Thursday, August 15, 2013

"လွယ်ကူဆန်းသစ်သောမုန့်လုပ်နည်းများ "စာအုပ်



EVY's Kitchen ရဲ့ ချစ်မိတ်ဆွေများကို စာအုပ်ထွက်တဲ့ အကြောင်းသတင်းကောင်းလေးပါးချင်ပါတယ်ရှင်။
ဒါလေးက EVY's Kitchen ရဲ့မှတ်တိုင်လေး တစ်ခုဆိုရင်လည်း မမှားပါဘူးနော်။ FOOD Magazine မှ စုစည်းတင်ဆက်မှုပြုလုပ်လိုက်တဲ့ စာအုပ်လေးပါ။

မုန့်လုပ်နည်းသီးသန့် ဖြစ်တာကြောင့် မုန့်ဖုတ်ဝါသနာတူ မိတ်ဆွေများ သဘောကျနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မုန့်လုပ်နည်း တော်တော်များများကိုလည်း ထုံးစံအတိုင်း ပုံအဆင့်ဆင့်နှင့်တကွ ဖော်ပြထားပြီး website မှာ မဖော်ပြရသေးတဲ့ မုန့်လုပ်နည်း အသစ်များလည်း ပါဝင်ပါတယ်ရှင်။ ဒါ့အပြင် မုန့်လုပ်ရာမှာသတိထားရမယ့် ဆောင်ရောင်ရှောင်ရန်များကိုလည်း ထည့်သွင်းဖော်ပြပေးထားတာမို့ အဆင်ပြေမယ် ထင်ပါတယ်။

စာအုပ်ကတော့ ဒီနေ့မှာ စတင်ဖြန့်ချီပြီး ရန်ကုန်က စာအုပ်ဆိုင်တိုင်းနဲ့ City Mart တိုင်းမှာရနိုင်ပါတယ်။
နယ်မှ မှာယူလိုသူများအတွက်တော့ FOOD Magazine တိုက်ကိုပဲ ဆက်သွယ်နိုင်ပါတယ်။

9 comments:

Anonymous said...

မုန့် လေးတွေလှဆို မုန့် လုပ်တဲ့သူကလည်းလှတာကိုး။
အိုင်အိုရာ

Cameron said...

Food Magazine လစဉ်မှာပါပြီးသားပေမယ့် တစုတစည်းထဲပြန်ကြည့်ရတာလွယ်ကူအောင် ဒီစာအုပ်လေးကိုလဲ အားပေးချင်တာနဲ့ မနေ့ကပဲ စီးတီးမတ်က၀ယ်လိုက်ပါတယ်..း)

Aunty Tint said...

မုန့်လုပ်တဲ့သူရဲ့ ရုပ်ရည်ရူပကာကိုမြင်ရုံနဲ့တင်
မုန့်ရဲ့အရသာကို ခန့်မှန်းလို့ရပြီ Evy ရေ..
ဒီကနေ့ လမ်းထိပ်က FMI City mart ကိုသွားမှာနဲ့ အတော်ပဲ ...အမြဲအားပေးနေပါတယ် :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Hi Evy,

Where would I purchase your cooking book if I live outside of Myanmar?

I now live in California with no clue of how to cook or bake or fry. Please help.

Ma Hla Khin

Evy said...

Hi Ma Hla Khin,

You can directly contact FOOD Magazine as this book is arranged by them. They send to oversea too..Here is their FB page. Pls just send the msg and they will help you. Thanks for your interest in my book. https://www.facebook.com/pages/FOOD-Magazine/415155881844290

Anonymous said...

ဟုတ်ပါ. တကယ်ပါဘဲ အိုင်အိုရာပြောသလိုဘဲ မုန်.လေးတွေလှသလို မုန်.လုပ်တဲ.သူကလဲ လှလိုက်တာဆိုတာ။ ရန်ကုန်ရောက်ရင် စာအုပ်ဝယ်ပြီးအားပေးမယ်နော်။

Evy said...

ကျေးဇူးတင်ပါတယ်နော် :)

Anonymous said...

Thank you Evy. I will contact Food magazine via Facebook as you instructed me to do so.
Thanks again...

Ma Hla Khin

Htet said...

မန်းလေးကဆိုတော့ဘယ်လိုမှာရမှာလဲ