားလို့ ကောင်းပါတယ်။ တော်တော်များများလုပ်တတ်မယ် ထင်ပါတယ်။ နည်းကတော့ အိမ်မှာသုပ်တဲ့နည်းပေါ့။ ဆီလည်း မပါတာကြောင့် ၀မှာကြောက်သူများအတွက် အထူးသင့်တော်ပါတယ်။ :D :D





  • ပဲကြာဇံ ၁၀၀ ဂရမ်ကိုရေနွေးစိမ်ထားပါ
  • မုန်လာဥနီကို တရုပ်ပန်းကန်လုံး ၁ လုံးနီးပါး၇အောင်ခြစ်ပါတယ်
  • ပုဇွန် နဲ့ ပြည်ကြီးငါးကိုလည်း ပြုပ်ထားပါ။ ပြီးမှ သေးသေးလှီးထားလိုက်ပါ။
     
  • ငရုပ်သီး ၊ကြက်သွန်ဖြူ ကို ထောင်း (သို့)သေးသေးလှီးပြီး ဆားလက်ဖက်ရည် ၁ ဇွန်း ၊ ငံပျာရည် စားပွဲဇွန်း ၃ ဇွန်း၊ အချို့မှုန့် လက်ဖက်ရည် ဇွန်း ၁ ၀က်၊ သကြားလက်ဖက်ရည် ၁ဇွန်း၊ သံပုရာသီး အကြီး ၁ လုံးခွဲ (အရည်ညှစ်ထားပါ) နဲ့ ရောမွှေထားပါ
     
  • စားကာနီးမှ အားလုံးရောမွှေလိုက်ရင် ချဉ်ငံစပ် ပဲကြာဇံ ပင်လယ်စာသုပ်ရပါပြီ။
အပေါ့အငံကတော့ စိတ်ကြိုက်ညှိယူပေါ့နော်။ လွယ်ပြီး မြန်တာကြောင့်နောက်ကိုလဲ အမြဲလုပ်စားဖြစ်မယ့် ဟင်းတစ်ခွက်ပါ။

3 comments:

Tuumar said...

အသုပ်နဲ့ထမင်းစားရင် အရမ်းမိန်တတ်လို့ ကြိုက်တယ်

Cameron said...

i like that noodles glass very much it is too easy to make.

Unknown said...

Look so good !