Sunday, January 20, 2013

ကြက်ဥကြော်သုပ်


ဒီဟင်းလေးကတော့ ယိုးဒယားစာအုပ်တစ်အုပ်ထဲကနေ မီငြမ်းထားတာပါ။ လုပ်ရတာလဲ မခက်တာမို့ စမ်းကြည့်ပြီး တင်လိုက်ပါတယ်။ ဟင်းမရှိတဲ့ အချိန်အတွက် အသုံးဝင်မယ်ထင်ပါတယ်။

  • ကြက်ဥ ၃ လုံးကို ကြော်ထားပါ နောက်ခပ်သေးသေးလှီးထားလိုက်ပါ)
  • ခရမ်းချဉ်သီးအသေး (cherry tomato) ၁၀လုံးကို ထက်ခြမ်းခြမ်းထားပါ
  • ကြက်သွန်မိတ်၁ ပင်ကို လက်တစ်ဆစ်ခန့လှီးပါ
  • ကြက်သွန်နီဥကြီး တစ်လုံးကိုပါးပါးလှီး
  • ငရုပ်သီး ၄ တောင့် (သေးသေးလှီး)
  • ပုဇွန် ၄ ကောင် (ရေနွေးဖျောပြီး နုတ်နုတ်စဉ်းထားပါ)
  • အဲဒါတွေအားလုံးကို ဆော့နဲ့ အသာရောနယ်လိုက်ရင် ချဉ်ငံစပ်အရသာရှိလှတဲ့ ကြက်ဥကြော်သုပ်ရပါပြီ

*********************
ဆော့အတွက်
သံပုရာရည် စားပွဲဇွန်း ၃ ဇွန်း
ငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ထန်းလျက် လက်ဖက်ရည်၁ဇွန်း (ညက်ညက်ထောင်း)


2 comments:

Thamee Su said...

အဆင်ပြေတယ် အစ်မရေ ဟင်းမချက်ချင်တဲ့နေ့ ဒီလိုအသုတ်လေးသုတ်ရမယ်

ချော (အစိမ်းရောင်လွင်ပြင်) said...

ဟင်းလေးက ချစ်စရာ စားချင်စရာလေး
အမလေးနော် ထမင်းအတော်မြိန်မှာ