ခရစ်စမတ်နီးလာပြီနော်။ ကြားထဲမှာ ၁ ရက်ပဲလိုတော့တယ်။ မနက်ဖြန်မှာ ခရစ်စမတ်နဲ့ နှစ်ကူးအတွက် ဟင်းလျာတွေ အားလုံးစုပြီါ် တင်ပေးမယ်နော်။ ခုတော့ ခရစ်စမတ်မှာ လူကြိုက်များတဲ့ နောက်မုန့်တစ်ခုကို ကြည့်လိုက်ရအောင် ။ အဲဒါကတော့ Christmas log cake ပါ။ ကိတ်ကို သစ်တုံးနဲ့ တူအောင်လုပ်ထားပြီး ခရစ်စမတ်အငွေ့အသက်ပါတဲ့ အရုပ်ကလေးတွေနဲ့ အလှဆင်လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အဲလိုမုန့်ပုံရဖို့အတွက် ခရင်မ်တွေအများကြီးသုံးရပါတယ်။ ကျွန်ကကတော့ အဲလောက် အများကြီးမထည့်ချင်တာနဲ့ ရှိတဲ့ Nutella ကို အသုံးပြုပြီး သစ်တုံးလိုအကွက်အပျောက်တွေရအောင် ဖန်တီးပါတယ်။ ဒီလိုမုန့်မျိုးလေးက ဧည့်သည်ကို မဖိတ်မီ ကြိုတင်လေ့ကျင့်ပြီးမှ လုပ်သင့်ပါတယ်။ Swiss roll က လိပ်နေကျမဟုတ်ရင် ကွဲထွက်တတ်လို့ပါ။ အချိန်အဆလေးသိသွားရင်တော့ အဆင်ပြေမှာပါ။ ဒီမှာတော့ အဆင့်ဆင့်ပုံလေးတွေနဲ့ ပြပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ အနှစ် ၃ ခု
- ကြက်ဥအကာ ၃ ခု
- သကြား ၇၀ ဂရမ်
- ဂျုံ ၇၀ ဂရမ်
- baking powder 2.5 grams
- နွားနို့ စားပွဲဇွန်း ၁ ဇွန်း
- ဆီ စားပွဲဇွန်း ၁ ဇွန်း
- ဗနီလာ အနံ့ အနည်းငယ်
ပြင်ဆင်နည်း
- ပထမဆုံးကြက်ဥအကာနဲ့ သကြားကို ဖြူပြီးပွလာတဲ့အထိစက်နဲ့မွှေပေးပါ
- နောက်ကြက်ဥအနှစ်ကို တစ်လုံးချင်းစီထည့်ပြီး သမအောင်မွှေပေါ။
- ပြီးရင် ဂျုံ၊ ပွဆေးကို စကာချပြီး ရောမွှေပေးပါ
- ဆီ၊ နို့နဲ့
ဗနီလာ အနံ့ကိုရောမွှေပေးပြီး မုန့်နှစ်အနည်းကို လောင်းထည့်ကာ သမအောင်လုပ်ပါ။
အဲဒီရလာတဲ့မုန့်နှစ်ကိုမှ ကျန်တဲ့မုန့်နှစ်နဲ့ရောမွှေပေးပါ. - ဗန်းထဲကို ထည့်ပြီး ၁၈၀ ဒီဂရီမှာ ၁၄ မိနစ်ဖုတ်ပေးပါ။
- မုန့်ကျက်ရင် အာဗင်မှထုတ်ပြီး အအေးခံပါ။
- လုံးဝအေးပြီဆိုမှ Nutella (သို) နှစ်သက်ရာ ခရင်မ်တစ်မျိုးမျိုးကို သုတ်ပေးပြီး အသာအယာ လိပ်ပေးပါ။
- Swiss roll ရလာပြီဆိုရင် သုံးပုံ တစ်ပုံလောက်ကို ခပ်စောင်းစောင်းလေး ဖြတ်ပြီး Nutella ယိုသုတ်ကာ ကျန်တဲ့ Swill roll အလယ်နားမကျတစ်ကျမှာ ကပ်ပြီးဆက်ပေးပါ။
- အဲဒီနောက်မှတော့ Nutell ယိုကို ကတော့ချွန်လေးထဲထည့် အပေါက်ကလေးဖောက်ပြီး Swiss roll ပေါ်မှာ ညှစ်ချပါ (သစ်သားလိုင်းလေးတွေလိုဖြစ်အောင်လုပ်တာပေါ့)
- အားလုံးပြီးသွားပြီဆိုရင်တော့ ခရစ်စမတ် အရုပ်ကလေးတွေနဲ့ အလှဆင်ပါ။
ဒါဆိုရင်တော့ ဧည့်သည်တွေကို
ဧည့်ခံဖို့ သစ်တုံးကိတ်လေး အဆင်သင့်ဖြစ်နေပါပြီ။
2 comments:
လှလိုက်တာ မရေ....စားချင်တယ်
Evy... you are a great lady!
Post a Comment