လွယ်ကူတဲ့ ကိတ်မုန့်လုပ်နည်းလေးပါ။ Oven သုံးစရာမလိုသလို mixer လည်းအသုံးပြုဖို့ မလိုပါဘူး။ ရိုးရိုးလက်မွှေတံနဲ့ မီးဖိုရှိရင် အဆင်ပြေပါပြီ။ အကယ်၍များ မပေါင်းချင်ရင်တော့ Oven အသုံးပြုပြီးလုပ်လို့ရပါတယ်။ အရသာကတော့ နာမည်အတိုင်း စိုစိုအိအိနဲ့ စားချင်စရာပါ။ အလုပ်ရှုပ်လည်း သက်သာတာကြောင့် အိမ်ရှင်မများ စမ်းကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။
ပါဝင်ပစ္စည်းများ (၈လက်မx ၃လက်မ ကိတ်မုန့်ဗန်းအသေးတစ်ခုစာ)
- ထောပတ် ၉၀ ဂရမ်
- သကြား ၁၀၀ဂရမ်
- နို့စိမ်း ၁၀၀ ဂရမ်
- ကြက်ဥ ၁ လုံး
- ဂျုံ - ၅၀ ဂရမ်
- ကိုကိုးပေါင်ဒါ - ၂၅ ဂရမ်
- ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဘိတ်ကင်ဆိုဒါ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြုလုပ်နည်း
- ဂျုံ၊ ကိုကိုးမှုန့်၊ ဘိတ်ကင်ပေါင်ဒါ၊ ဘိတ်ကင်ဆိုဒါများကို စကာချထားလိုက်ပါ
- သကြား၊ နို့စိမ်းနဲ့ ထောပတ်ကိုအိုးတစ်ခုထဲတွင် ထည့်ကာထောပတ်ပျော်သည်အထိ မီးအပူပေးပါ။
- ထောပတ်ပျော်လျှင်မီးပိတ်ကာ ၅ မိနစ်ခန့်နေလျှင် ခေါက်ထားသောကြက်ဥကို ထည့်မွှေပါ။ ကြက်ဥထည့်နေစဉ် အဆက်မပြတ်မွှေပေးရပါမယ်။
- ထို့နောက်စကာစစ်ထားသော ဂျုံအရောကို ထည့်မွှေပါ။
- ပေါင်းမည့်ဗန်းထဲသိုထည့်ကာ အပေါ်မှ Aluminium foil အုပ်ပေးပါ။
- ထို့နောက်ရေနွေးဆူအောင် တည်ထားသော ဒယ်အိုးထဲသို့ထည့်ကာ မိနစ် ၄၀ ခန့်ပေါင်းပါ။ မပေါင်းလိုလျှင် ၁၇၀ဒီဂရီ အပူပေးထားသော oven တွင် ၄၀မိနစ်ခန့်ထားကာ ဖုတ်ပေးပါ။
- အရသာရှိသော ချောကလက် ကိတ်ရပါပြီ :)
11 comments:
Oven သုံးနည်းလေးမေးချင်တာပါ... အိမ်မှာ ဖန်နဲ့သုံးတော့လည်း ဖန်ကွဲပါတယ်... စတီးနဲ့မသုံးရဘူးလို့ သူများတွေပြောလို့ မသုံးဖြစ်ပါဘူး... နောက်ဆုံး Luminarc တံဆိပ် နဲ့မှအဆင်ပြေသွားပါတယ်... ဒါပေမယ့် အခုလို မုန့်ဖုတ်မယ်ဆို Oven နဲ့ ဘာ ဘမ်း သုံးပြီးဖုတ်ရမလဲဟင်...
ပုံမှန်ဆိုရင်တော့ မုန့်ဖုတ်တဲ့ Aluminium ဗန်းနဲ့ဆိုရင် အဆင်ပြေပါတယ်။ စတီးနဲ့မသုံးရတာက microwave function မှသုံးလို့မရတာလို့ ဖတ်ဖူးပါတယ်။ ပုံမှန် Electric oven ကတော့ ရပါတယ်.
ဒီpost ကို facebook မှာတွေ့ပြီးတာနဲ့ လုပစား ဖြစ်တယ် နို့စိမ်းအစား အဆင်သင့်ရှိနေ တဲ့ နို့မှုန့်ကိုပျစ်ပျစ်လေး ဖျော် သုံးလိုက်တယ် ထောပတ်အစား ဆီကိုသုံးလိုက်တယ် Muffin tin ထဲ ထည့်ပြီး oven နဲ့ဖုတ်လိုက်တယ် မုန့်ထွက်လာတော့ ကွက်တိပဲ very yummy..this recipe is a keeper. Thank u so much.
facebookမှာ oven မလိုဘူးဆိုတာနဲ့ စိတ်ဝင်စားနေတာ။ တင်တာတွေ့တွေ့ချင်းလာကြည့်တာပဲ :) အစ်မကို အားကျလို့ happy call ဒယ်အိုးလေး ဝယ်ထားတယ်။
Oven မပါပဲ ချောကလက်ကိတ် လုပ်နည်းလေးအတွက် ကျေးဇူးပါ Evy ရေ...
Oven မရှိသူတွေအတွက် အဆင်ပြေသွားပြီ...
မေတ္တာဖြင့်
တီတင့်
အမကြောင့်ကိတ်ဖုန့် တတ်သွားပြီးစ်တ်ရှည်စွာအသေးစိတ်ပြပေးတဲ့အတွက်ကျေးဇူးပါအမမုန့် လုပ်နည်းစာအုပ်ရှာဝယ်တာမရဖြစ်နေတယ်ဘယ်marketမှာဝယ်ရမလဲဒီမှာဖတ်တာနဲ့တောင်
ပြည့်စုံတယ်အမှတ်တရသိမ်းချင်လို့ ပါ
စီးတီးမတ်နဲ့ စာပေလောက လိုစာအုပ်ဆိုင်မျိုးတွေမှာရှိပါတယ်.
Baking powder မထည့်ရင် ကော ရလား အမ...
ဒီမှာ ဘယ်မှာဝယ်ရမှန်းလဲမသိဘူး..
city mart မှာ ရှာတိုင်းလဲမတွေ့လို့..
တခါမှ မုန့်မလုပ်ဖူးလို့ စမ်းလုပ်ချင်လို့ပါ..
မထည့်လို့မရပါဘူး...မုန့်ဖုတ်ရာမှာ အဓိက ပစ္စည်းတစ်ခုပါ..
Hi sis,
Is the same as baking powder and baking soda? Bcos I only can find baking soda in city mart.
No they are different..
Post a Comment