Thursday, April 3, 2014

တူနာငါးထမင်းကြော်





ပင်လယ်စာဟင်းလျာ နောက်တစ်မျိုးကတော့ တူနာငါးထမင်းကြော်ပါပဲ။ ဟင်းလျာလို့သာ ခေါ်လိုက်တာပါ တကယ်တမ်းတော့ တစ်မျိုးထဲနဲ့ အဆင်ပြေစေမယ့် ထမင်းကြော်ပါပဲ။ ဟင်းသပ်သပ်ထပ်ချက်စရာမလိုတာကြောင့် လွယ်ကူသက်သာပြီး အရသာရှိတဲ့ နေ့လယ်စာထမင်းတစ်ပွဲပဲ ဖြစ်ပါတယ်။ ဒီနည်းကိုတော့ ကျွန်မညီမဆီက ရတာပါ။ ကျွန်မတို့ အိမ်မှာ နေ့လယ်စာအထွေအထူးတွေ မချက်ချင်တဲ့ အချိန်ဆိုရင် ဒီလိုတစ်မယ်ထည်းအဆင်ပြေစေမယ့် ထမင်းပွဲမျိုးတွေ ရွေးချက်လေ့ရှိပါတယ်။ ကျွန်မညီမက ဒီလိုဟင်းအမယ်တွေအတွက်ဆိုရင်တော့ သူမတူအောင် ဆန်းသစ်ပြီးချက်လေ့ရှိပါတယ်။ ခုလဲ လွယ်ကူမြန်ဆန်တဲ့ တူနာငါးထမင်းနည်းကို မျှဝေလို့လာပြန်ပါတယ်။ ချက်နည်းလေးကြည့်ကြရအောင်

ပါဝင်ပစ္စည်များ
ထမင်းချက်ပြီးသား ၃ ခွက်ခန့်
တူနာငါးအလွှာ တစ်ဗူး
ဘရိုကိုလီ ၁ခွက် (သေးသေးစိတ်ထားပါ)
ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
ကြက်သွန်နီ၁ လုံး (ပါးပါးလှီးထားပါ)


ချက်နည်း
ထမင်းကို ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည် ဇွန်း တစ်ဝက်နှင့် ဆနွင်းအနည်းငယ်ထည့်ကာ မွှေထားပါ
တူနာငါးဗူးထဲမှ အရည်များကိုသွန်ကာ နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူများနှင့် ရောကာ ခြောက်နေအောင်လှော်ပေးပါ။ ထို့နောက်ဖယ်ထားလိုက်ပါ။
ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို အပူပေးကာ ကြက်သွန်နီနှင့် ဘရိုကိုလီကို ရောကြော်ပါ။
ထို့နောက် ထမင်းထည့်၊တူနာငါးများပြန်ထည့်ကာ ထည့်ကြော်ပါ။
ခပ်ခြောက်ခြောက်ရသည်အထိကြော်ပြီးမှ သုံးဆောင်လျှင်ပိုကောင်းပါသည်။

3 comments:

Aunty Tint said...

တူနာငါးကို ဆီချက်သတ် ဟင်းသဘောမျိုးသာ စားဘူးတာ ဒီတစ်ခေါက် Evy နည်းလေးအတိုင်း တူနာငါးထမင်းကြော် ကြော်စားမယ်။ ကျေးဇူးနော်။

မေတ္တာဖြင့်
တီတင့်

Mrs. Bagel said...

ထမင်းနဲ့တော့ ရောမကြော်ဖူးသေးဘူး

Unknown said...

အမသင်္ကြံန်မြန်မာပြည်လာလည်လား
နှစ်သစ်မှာပျော်ရွှင်ပါစေ