Thursday, June 5, 2014

တူနာကြက်ဥကြော်






ရိုးရိုးကြက်ဥကြော်များကို ငြီးငွေ့လာရင် တူနာကြက်ဥကြော်လေး ကြော်စားကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ ဒီနည်းကိုတော့ ကျွန်မရဲ့ ညီမငယ်တစ်ယောက်က ပြောပြပေးခဲ့တာပါ။ ဘယ်အရာမဆို ဆရာမပြနည်းမကျဆိုသလို ဘယ်လောက်လွယ်လွယ် ဒီလိုကြော်စားရင်စားကောင်းမှန်း မသိခဲ့တော့လည်း ကြော်မစားဖြစ်ခဲ့ဘူးပေါ့။ သူပြောပြသလိုလေးကြော်လိုက်တော့လည်း စားလို့ကောင်းလွန်းတာကြောင့် အိမ်မှာကြက်ဥကြော်ဆိုရင် တူနာပါမှဆိုသလိုကို ဖြစ်သွားတော့တာပါပဲ။

ပါဝင်ပစ္စည်းများ

တူနာအသင့်သုံးဗူးတစ်ဗူး
ကြက်ဥ ၆ လုံး
ငရုပ်သီးအနည်းငယ်


ပြုလုပ်နည်း

ကြက်ဥကိုခေါက်ကာ ပွလာလျှင် တူနာရောထည့်ကာ အသာမွှေပေးပါ။
ဆီစားပွဲဇွန်း ၄ ဇွန်းခန့်ကို အပူပေးကာ ခေါက်ထားသော ကြက်ဥနှင့်တူနာကို ရောမွှေပါ။
ကြက်ဥတစ်ဖက်စီကို ရွှေညိုရောင်သမ်းအောင်ကြော်ကာ ပူပူနွေးနွေးသုံးဆောင်ပါ။


2 comments:

Tauk Htun Thein. said...

Thanks for your recipe,egg and tuna
are one my favourites but it never
come to my mind to mix these two.

Mrs. Bagel said...

ဟိုနေ့ကတောင် ကြော်စားဖြစ်တယ်။ :)