Thursday, November 8, 2012

ဆေးဘဲဥ ဟင်းနုနယ်ကြော်




ဒီတစ်ခါမှာ ဆေးဘဲဥကို အရည်သောက်ဆမ်းပုံစံမျိုးလေးလုပ်ကြည့်ကြရအောင်။ ဒီဟင်းလေးက စင်္ကာပူက Food court တွေ့မှာတွေ့နိုင်တဲ့ ဟင်းတစ်မျိုးပါ။ ဟင်းနုနယ်ကိုသုံးပြီး ချက်ထားတာကြောင့် ဟင်းရည်လေးက ချိုချိုလေးနဲ့ စားလို့ကောင်းပါတယ်။(ဒီဟင်းခွက်လေးက အောက်တိုဘာလ Food Magazine မှာပါတဲ့ နောက်ဆုံး ဟင်းခွက်လေးပါ။ Blog မှာ မတင်ရသေးလို့ပြန်မျှဝေပေးလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  • ဟင်းနုနယ် ၁၀၀ ဂရမ် (ရေဆေးပြီးချွေထားပါ)
  • ဆေးဘဲဥ ၁ လုံး (သေးသေးစိတ်ထား)
  • ဆားဘဲဥ ၁ လုံး (အကာနဲ့ အနှစ်ခွဲထားပါ)
  • ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ပြောင်းဖူးမှုန့်စားပွဲဇွန်း တစ်ဝက်ကို ရေတရုပ်ပန်းကန်လုံးတစ်လုံးနဲ့ရောဖျော်ထားပါ

ချက်ပြုတ်နည်း
  • ဟင်းနုနယ်တွေကို ရေနွေးပွက်ပွက်ဆူထဲမှာ ၁မိနစ်လောက်စိမ်၊ရေစစ်ပြီးပွဲပြင်မယ့် ပန်းကန်ထဲထည့်ထားပေးပါ။
  • ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။
  • ကြက်သွန်ဖြူနွမ်းတာနဲ့ ဆားဘဲဥအကာကိုထည့်မွှေပေးပါ။
  • ပြီးရင်ဖျော်ထားတဲ့ကော်ရည်ကို ထည့်ပြီးဆေးဘဲဥကိုပါထည့်ပေးပါ။
  • ကော်ရည်ဆူရင် ဆားဘဲဥ အနှစ်ကိုထည့်ပြီး မွှေပေးပါ။
  • နဲနဲလေးစပြီးပျစ်လာရင်ချပြီး ဟင်းနုနယ်ပေါ်ကိုလောင်းပြီး ချက်ချင်းသုံးဆောင်ပါ။ ကျွန်မကတော့ ငရုပ်သီးကြိုက်တာကြောင့် အပေါ်မှာနဲနဲဖြူးစားပါတယ်။

7 comments:

Cameron said...

ဟင်းနုနွယ်ရွက်ကို စိမ်းနံ့ရလို့ တော်ရုံသိပ်မကြော်စားဖြစ်ကြဘူးလို့ထင်တယ် ကိုယ်တိုင်လဲ အဲဒီအရွက်ကိုကြိုက်တယ်...ရေနွေးဖျောပြီး သုပ်စားတာလေးကြိုက်တယ် ခုညီမဆေးဘဲဥနဲ့ကြော်နည်းလေးကိုမှတ်သွားပါတယ် ...။

Anonymous said...

ကြက်ဥ ၁ လုံး (အကာနဲ့ အနှစ်ခွဲထားပါ) ဖြစ်ပါလိမ့်မယ်။
ဆေးဘဲဥ ၁ လုံး (အကာနဲ့ အနှစ်ခွဲထားပါ)ဆိုတာ မဖြစ်နိုင်ဘူး။ ပုံထဲမှာ ကြက်ဥ ပါတာတွေ့တယ်။ မှားရင်ခွင့်လွှတ်ပါ။
အမြဲအားပေးနေသူ။

Evy said...

ဆားဘဲဥကို ခွဲခိုင်းတာပါရှင် :-) ဆေးဘဲဥဟုတ်ဘူးလေ

Thamee Su said...

ဟင်းနုနွယ်ရွက်ကြိုက်တယ် ဆားဘဲဥလေးနဲ့ဆိုတော့ အရသာရှယ်ပဲနေမယ် ချက်စားမယ် မအိရေ

မိုးနတ်ကြယ်စင် said...

စားသွားတယ်နော်..ရှလွတ်...

Anonymous said...

Yummy...
I also tried it before, really good!

PPS :)

Anonymous said...

Yummm