Friday, July 17, 2015

ချောကလက်ပေါင်မုန့်ကိတ်





ပုံမှန်ချောကလက်ကိတ်ကြီးပဲဆိုရင် ရိုးလို့ပေါင်မုန့်ထည့်ပြီး စမ်းကြည့်ထားတာပါ။ အရသာကာတော့ ရိုးရိုး ချောကလက်ကိတ်အရသာပေါ့။ ပိုတာဆိုလို့ ပေါင်မုန့်အစလေးတွေ အပိုပါတာသာကွာတာပါ


ပါဝင်ပစ္စည်းများ

ထောပတ် ၁၆၀ ဂရမ်
သကြား ၁၀၀ ဂရမ်
ကြက်ဥ ၂ လုံး
ဂျုံ ၁၂၀ ဂရမ်
ကိုကိုးမှုန့်စားပွဲဇွန်း ၃ ဇွန်း
ဘိတ်ကင်ပေါင်ဒါ ၅ ဂရမ်
ဗနီလာအနံ့ အနည်းငယ်
နို့စိမ်း စားပွဲဇွန်း ၂ ဇွန်းခွဲ
ရိုးရိုးပေါင်မုန့် အနည်းငယ် (အစလေးများဖဲ့ထားပါ)



လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့် ကို စကာ ချထားပါ။
  3. နို့ကို ဗနီလာအနံ့နဲ့ရောထားပေးပါ။
  4. ပထမဆုံး သကြားနဲ့ ထောပတ်ကို ပွလာအောင် မွှေပေးပါ
  5. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  6. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  7. ပေါင်မုန့်စများကို နောက်ဆုံးမှထည့်ပေးကာ သမအောင်မွှေပါ။
  8. ရလာသောမုန့်နှစ်ကို မုန့်ဖုတ်မယ့်ခွက်ထဲထည့်ကာ မျက်နှာပြင်ညှိပါ။
  9. ထို့နောက် ၁၆၀ ဒီဂရီအပူပေးထားသော Oven မှာ မိနစ် ၄၀ ခန့်ဖုတ်ပေးပါ။
  10. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ