ချက်နည်းလေး ကြည့်ကြရအောင်
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံ တစ်ခု (သေးသေးလှီးပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပျာရည် အနောက်အနည်းငယ်နှင့် ၁၀မိနစ်ခန့်နှပ်ထားပါ)
- ကြက်သွန်မိတ် ၁ ပင် (လက်တစ်ဆစ်ခန့်လှီးထားပါ)
- မုန်လာဥနီ တစ်ဝက် (သေးသေးလှီးထားပါ)
- ကြက်သွန်နီ (လေးစိတ်စိတ်ထားပါ)
- ချင်း အနည်းငယ် (ဓါးပြားရိုက်ထားပါ)
- ကြက်သွန်ဖြူ ၂ မွှာ (ခပ်ရှည်ရှည်လေး လှီးထားပါ)
- ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးပြီး ငရုပ်သီးထည့်ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။
- ထိုဆီကိုပဲသုံးကာ ကြက်သားများကို ထည့်ပြီး အပေါ်ယံတင်းလာအောင် ၃မိနစ်ခန့်ကြော်ပြီး ဖယ်ထားလိုက်ပါ
- ထို့နောက် ကြက်သွန်ဖြူ၊ချင်းကို အရင်ထည့်ကြော်ပါ။
- အနံ့မွှေးလာတာနဲ့ ကြက်သွန်နီ၊ ကြက်သွန်မိတ် အဖြူအရင်းနဲ့ မုန်လာဥနီများထည့်ကြော်ပါ။ဆားအနည်းငယ်ဖြူးပေးပါ။
- မီးပြင်းပြင်းနဲ့ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင် ကြက်သားများကို ပြန်ထည့်ပေးပါ။
- ခရုဆီစားပွဲဇွန်း တစ်ဇွန်းနဲ့ ပဲငံပျာရည် အကြည်စားပွဲဇွန်း ၂ ဇွန်း (ကျွန်မသုံးတဲ့ ပဲငံပျာရည်က ဆားပေါ့သော အမျိုးအစားပါ) ကိုထည့်မွှေပါ။
- နောက်ဆုံးမှ ငရုပ်သီးတောင့်၊ ကြက်သွန်မိတ်အစိမ်းရောင်ပိုင်း နဲ့ ငရုပ်ကောင်းအနည်းငယ်ကို ထည့်မွှေပေးပြီး ၁ ၂ မိနစ်လောက်ကြာရင် မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ
ကြက်ဥထမင်းကြော်လေးနဲ့ လိုက်ဖက်လွန်းတာကြောင့် အများကြီးစားဖြစ်သွားပါတယ်
3 comments:
ကိုယ်လည်းငရုတ်သီးကြော်ကအဓိကလို့ ထင်တယ်။
မဟုတ်ရင်ကုန်းဘော်ကြီးကြော်ရဲ့ သင်္ကေတဘယ်လိုရှိမလဲနော်။
အမြဲအားပေးနေတဲ့..
အိုင်အိုရာ
တနေ့ကတော့နွားနို့ခဲအဆင်ပြေပြေလေးစားလိုက်ရတယ်
ဒီတခါ တော့အိမ်မှာစားဖြစ်ခဲ့တဲ့ ကြက်ကုန်းဘောင်လေးကို နောက်ရက်စမ်းကြည့်လိုက်အုန်းမယ်ရှင်
ကျေးဇူးတင်လျှက်
ကြက်ကုန်းဘောင်ကြော် နည်းလေးဖတ် မှတ်သွားတယ် Evy ရေ.. ကြက်ဆိုရင် အသားထက်အရိုး ကြိုက်ပေမယ့် ကြက်ကုန်းဘောင်ဆိုရင်တော့ ကြိုက်တယ်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment