Wednesday, August 6, 2014

Homemade Bean Sprout (အိမ်လုပ်ပဲပင်ပေါက်)



လတ်လတ်ဆတ်ဆတ်ပို့စ်လေး တစ်ခုလောက်တင်လိုက်ပါဦးမယ်....
အိမ်လုပ်ပဲပင်ပေါက်က လတ်ဆတ်သလို ပို့စ်ကလည်း ပဲပင်ပေါက်ဖောက်ပြီးပြီးချင်း တင်လို့ လတ်လတ်ဆတ်ဆတ်ပါပဲ။ ထင်မထားလောက်အောင်လွယ်ကူတဲ့ ပဲပင်ပေါက်ဖောက်နည်းပါ။ အရင်လုပ်ဖူးသူတွေရှိကြသလို သိပြီးသားဖြစ်နှင့်ပြီး ဖြစ်ရင်လဲ ဖြစ်မှာပါ။ ဒါပေမယ့် အချက်သေချာမသိရင်တော့ အဲဒီလွယ်တယ်ထင်တဲ့ ပဲပင်ပေါက်ကလည်း ပျက်သေးတာနော။

ပထမတစ်ခေါက် လုပ်တုန်းကတော့ ပဲပင်ပေါက်က ဆက်မကြီးပဲ အမြစ်တွေအများကြီးထွက်လာလို့ လွှင့်ပစ်လိုက်ရတယ်။ ပဲပင်ပေါက်လုပ်မယ်ဆိုရုင် Mung Bean လို့ခေါ်တဲ့ ပဲအစိမ်းလေးတွေသုံးရပါမယ်။ စုစုပေါင်း ၄ ရက်လောက်ကြာရင် စားလို့ရပြီ။


ပထမဆုံးပဲလက်တစ်ဆုပ်စာလျော့လျော့ကို ရေတစ်ည (သို့) ၁၂ နာရီအနဲဆုံးစိမ်ပါ။

ဒီလိုအညှောင့်သေးသေးလေးတွေ ထွက်လာရင် ပဲပင်ပေါက်ဖောက်မယ့်ဗူး (သို့) ဇလုံထဲပြောင်းထည့်လို့ရပြီ။ နောက် အလင်းရောင်မ၀င်အောင် Aluminum Foil နဲ့ သေချာအုပ်ပါ။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်ရေလောင်းပေးရင် ရပြီ။ ရေလောင်းပြီး ရေစစ်ပြီးမှ ပြန်အုပ်ပါ။
ဒါ ဒုတိယမြောက်နေ့မှာ အဲလိုဖြစ်နေပြီ

ဒါကနောက်ဆုံးနေ့ အမြစ်ကလေးတွေ ဖြတ်မထုတ်ခင်။ အမြစ်တွေ ဖယ်လိုက်ရင်တော့ ကြော်၊ချက်စားဖို့အသင့်ဖြစ်ပါပြီ။ အိမ်လုပ်ဆိုတော့ ပိုပြီး လတ်ဆတ်သလို ဈေးလဲပိုသက်သာတာပေါ့။

2 comments:

Aunty Tint said...

တီတင့်ကို တစ်ယောက်မေးဘူးတယ် ပဲပင်ပေါက်ဖေါက်နည်း ဒီပို့စ်ရဲ့လင့်လေးကို တီတင့်စတေးတပ်မှာ တင်လို့ရမလားဟင်...

Evy said...

ရတာပေါ့တီတင့်