ကြက်သားကို ဆီများများလေးနဲ့ ချက်ထားပါတယ်
ခေါက်ဆွဲအတွက် Udon လို့ခေါ်တဲ့ ဂျပန်ခေါက်ဆွဲကိုသုံးပြီး ၊ ကြက်ဥ ကြက်သွန်၊ ပဲမှုန့်၊ ငံပျာရည် အချိုမှုန့် နဲ့ ကြက်သားထည့်သုပ်လိုက်ရင် နန်းကြီးသုပ်ရပါပြီ။

နန်းကြီးသုပ်နဲ့ တွဲပြီးသုံးဆောင်ဖို့ လက်ရည်ဖျော်လေးပါထည့်ပေးလိုက်ပါတယ်။ လက်ဖက်ရည်ကို ဗမာလက်ဖက်ရည်ပုံစံသောက်ချင်တဲ့အတွက် Lipton tea ကိုပဲပုံပြောင်းထားပါတယ်။
- လက်ဖက်ရည် ၂ ခွက်စာထက်နဲနဲပိုတဲ့ ရေနဲ့ Lipton tea စားပွဲဇွန်း ၂ ဇွန်းကို ဆားလေးပါလေကာမျှထည့်ကာရောကျိုပါတယ်။
- ပြီးရင် နို့ဆီစားပွဲဇွန်း ၃ ဇွန်း၊ နို့စိမ်း စားပွဲဇွန်း ၅ ဇွန်း နဲ့ထည့်ဖျော်လိုက်ရင် ဗမာအရသာအတိုင်း အရသာရှိလှတဲ့ လက်ဖက်ရည် ချိုစိမ့်လေးရပါပြီ။(အချိုလေးတာကြိုက်ရင် သကြားနဲနဲထပ်ထည့်လိုက်ပေါ့နော်)
3 comments:
နန်းကြီးလဲကြိုက်တယ် လက်ဖက်ရည်လဲကြိုက်တယ်
ခုချက်ခြင်းထပြီးလက်ဖက်ရည်ဖျော်နေပါပြီ
နန်းကြီးသုပ်လေးတော့ပါဆယ်ဆွဲခဲ့ပါတယ်ရှင်
နန်းကြီးသုပ်လေးကြည့်ပြီး သားရည်ကျသွားတယ် သမီးရေ ပြင်ထားတာစားချင်စရာလေး...
သိပ်လှတာပဲ အမြဲတမ်း သပ်ရပ်လို့နေတာပဲ။ Udon နဲ့ သုတ်တာထက် rice & water only ဆိုတာရေးထားတဲ့ Vietnam ဒါမှမဟုတ် တရုပ်ကလာတဲ့ ခေါက်ဆွဲအလုံးကြီးကြီးတွေကိုပြုတ်ပြီး သုတ်ရင် အပျံစားပဲ။
Post a Comment