Friday, March 23, 2012

ဟင်းနုနယ် ကြက်သားအစပ်ကြော်



ဒီတစ်ပတ်ကတော့ ဟင်းသီးဟင်းရွက်အပတ်ပါပဲ။ အရွက်ကြော်တွေချည်းပဲ။ ခုတစ်ခါတော့ အရမ်းကို စားလို့ကောင်းတဲ့ ဟင်းနုနယ်ကြော်လေးပါ။ ကြက်သားအမွကြော်  ၊ ဟင်းအနှစ်ပိုတာလေးတွေကို အသုံးချထားတာပါ။ အိမ်မှာ ဟင်းအနှစ်တွေ ပိုနေရင် မသွန်ပြစ်လိုက်နဲ့နော် ။ ဒီလိုသုံးလို့ရတယ်။ ဒါကတော့ တစ်ယောက်စာ ဟင်းနုနယ် အထုပ်တစ်ဝက်ကို သုံးတာပါ။ ကြော်ချင်တဲ့ ပမာဏကို လိုက်ပြီး ဟင်းအနှစ်ကို လိုတိုးပိုလျော့လုပ်ပါ။





  1. ပထမဆုံး ဟင်းနုနယ်တွေကို ချွေထားပြီး ရေဆေးထားလိုက်ပါ
  2. ဆီ စားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူ ၁ မွှာကိုဆီသတ်ပေးပါ
  3.  ပြီးရင် ဟင်းနုနယ်လေးတွေကို ထည့်ကြော်ပေးပါ။ တစ်ဆက်တည်းမှာပဲ ခရုဆီ လက်ဖက်ရည် ၁ဇွန်းကို ထည့်မွှေပေးပါ။ ပြီးရင်ရေလဲနဲနဲထည့် အဖုံးအုပ်ထားပါ။
  4.  နောက်ဆုံး ကြက်သားအမွကြော် ၁ ဇွန်း။ ငရုပ်သီး နဲ့ ဟင်းအနှစ် ၁ ဇွန်းကို ထည့်မွှေပေးပြီး ၂ မိနစ်လောက်ကြော်ပေးရင် ရပါပြီ 
  5.  

 ထမင်းဖြူဖြူလေးနဲ့စားရင် သိပ်ကောင်းပါတယ်။ လုပ်ရတာလဲလွယ်ပြီး အရသာရှိသော ဟင်းရံတစ်ခွက်ပါ။

2 comments:

စံပယ်ချို said...

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့အိမ်မှာ ဟင်းနုနယ်ကြော်စားဖြစ်တယ်
ကြက်သားမပါဘူး ကြက်သွန်ဖြူနဲ့ပဲကြော်ထားတာလေ
ကြက်သားနဲ့တခါလောက်ကြော်စာကြည့်မယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုက်တယ်
ဟင်းနုနယ်ကြော်လေးက ဆိုင်က လက်ရာကျနေတာဘဲ
လှလည်းလှတယ် စားချင်စရာလေး