သိပ်မထူးဆန်းပဲ အရသာရှိတဲ့
ဆွစ်ရိုးလုပ်နည်းလေးတစ်မျိုးကို မျှဝေပေးလိုက်ပါရစေ။်နူးညံ့တဲ့ မုန့်သားနဲ့ ခရင်မ်ချိစ်ထောပတ်ခရင်မ်ဟာ
လိုက်ဖက်ညီလှပြီး အပေါ်ကချိစ်အမျှင်လေးတွေဖြူးလိုက်တော့ ဆိမ့်ဆိမ့်လေးနဲ့
စားကောင်းလှပါတယ်။ ခါးသက်သက်အရသာရှိတဲ့ ကော်ဖီတစ်ခွက်နဲ့ တွဲဖက်လိုက်ရင်တော့
သိပ်ပြည့်စုံတဲ့ နေ့လယ်ခင်းကော်ဖီချိန်ဖြစ်သွားမယ်ဆိုတာကို
အသေအချာအာမခံရဲပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၄လုံး
- သကြား ၈၀ ဂရမ်
- ဂျုံ ၁၀၀ ဂရမ်
- ပွဆေး (baking powder) လက်ဖက်ရည် ဇွန်းထက်ဝက်
- ဆီ ၄၀ ဂရမ်
- ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်
ခရင်မ် အတွက်
- ထောပတ် ၅၀ဂရမ်
- ခရင်မ်ချိစ် ၁၁၀ ဂရမ်
- ပေါင်ဒါသကြား ၁၅၀ ဂရမ်
- ဗနီလာ လက်ဖက်ရည် ၁ ဇွန်း
ခရင်မ်အတွက် ဗနီလာ၊ ထောပတ်နဲ့ cream
cheese ကိုအရင်သမအောင်ရောမွှေပေးပါ။ ပြီးရင သကြားမှုန့်ကို ထည့်ပြီး
အရှိန်နည်းနည်းနဲ့မွှေပေးပါ။
သမသွားပြီဆိုမှ အရှိန်များများနဲ့ ညက်အောင် ၇ မိနစ်လောက်မွှေပေးပါ။ ဒါဆိုရင်
ခရင်မ်ရပါပြီ
မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
- ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
- ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
- ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
- နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
- ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
- ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
- မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
- ထို့နောက် ဆီစိမ်စက္ကူတစ်ခုပေါ်တွင် သကြားမှုန့်အနည်းငယ်ဖြူးကာ မုန့်ကို မှောက်ချပေးပါ (အပေါ်မျက်နှာပြင်သည် ဆီစိမ်စက္ကူပေါ်မှာကျရပါမည်)။
- နောက် မုန့်အောက်ခြေမှာကပ်ပါနေသော ဆီစိမ်စက္ကူကို အသာအယာခွာပါ
- ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
- ရလာသော မုန့်ပေါ်တွင်လည်း ခရင်မ် အနည်းငယ် သုတ်လိမ်းကာ ချိစ်အမျှင်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ
1 comment:
ကိတ်အမျိုးမျိုးထဲမှာ ဆွစ်ရိုးကိုအကြိုက်ဆုံးပဲ ချိစ်အမျှင်ပါ ပါနေတော့ အတိုင်းထက်အလွန်ပေါ့ Evy ရေ ^_^
ပရိုမဟုတ်တော့ မုန့်တွေလုပ်ရင် အများအားဖြင့် Evy လိုသပ်သပ်ရပ်ရပ်လေးမထွက်လာဘူး.... :P
Post a Comment