အခုလာမယ့် ဇန္န၀ါရီ FOOD Magazine အတွက် အဓိက ပေးဖြစ်တဲ့ ဟင်းလျာတွေကတော့ Finger Food လိုမျိုးသရေစာတွေများပါတယ်။ တစ်ချို့တွေက blog မှာတင်ပြီးသားဖြစ်သလို မတင်ပဲ တမင်သိမ်းပေးထားတဲ့ အသစ်ကလေးတွေလဲ ပါပါတယ်။ တစ်ခါတစ်လေကျရင် အဲလိုမတင်ဖြစ်အောင် တော်တော်သတိထားရပါတယ်။ ကိုယ်ကလည်း လုပ်မိရင်တင်ချက်ချင်းတင်ချင်တာကိုးနော်။ ဥပမာ ဇန္န၀ါရီ အတွက်ဆိုရင် ကျွန်မတို့က နိုဝင်ဘာလဆန်း လောက်ကတည်းက အပြီးသတ်ရတာမျိုးပေါ့။ ဘာရယ်မဟုတ်ပေမယ့် မဂဇင်းအတွက်ရော ဘလော့အတွက်ပါ အသစ်ကလေးတွေ ဖြစ်စေချင်တဲ့ ဆန္ဒလေးကြောင့် အဲလိုဟင်းလေးတွေကို သပ်သပ် ဖယ်ပြီးစာအုပ်ထွက်မှ တင်ဖြစ်နေတာပါ။ ဒါကကြုံလို့ ပြောပြတာပါ။ ဇန္န၀ါရီအတွက်လည်း ထွက်ပြီဆိုတော့ ကျန်သေးတဲ့ finger food လေးတွေကို တဖြည်းဖြည်းတင်ပေးမယ်နော်။
ခုချက်ပြမယ့်ဟင်းပွဲလေးကတော့ dim sum ဆိုင်တွေမှာရတတ်တဲ့
ကြက်ခြေထောက်ပေါင်းပါ။ နူးအိနေအောင် ပေါင်းထားတဲ့ ကြက်ခြေထောက်ဟာ အရသာတွေစိမ့်ဝင်နေတာကြောင့်
စားလို့ကောင်းလှပါတယ်။ ဆိုင်မှာမသွားပဲ အိမ်မှာအလွယ်တကူလုပ်စားနိုင်တဲ့ နည်းလေးတွေ့လာတာကြောင့်
ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်များ
- ကြက်ခြေထောက် ၁၂ခု
- ငရုပ်သီးအနီတောင့်ပွ တစ်တောင့်
- တရုပ်မဆာလာ လက်ဖက်ရည် ၁ဇွန်း
- ပဲငါးပိ စားပွဲဇွန်း ၁ ဇွန်း
- ကြက်သွန်မိတ် ၂ ပင်
- ဟင်းချက်ဝိုင် စားပွဲဇွန်း ၂ ဇွန်း
- ချင်း
ပြုလုပ်နည်း
- ပထမဆုံးကြက်ခြေထောက်တွေကို ရေဆေးပြီးဆီပူပူမှာ အရေခွံတင်းအောင်ကြော်ပါ
- နောက် ကြက်သွန်နီ၊ ချင်းဆီသတ်၊ ကြက်သားမှုန့်လက်ဖက်ရည် ၁ ဇွန်း၊ သကြား လက်ဖက်ရည် ၁ ဇွန်း နဲ့ တရုပ် မဆာလာကိုရောမွှေပါ။ ပဲငါးပိ နဲ့ ငရုပ်သီးအနီကိုလည်း ထည့်မွှေပေးပါ။
- ၂ မိနစ်လောက်ကြော်ပြီးရင် ရလာတဲ့ အနှစ်တွေကို ကြက်ခြေထောက်များပေါ်လောင်းထည့်ပြီး ပေါင်းအိုး (pressure cooker) မှာ နာရီဝက်ပေါင်းပေးပါ။
ဒါဆိုရင်တော့ နူးအိပြီး
အရသာရှိလှတဲ့ ကြက်ခြေထောက်ပေါင်း အဆင်သင့်ဖြစ်နေပါပြီ။
7 comments:
Dim sum စားတိုင်း မပါမဖြစ်တဲ့ ကြက်ခြေထောက်ပေါင်း Evy ရေး) ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နည်းလေးသိရတာကျေးဇူးဘဲနော်။ကြက်ခြေထောက်ပေါင်း
သိတ်ကြိုက်တယ်။အိမ်မှာလုပ်စားတော့အဝစားရတာပေါ့။
evy ဘလော့လေးလဲပိတ်လိုက်မှာစိုးရိမ်မိပါတယ်။ကိုယ်
သိတာလေးတွေကိုမျှဝေပေးနေတာကိုကျေးဇူးတင်လေးစားမိပါတယ်။
ကျေးဇူးပါ တီတင့်နဲ့ တီဦးရေ ။
ဒီကြက်ခြေထောက်ပေါင်းလုပ်နည်းက ထင်သလောက် မခက်ဘူးနော်။ စမ်းပြီး လုပ်စားကြည့်ပါဦးမယ်။ ဟင်းချက်နည်းလေး မျှဝေပေးလို့ ကျေးဇူးပါ မအိရေ။
မွန်မွန်
ကြက်ခြေထောက်ပေါင်းအရမ်းကြိုက်တယ် မကြာမကြာလဲလုပ်စားဖြစ်တယ်..သမီးရေ
သမီးရဲ့နည်းလေးလဲမှတ်သွားတယ်နော် အားတဲ့အခါလုပ်စားကြည့်ရမယ်
အလွန်ကြိုက်ပါတယ်။ စားမယ့်အဖေါ်တယောက်လောက်
ရှိရင်ကောင်းမှာ...
ကျေးဇူးပါ..လုပ်စားအုံ့းမယ်.. :)
Post a Comment