Friday, January 17, 2014

ကြက်သားဆီချက်






အနံ့မွှေးကြိုင်လှတဲ့  ကြက်သွန်ဖြူဆီချက်၊ အရသာရှိတဲ့ ခေါက်ဆွဲနဲ့အတူ အသားများပါဝင်တဲ့  ဆီချက်ခေါက်ဆွဲဟာ ပြောပြစရာမလိုလောက်အောင် ကျွန်မတို့ အများစုနဲ့ ရင်းနှီးပြီးသားဖြစ်မှပါ။  ပြင်ဆင်ချိန်နဲပြီး အရသာရှိတဲ့ အပြင် ပြုလုပ်နည်းကလည်း အင်မတန်မှ လွယ်ကူပါတယ်။


ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့) ၀က်သား  - ၂၀၀ ဂရမ်
  • ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
  • ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
  • ခေါက်ဆွဲ
  • ကြက်သွန်ဖြူ
  • ဆီ


ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်

ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

  1. ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
  2. အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ရေခမ်းပြုပ်ထားပါ
  3. ပြုပ်ပြီးသးအသားကို ခပ်သေးသေးလှီးထားပါ
  4. ခေါက်ဆွဲ ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
  5. ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစာကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
  6. သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ကြက်သွန်ဖြူဆီချက်များ ဆမ်းကာ သုံးဆောင်နိုင်ပါပြီ



1 comment:

Unknown said...

ဒီနေ့ရှမ်းထမင်းချင်လုပ်တယ်အစ်မနည်းနဲ့လေနောက်နေ့ခေါက်ဆွဲလုပ်ကြည့်မယ်
Thank