Saturday, March 31, 2012

Home-made pizza

လွယ်မှလွယ်လွန်းလို့ လုပ်နည်းကိုရေးစရာကို မလိုသလောက်ပါဘဲ။ ဟိုတစ်လောက ပီဇာလုပ်စားချင်နေတာနဲ့ ပီဇာအောက်ခံသုံးတဲ့ ပေါင်မုန့်၊ ချိစ်၊ ကြက်အူချောင်းသေးသေးလေးတွေ (အထဲမှာ ချိစ်နဲ့ :D ) နဲ့ မှိုဝယ်လာလိုက်တယ်။ နောက်ကြက်သားအမွကြော်တွေလဲကျန်တော့ အတော်ပေါ့။

ခရမ်းချဉ်သီးအနှစ်ဘေ့စ်ကို ထပ်လဲမလုပ်ချင်တာနဲ့ ခရမ်းချဉ်သီးဆော့စ်နဲ့ သုံးတယ် (မရဘူးလို့ဘယ်သူပြောမလဲနော်) ။ ၀ယ်ပြီးရင်လဲ ကုန်မှာမဟုတ်တာသေချာလို့ ရှိတာနဲ့ပဲရအောင် သုံးလိုက်တယ်။ ပီဇာအပြားပေါ်မှာ ခရမ်းချဉ်သီးဆော့ခင်း၊ ကြက်သားအမွကြော်ထည့် မှိုထည့်၊ ကြက်အူချောင်းလှီးထည့်၊ ချိစ်ဖြူးပြီး ၂၀၀ ဒီဂရီအာဗင် မှာ ၁၅ မိနစ်လောက်ကင်ရင်ရပြီ။ ပညာသားမပါသော ပီဇာပါနော်။

မဖုတ်ခင်
စားရန်အသင့်ပါ

I can't believe I wrote a total of 10 posts for this month , which is considered quite a number of posts for me. Usually I can manage to write up to 5 posts per month (max) for the past whole year. Anyway, this is going to be my final post of the month :-).  

Here I present my simple home-made pizza which I didn't really use the proper ingredients especially the tomato sauce. I didn't feeling like making the base sauce at home or buying from store as I knew I am not going to finish it in either way. Moreover, I am a not a big fan of pizza and I know that I am not going to make it very soon too. So, I've decided to use whatever tomato sauce available at home. I used store bought pizza crust and the preparation is extremely simple. Just spread the sauce over the whole surface ,lay all the ingredients such as shredded chicken, button mushrooms, sausages and finally the shredded cheese and bake @200 degree for 15 to 20 mins. And that's done. Simple, fast and delicious.

Wednesday, March 28, 2012

ဂျုံပူတင်း / Egg Pudding (with flour )


ဒီတစ်ပတ်ကတော့ ပူတင်းအပတ်လို့ ပြောရလောက်အောင်ပဲ တခြားဘလောဂါ (မြန်မာမဟုတ်)တွေလဲ ပူတင်းမျိုးစုံကို တင်နေကြတာတွေ့ပါတယ်။ ဒီပူတင်းကတော့ ဖေ့စ်ဘွတ်ထဲက သူငယ်ချင်း အိသက်ရဲ့နည်းလေးနဲ့လုပ်တာပါ။ ဂျုံပါတော့ သိပ်သိပ်သည်းသည်းလေးနဲ့ စားလို့ကောင်းပါတယ်။  ကျွန်မကိုယ်တိုင်လဲ အရင်တုန်းက လုပ်ခဲ့ဖူးပါတယ်။ ဒါကတော့ ဂျုံမပါတဲ့နည်းပေါ့။ သိပ်မသိပ်သည်းပဲ ပေါ့ပေါ့ပါးပါးလေးပါ။ ပြီးတော့ မွှေစက်နဲ့ တအားမွှေထားတော့ မုန့်သားကချောမွတ်ပါတယ်။ စိတ်ဝင်စားရင် ဒီမှာ ကြည့်ပါ။

ကျွန်မကိုယ်တိုင်ကတော့ ခုလုပ်တဲ့ အိသက်ရဲ့ နည်းကို ပိုပြီး နှစ်သက်မိပါတယ်။ ခပ်သိပ်သိပ်ကို ကြိုက်တဲ့ ကျွန်မအတွက်အတော်ပါပဲ။ လုပ်နည်းလေးကို သူ့အတိုင်းပဲ ပြန်ကူးပေးလိုက်ပါတယ်။
ကျွန်မကတော့ တစ်ယောက်စာပဲလုပ်စားတာမို့ အချိုးအစားတွေအားလုံးကို ၃ ပုံ ၁ပုံလျော့ထားပါတယ်။


ပါဝင်ပစ္စည်းများ( ၆ခွက်စာ)/ Contents (6 servings)
  • ကြက်ဥ ၆ လုံး
  • ဂျုံမှုန့် ၃ဇွန်း(စားပွဲတင်ဇွန်း)
  • သကြား ၄ဇွန်း
  • ဆား ဇွန်းတဝက်( အချိုစားဇွန်း)
  • ဗနီလာနံ့ ၁စက်(မပါလဲရ)
  • နွားနို့ 750 ml 
အားလုံးကိုရောမွှေပြီး ပျစ်လာအောင်မီးပေါ်မှာ ကျိုပေးပါ။ ကျွန်မကတော့ ခပ်မာမာလေးကြိုက်လို့ တော်တော်လေးပျစ်ခဲသွားတဲ့ အထိကျိုတယ်။ ပြီးရင် ၁၅၀ ဒီဂရီမှာ ၁ နာရီလောက်ဖုတ်ပေးရင်ရပါပြီ။



Hi there, apologies to those non-Burmese friends for not writing in English for so long. Some of you might even wonder what kind of language am I using where you see many "square boxes" or a kind of "alien letters" when you accidentally visit my blog :D. Yeah, knowing about that and yet I still feel lazy to write in English which results in diverting all my post into my native language, Burmese.  Anyway, I will try to post them in both languages as much as I can as I also want to have some connections with other non-Burmese bloggers as well.

Here is the recipe adapted from my cooking pal, Ei Thet.

  • 6 Eggs
  • 3 Tbsp of flour
  • 4 Tbsp of Sugar
  • 1/2 tsp of salt
  • a drop or two of vanilla
  • 750 ml of milk
Just blend all the ingredients mentioned above and boil it until a ribbon like stage. Then transfer to baking tin ( greased) and bake for an hour or until the tester comes out clean. Enjoy!

 **I love the firm texture as a result of tweaking the recipe by adding a little bit of flour.I prefer to chill it before serving and that's simply delicious.

Sunday, March 25, 2012

အနောက်အတိုင်းအစားအစာ လုပ်စားကြမယ် - Chicken Cordon Bleu





ပြီးခဲ့တဲ့၂ပတ်ကျော်  NTUC ကိုအသွားမှာ ဟင်းချက်စာအုပ် ၂ အုပ်တွေ့လို့ သဘောကျပြီး ၀ယ်လာခဲ့ပါတယ်။ ချက်စရာတွေကများနေတာနဲ့ ဒီနေ့မှဘဲ လုပ်စားဖြစ်တယ်။ နေ့လယ်စာ ကြက်သားလိပ်ပေါ့ လွယ်ကူမြန်ဆန်ပြီး အရသာရှိသော အနောက်တိုင်းအစားအစာ တစ်မျိုးပါ။ ဒီလိုလုပ်နည်းကို လွန်ခဲ့သော ၃ နှစ်လောက်က အစားအသောက်အစီအစဉ်တစ်ခုမှာ တွေ့ဖူးသေးတယ်။ အဲဒီတုန်းကတည်းက လုပ်စားချင်နေတာ ခုမှအကောင်အထည်ဖော်ဖြစ်တယ်။
 




တစ်ယောက်စာအတွက် ကြက်ရင်ပုံသား တစ်ခု၊ ကြက်သား (သို့) ၀က်သားနဲ့ လုပ်ထားတဲ့ ham ၊ ခြစ်ပြီးသား ချိစ်လေးတွေနဲ့ အပေါ်မှာ ကပ်ဖို့ ပေါင်မုန့်ကြွပ်အခြောက်မှုန့်လေးတွေလိုပါတယ်။ အိမ်မှာတော့ ကြက်သားပဲစားတာမို့ chicken ham ကိုပဲသုံးပါတယ်။

ပထမဆုံးကြက်ရင်ပုံကို အိပ်တစ်ခုထဲထည့်ပြီး ပြားသွားအောင်ထုပေးပါ။ ပြီးမှ ဆား၊ ကြက်သားမှုန့်၊ငရုပ်ကောင်း ဖြူးပြီး ham၊ ချိစ်ထည့်ပြီးလိပ်ပေးပါ။ လိပ်ထားပြီးသားကြက်သား ကွဲမထွက်အောင် သွားကြားထိုးတံလေးတွေနဲ့ ထိုးထားလိုက်ပါ။ ပြီးရင် ဂျုံနဲ့ လူး။ ကြက်ဥခေါက်ထားတာထဲ ထည့်၊ နောက်ဆုံးမှ ပေါင်မုန့်ကြွပ်ကပ်ပေးပြီး ၂၀၀ ဒီဂရီ အာဗင်မှာ ၂၅ မိနစ်ကင်ပါ

 ဆော့အတွက်ကို ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဂျုံ စားပွဲဇွန်းမောက်မောက် ၁ ဇွန်ကို ရေကျဲကျဲနဲ့ ဖျော်ပြီး ပျစ်လာအောင်တည်ပေးပါ။ ဆားနဲနဲထည့်ပြီး ထောပတ် လက်ဖက်ရည်၁ ဇွန်းကို ချကာနီးမှာ ထည့်မွှေပေးရင်ရပါပြီ


Friday, March 23, 2012

ဟင်းနုနယ် ကြက်သားအစပ်ကြော်



ဒီတစ်ပတ်ကတော့ ဟင်းသီးဟင်းရွက်အပတ်ပါပဲ။ အရွက်ကြော်တွေချည်းပဲ။ ခုတစ်ခါတော့ အရမ်းကို စားလို့ကောင်းတဲ့ ဟင်းနုနယ်ကြော်လေးပါ။ ကြက်သားအမွကြော်  ၊ ဟင်းအနှစ်ပိုတာလေးတွေကို အသုံးချထားတာပါ။ အိမ်မှာ ဟင်းအနှစ်တွေ ပိုနေရင် မသွန်ပြစ်လိုက်နဲ့နော် ။ ဒီလိုသုံးလို့ရတယ်။ ဒါကတော့ တစ်ယောက်စာ ဟင်းနုနယ် အထုပ်တစ်ဝက်ကို သုံးတာပါ။ ကြော်ချင်တဲ့ ပမာဏကို လိုက်ပြီး ဟင်းအနှစ်ကို လိုတိုးပိုလျော့လုပ်ပါ။





  1. ပထမဆုံး ဟင်းနုနယ်တွေကို ချွေထားပြီး ရေဆေးထားလိုက်ပါ
  2. ဆီ စားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူ ၁ မွှာကိုဆီသတ်ပေးပါ
  3.  ပြီးရင် ဟင်းနုနယ်လေးတွေကို ထည့်ကြော်ပေးပါ။ တစ်ဆက်တည်းမှာပဲ ခရုဆီ လက်ဖက်ရည် ၁ဇွန်းကို ထည့်မွှေပေးပါ။ ပြီးရင်ရေလဲနဲနဲထည့် အဖုံးအုပ်ထားပါ။
  4.  နောက်ဆုံး ကြက်သားအမွကြော် ၁ ဇွန်း။ ငရုပ်သီး နဲ့ ဟင်းအနှစ် ၁ ဇွန်းကို ထည့်မွှေပေးပြီး ၂ မိနစ်လောက်ကြော်ပေးရင် ရပါပြီ 
  5.  

 ထမင်းဖြူဖြူလေးနဲ့စားရင် သိပ်ကောင်းပါတယ်။ လုပ်ရတာလဲလွယ်ပြီး အရသာရှိသော ဟင်းရံတစ်ခွက်ပါ။

Thursday, March 22, 2012

ကြက်သားကိုက်လံကြော်


တရုပ်ကိုက်လံကို ဗမာနည်းနဲ့ ရောမွှေထားတဲ့ အကြော်တစ်မျိုးပါ။ကြိုက်ကြမယ်လို့ထင်ပါတယ်။ကိုက်လံက နဲနဲသက်တဲ့အရသာရှိပေမယ်လို့ကြက်သားအမွကြော်နဲ့ရောကြော်ထားတာကြောင့် တော်တော်စားလို့ကောင်းနေပါတယ်။ ကျွန်မက ညနေစာကို ထမင်းသိပ်စားလေ့ပဲ ဒီလိုအသီးအရွက်ကြော်တို့ သစ်သီးတို့တွေစားလေ့ရှိပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားရင်လည်း ကောင်းပါတယ်။

ကြက်သားကြော်ကတော့ အရင်ကလည်း ရေးဖူးတာမို့ ဒီပို့စ်ကို ပဲဖတ်ကြည့်လိုက်ပါ။  






ကိုက်လံ ၃၊ ၄ ချောင်းလောက်ကို ဆေးကြောပြီး အပိုင်းလေးတွေလှီးဖြတ်ထားပါ။
ခရုဆီ စားပွဲဇွန်းတစ်ဇွန်းကို ရေနဲနဲ နဲ့ ထည့်ဖျော်ထားပါ။
ပထမဆုံး ဆီစားပွဲဇွန်း ၁ဇွန်းလောက်ကို ပူအောင်တည်ပြီး ကိုက်လံအရိုးတွေကို အရင်ထည့်ကြော်ပေးပါ။ ရေနဲနဲတောက်  အဖုံးအုပ်ပြီး ၁မိနစ်လောက် ကြော်ပေးပါတယ်။ နောက်မှကိုက်လံ အရွက်တွေထည့် ကြက်သား အမွကြော် ၂ ဇွန်းထည့်။ ခုနက ခရုဆီရေဖျော်ထားတာ နဲ့ ဆား၊ အချိုမှုန့် အနဲငယ် ထည့်ပြီး ၃ မိနစ်လောက်ကြော်ပေးရင်ရပါပြီ။ ဗမာ့နည်း ဗမာ့ဟန်ကိုက်လံကြော်ပေါ့။

Saturday, March 17, 2012

မွှေစက်မသုံးတဲ့ စတော်ဘယ်ရီကိတ်



ဒါတွေချည်းပဲထပ်ကာထပ်ကာလုပ်နေတာပဲလို့တော့ ထင်ကြတော့မယ်။ ဟုတ်လည်းဟုတ်ပါရဲ့ ခုတစ်လောမုန့်တွေပြန်လုပ်ဖြစ်နေတယ်။ အိမ်က အိမ်ဦးနတ်ကြီးက ခရီးသွားတာ ပြန်မရောက်သေးတော့ ဟင်းလည်း မချက်ဖြစ်၊ ထမင်းလဲမချက်ဖြစ်နဲ့ အားတာနဲ့ စိတ်ထဲပေါ်သမျှမုန့်ကို ထလုပ်တော့တာ။ ဖြစ်ချင်တော့ စိတ်ထဲဆက်တိုက်ပေါ်တာက butter cake ဖြစ်နေတယ်။ မုန့်လုပ်တဲ့ အချိန်တွေကလည်း ညဘက်ကြီးတွေ၊ ၈နာရီ တစ်ခါတစ်လေလဲ ည၉နာရီလောက်။ တခြားအလုပ်ကိစ္စတွေရှိနေပေမယ့်လို့ မုန့်မလုပ်ရရင်ကို မနေနိုင်တော့လည်း ပင်ပန်းတဲ့ကြားကနေလုပ်ဖြစ်နေတော့တာ။

ဒီတစ်ခါလည်း လုပ်နေကျ အတိုင်းအဆကို  ထက်ဝက်ဝက်လိုက်တယ်။ ဒါတွေသာ အကုန်စားရရင်လဲ မချောင်ဘူးလေ။ ချထားသောဝိတ်ကလေး အမြန်နှုံးနဲ့ ပြန်တက်သွားမှာစိုးလို့ မုန့်အချိုးအစားကို လျော့၊ ဖုတ်ပြီးသားမုန့်ကို ၅ ရက်လောက်စားနဲ့ ဟုတ်နေတာပဲ။ နဂိုထဲက ၀ချင်ရက်လက်တို့ လို့တောင်ပြောရမလိုပဲ ရေသောက်ပြီးတောင် ၀ရင် ၀နေတာမျိုးလေ။ ၀လာရင်လဲ နေရထိုင်ရက ကျပ်ပြီးစိတ်ကတယ်မရှည်ချင်လှဘူး

အဲလောက်ကြောက်နေတဲ့ကြားထဲက ကြောက်ကြောက်နဲ့လုပ်ထားသောမုန့် :D ။  ပမာဏကို ထိန်းလို့ရအောင်လို့ သေးသေးလေးတွေလုပ်လိုက်တယ်။ တစ်ခါစား ၂ ခု။ စတော်ဘယ်ရီမုန့် ဖြစ်သွားရခြင်း အကြောင်းကတော့ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အိမ်လာလည်ရင်းနဲ့ ၀ယ်လာတဲ့ စတော်ဘယ်ရီတွေပိုနေတာ ဒီ့ထက်ကြာရင် ပျက်တော့မယ်။ အဲဒီတော့ waste management ပေါ့လေ စတော်ဘယ်ရီကို နွားနို့နဲ့ရောပြီး ချေထည့်လိုက်တော့ စတော်ဘယ်ရီကိတ်ပေါ့။ ဒီတစ်ခါတော့ ပမာဏနည်းတော့ စက်မသုံးပဲ လက်သုံးပြီးမွှေပါတယ်။ တော်တော်တော့ မွှေလိုက်ရတယ်။ အိမ်မှာ မွှေစက်မရှိသေးတဲ့ သူများ လိုက်လုပ်လို့ အဆင်ပြေမယ်ထင်ပါတယ်။




လုပ်နည်း (ကိတ်မုန့် သေးသေးလေး ၈ခုနဲ့ mini pound ကိတ် ခပ်ပြားပြားလေးတစ်ခုစာရပါတယ်)

ပါဝင်ပစ္စည်းများ
  • ဂျုံ ၇၅ ဂရမ်
  • baking powder 1/2 teaspoon
  • သကြား ၆၅ ဂရမ်
  • ထောပတ် ၄၅ ဂရမ်
  • နွားနို့် ၂၅ မီလီလီတာ
  • ကြက်ဥ ၁လုံး

မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။
စတော်ဘယ်ရီ ၄၊ ၅ လုံးကိုချေပြီး ခုနကနွားနို့ထဲရောမွှေထားလိုက်ပါ။

ကဲမုန့်စဖုတ်မယ်နော်

ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေတံလေးနဲ့ မွှေပေးပါ
 
အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
ခုနကဂျုံအရောကို ၂ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။

လိုချင်တဲ့ ပုံစံခွက်လေးထဲထည့်ပြီး ၁၇၀ အာဗင်မှာ မိနစ် ၂၅ မိနစ်လောက်ဖုတ်ရင်ရပါပြီ။


မီနီဆိုဒ်ကလေး



 မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ

Wednesday, March 14, 2012

Red Velvet Cupcakes


ဟိုတနေ့က အရင်တုန်းက ရိုက်ထားတဲ့ပုံတွေကို ဟိုမွှေဒီမွှေလျောက်ကြည့်ရင်း ဒီပုံလေးတွေထွက်လာပါတယ်။ အဲဒီတော့မှ ဒီမုန့်လေးကို ဘလော့ပေါ်မှာ မတင်ရသေးမှန်း သတိပြန်ရတယ်။ ဟင်းချက်တဲ့ ပုံတွေကလည်း တဖြည်းဖြည်း များလာလိုက်တာ ကွန်ပြူတာထဲမှာ မဆံ့သလောက်ဖြစ်နေလို့ အပြင်က Hard disk တစ်ခုဝယ်ပြီး ထည့်ရတဲ့ အထိပါပဲ။  ဟင်းပုံအပြင် ကိုယ့်ပုံကိုယ်ရိုက်တာလဲ ၀ါသနာပါလေတော့ ပြီးရောပေါ့။


ဒီမုန့်လေးက သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့အတွက်လုပ်တာပါ။ လွန်ခဲ့သော ၆လခန့်ကထင်တာပဲ။ ကျွန်မကလဲ မုန့်လုပ်ရင် ချောကလက်မုန့်ကိုပဲ လုပ်ချင်တယ် (ကြိုက်တာကိုးနော်) ဒါပေမယ့်လည်း ချောကလက် အမဲရောင်တွေပဲ ထပ်နေလို့ အသစ်အဆန်းဖြစ်မယ်ထင်တဲ့ အနီရောင်မုန့်ကို လုပ်လိုက်တာပါ။ ဒီမုန့်နဲ့လိုက်ဖက်တဲ့ အတွဲကတော့ ခရင်မ်ချိစ် topping ပါ။  အဲဒီတစ်လောက Mini Muffin ဗန်းလေးဝယ်ထားတာ သဘောကျလို့ အဲဒီဗန်းသေးသေးလေးတွေနဲလုပ်ဖြစ်
နေတာ။ အပေါ်က ခရင်ချိစ်ကို နှင်းဆီပွင့်ပုံဖော်ချင်တာ မအောင်မြင်ဘူး ဖြစ်သွားတယ်။ နဲနဲပျော့သွားလို့ လိုချင်တဲ့ပုံမထွက်တာ။ နောက်မှ ထပ်စမ်းကြည့်မယ်လို့ အားခဲထားပါတယ်။

လုပ်နည်း

  • ဂျုံ ၁၂၅ ဂရမ်
  • ကိုကိုးမှုန့် ထမင်းစားဇွန်း၁ဇွန်း
  •့ baking powder 1/4 tsp
  • salt 1/4 tsp
  1. ဒါတွေအားလုံးရောမွှေထား။
  2. ပြီးရင် ၁၂၀ မီလီလီတာ နို့နဲ့ အနီရောင်ဆေးစားပွဲဇွန်း၁ဇွန်းကိုရောမွှေထား
  3. ထောပတ် ၆၀ဂရမ်နဲ့ သကြား ၁၅၀ဂရမ်ကိုပွလာအောင်ခေါက်ပေးပြီး ကြက်ဥအကြီး၁လုံးထည့်မွှေပါ။ ဗနီလာနံ့လေးလဲထည့်လိုက်ပါဦး။ ပြီးမှခုနက ဂျုံအရောနဲ့ နို့အရောကို တလှည့်စီထည့်မွှေပေးပါ (ဂျုံ ၊ နို့ ၊ ဂျုံ) ဖြစ်ရပါမယ်။ ပြီးရင် ၁၇၀ ဒီဂရီ အာဗင်မှာ မိနစ် ၂၀လောက်ဖုတ်ပေးပါ၊
  4. နောက်ဆုံးမှ ခရင်မ်ချိစ်+သကြား ရောမွှေထားတဲ့ topping နဲ့အလှဆင်ပေးပါ။

Sunday, March 11, 2012

ခေါက်ဆွဲကြော်

ဒါလည်းပြီးခဲ့တဲ့ တစ်ပတ်ကလုပ်စားသောခေါက်ဆွဲကြော်ပါပဲ။ သူငယ်ချင်းတစ်ယောက်နဲ့ အတူကြော်ကြတာပါ။ ဗမာပြည်က ခေါက်ဆွဲကြော်အလွမ်းပြေပေါ့။ ကြော်နည်းကလည်း လွယ်လွယ်လေးပါပဲ။

ပထမဆုံးခေါက်ဆွဲ အထုပ်တစ်ဝက် (ဒီမှာ NTUC မှာရောင်းတဲ့ ခေါက်ဆွဲအ၀ါပါ) ကို ရေဆူဆူမှာ ၂ မိနစ်လောက်ပြုတ်လိုက်တယ်။ မဟုတ်ရင် ဆိုဒါနံ့တွေနံတယ်လို့ခံစားရလို့။ နောက် ကြက်သားသေးသေးလှီးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပျာရည်နဲ့ နှပ်ထားတာကို ကြော်ပြီးဆယ်ထား။ ပုဇွန်ကိုလည်းကြော်ပြီး ဆယ်ထား။

ပြီးရင် ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာကို ဆီသတ်၊ ပုဇွန်သေးသေးလေးတွေလှီးထားတာကို ထည့်။ ပြီးရင်  ဟင်းရွက်အစုံကိုထည့်၊ ခရုဆီ၊ ဆား၊ အချိုမှုန့်၊ ပဲငံပျာရည်ထည့် ၂မိနစ်လောက်ကြော်။ ခုနက ကြော်ထားတဲ့ ပုဇွန်၊ ကြက်သားကိုထည့်။ နောက်ဆုံးမှ ခေါက်ဆွဲကိုထည့်ပြီး ရေလေး နဲနဲထည့်၊ ခဏကြော်ပေးလိုက်ရင် ရပါပြီ။ မေ့လို့ တရုပ်နံနံလေးကိုလည်း ချခါနီးမှာ အုပ်လိုက်သေးတယ်။ ဒါဆိုရင် ရပြီပေါ့။

Saturday, March 3, 2012

Strawberry Chocolate Marble Cake

အကြိမ်ကြိမ် အခါခါလုပ်ပြီးသားမို့ရိုးနေပြီ ထင်ပါရဲ့။ ဘာရယ်မဟုတ် ပုံလေးတွေကို သဘောကျလို့ ထပ်ရှယ်လိုက်တာပါ။ မသိသေးတဲ့ သူတွေအတွက် အသစ်ပေါ့။ လုပ်နည်းကိုတော့ ထပ်မရေးတော့ဘူးနော်။ ဒီလင့်မှာ အရင်တုန်းကဟာကိုပဲ ပြန်ကြည့်လိုက်ပါ။ အဲဒီအတိုင်းပါပဲ။ ကိတ်မုန့်မကြိုက်သူ စတော်ဘယ်ရီမှ ကြိုက်သူတစ်ယောက်အတွက် စတော်ဘယ်ရီကို စတိလေးထပ်ထည့်ထားတယ်။ အဲဒါတောင်မှ အတင်းကျွေးရတယ်ရှင်။ April နောက်ပိုင်းမှပဲ နည်းသစ်လေးတွေ ထပ်လေ့လာပြီး တင်ပါဦးမယ်။ ခုလောလောဆယ်တော့ ရှိသမျှ ကိတ်အဟောင်းလေးတွေကို ပြန်လုပ်ထားတာလေးတွေပဲ သည်းခံစားကြပါဦး။

အဲဒီထဲမှာပါတဲ့ ခြင်းလေးကို သဘောကျလို့ဝယ်လာတာ။ ကိတ်မုန့်လေးထည့်ပြီး အလှဆင်လိုက်တယ်။ ခြင်းလေးက မြင့်နေတော့ အထဲကမုန့်ကိုတောင် သေချာမမြင်ရတော့ဘူး။

Thursday, March 1, 2012

ခရင်မ်ချိစ် ဆွစ်ရိုးနဲ့ အုန်းနို့ခေါက်ဆွဲ



ချိုချို အီအီဆိမ့်ဆိမ့် swill roll စားချင်တယ်ဆိုရင်တော့ ဒါကအဲဒီ အရသာအပြည့်ပါတဲ့ မုန့်လေးပေါ့။  ဟိုတစ်နေ့က သူငယ်ချင်း တစ်ယောက်လာလည်မှာမို့ လုပ်ထားတာလေးပါ။ အီတဲ့ ဖက်ကို ပိုရောက်ပါတယ် ။ ကျွန်မအတွက်တော့ နဲနဲချိုလွန်းတယ်။ မအီခံနိုင်လားနော် ကိတ်မုန့်အချိုကိုမှ Cream Cheese အစာသွပ်ထားတာကိုး။ အဲဒီနေ့က လာလည်တဲ့ သူငယ်ချင်းကို အုန်းနို့ခေါက်ဆွဲကျွေးတယ်။ ဒါ့အပြင် ဒီမုန့်နဲ့ ကော်ဖီနဲ့ အစာပိတ်ဆိုတော့ အဲဒီအစ်မတော့ ဘယ်လိုနေမယ်မသိ ကျွေးတဲ့ လူကတော့ မျက်လုံးတောင် သိပ်မပွင့်တော့ဘူး :D :D ။ ဘလော့လာလည်တဲ့ သူများကိုလည်း အဲလိုဖြစ်အောင် ၂ ခုလုံးကျွေးပါမယ် ။

ထုံးစံအတိုင်း လုပ်နည်းလေးကြည့်လိုက်ရအောင်။ မခက်ပါဘူးနော်။

ကိတ်မုန့်လုပ်နည်း

  • ကြက်ဥ  ၁၂၆ ဂရမ် - ဒီတစ်ခါ ၃ လုံးထည့်တယ်
  • သကြား ၅၀ ဂရမ်
  • ပျားရည် ၁၉ ဂ၇မ်
  • ဂျုံ ၅၀ ဂရမ်
  • ပွဆေး လက်ဖက်ရည် ဇွန်းထက်ဝက်
  • နို့ ၁၉ ဂရမ်
  • ဆီ ၁၂ ဂရမ် 

(အိမ်က ဗန်းက ၁၀လက်မ x ၁၀လက်မဗန်းပါ)

  1. သကြား၊ ကြက်ဥ၊ပျားရည် ရယ်ကိုရောပြီး ribbon like stage ရောက်တဲ့အထိ မွှေပေးပါ။
  2. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုထည့်ပြီး သမအောင်မွှေပေးပါ။
  3. နောက်ဆုံးမှ ဆီ+ နို့ကိုရောမွှေပြီးထည့်ပေးပါ။ အရောင်နဲ့ အနံ့အတွက် ဗနီလာ (လက်ဖက်ရည် ဇွန်း ထက်ဝက်) နဲ့ အနီရောင်ဆိုးဆေး ၁စက်လောက်ကိုထည့်ပြီး ရောမွှေပါ။
  4. ၁၈၀ ဒီဂရီမှာ ၈မိနစ်ဖုတ်ရင်ရပါပြီ။ 
  5. မုန့်ကို ဖိုကထုတ်ပြီးတာနဲ့ တပြိုင်နက်ဗန်းထဲက ထုတ်ပြီးအအေးခံပါ
  6. အေးသွားတာနဲ့မုန့်ဖုတ်စက္ကူနောက်တစ်ခုပေါ်ကိုမှောက်ချ။ မုန့်မှာကပ်နေတဲ့ စက္ကူကိုခွာ။  ခရင်မ်ကို သုတ်ပြီး ဖြည်းဖြည်းချင်းလိပ်ယူပါ . မုန့်က သိပ်နူးညံ့တာမို့ သတိထားပြီးလိပ်ယူပါ. ဒါဆိုမုန့်လေးတစ်ခုရပြီပေါ့။
ribbon like stage ဆိုတာ ဒီလိုအနေကို ဆိုလိုတာပါ
မုန့်မဖုတ်ခင်
သုံးတဲ့ Cream Cheese
့  Cream Cheese ရယ်သကြားရယ် ချောကလက် အနည်းငယ်ကို မွှေထားတာ (မအီခံနိုင်မလားနော်)
မုန့်လှီးတာ နဲနဲ မသပ်မရပ်ဖြစ်သွားတယ်
အုန်းနို့ခေါက်ဆွဲ။ လုပ်နည်းတော့ မရေးတော့ပါဘူး။ အားလုံးချက်တတ်ပြီးသားဖြစ်မယ်ထင်ပါတယ်နော်။