Saturday, August 25, 2012

လီမွန်ဘိန်းစေ့ကိတ်


ဒီတစ်ခါမှာတော့ မွှေစက်လုံးဝမသုံးတဲ့ ကိတ်လုပ်နည်းလေးကို ရေးပြချင်ပါတယ်။ မွှေစက်မသုံးပဲ မုန့်စမ်းဖုတ်ချင်သူတွေအဆင်ပြေမယ် ထင်ပါတယ်။ အရင်တစ်ခါကလည်းမွှေစက်မသုံးတဲ့စတော်ဘယ်ရီ ဆိုပြီး ရေးဖူးပါတယ်။ အဲဒီတုန်းကတော့ အသေးလေးတွေလုပ်တာပါ။ ဒီတစ်ခါတော့ တကယ့်ကိတ်မုန့်ဆိုဒ်အကြီးကိုလုပ်ပြထားပါတယ်။ ကိတ်မုန့်အရသာရော၊ မုန့်သားကပါ အဆင်ပြေပြီး အရသာကောင်းပါတယ်။ ကဲလုပ်နည်းလေး ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ
  • ထောပတ် ၁၈၀ ဂရမ်
  • သကြား ၁၆၀ ဂရမ်
  • ဂျုံ ၁၆၀ ဂရမ်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ၁ ဇွန်း
  • ကြက်ဥ ၂လုံး (ခေါက်မွှေထားပါ)
  • နို့စိမ်း စားပွဲဇွန်း ၃ ဇွန်း
  • ဘိန်းစေ့ စားပွဲဇွန်း ၂ ဇွန်း
  • Lemon Zest (လီမွန်တစ်လုံးအခွံကို ခြစ်ပေးထားပါ)
  • လီမွန် ၁ တစ်ဝက်အရည်ညှစ်ထားပြီး သကြားစားပွဲဇွန်း ၁ ဇွန်းမောက်မောက်နဲ့ရောမွှေထားပါ




လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို (၈လက်မ x ၃.၃လက်မ) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေတံလေးနဲ့ မွှေပေးပါ
  4. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။ Lemon zest ကိုပါရောထည့်ပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။ နောက်ဆုံးဂျုံထည့်မွှေရင် ဘိန်းစေ့ကိုပါထည့်မွှေပေးပါ။
  6. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၄၅ မိနစ် ဖုတ်ပေးပါ။
  7. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
  8. မုန့်ကျက်ရင် အာဗင်မှထုတ်ပြီးကိတ်မျက်နှာပြင်ကို စူးချွန်ကလေးနဲ့ အပေါက်ကလေးများဖောက်ပေးပါ။ ပြီးရင် လီမွန်သကြားအရောကို မျက်နှာပြင်အနှံ့လောင်းချပေးပြီး wire rack ပေါ်တွင်တင်ကာ အအေးခံပါ။
ဒါဆိုရင်တော့ လီမွန်နံ့သင်းသင်းနဲ့ အရသာရှိသောကိတ်လေး အဆင်သင့်ဖြစ်ပါပြီ။

11 comments:

မွန်မွန်ယိုကို said...

မွှေစက်မသုံးရတာပဲ ကိုယ်.အတွက်တော်တော်ကောင်းလှပီလို.။
မွှေစက်သုံးတာ သိပ်မကျွမ်းဘူး ။
လုပ်နည်းအတွက်ကျေးဇူးနော် အစ်မ။

မွန်မွန်ယိုကို said...

စီဘောက်မတွေ.လို. ဒီမှာပဲပြောမယ်နော် မ။
မွန်မွန် ဘလော.မှာ လင်.ချိတ်ခွင်.ပြုပါနော်။
အချိန်ရရင်လဲ မွန်မွန်ဆီလည်း လာလည်ဖို.ဖိတ်ခေါ်ပါတယ်နော်။

ချော (အစိမ်းရောင်လင်ပြင်) said...

မွှေးနေမှာဘဲနော်..
စားချက်လိုက်တာ

Tuumar said...

လီမွန်ကိတ်လေးစားသွားပြီ ကြိုက်တယ်သမီးရေ

BabyAngle said...

ဒီတပတ်စမ်းလုပ်မယ်ဗျို့...ကုန်ကြမ်းအားလုံးရှိတယ်..အဆင်ပြေရင်ပြောမယ်နော်.. :)
နည်းလေးအတွက် ကျေးဇူးပါ...

mstint said...

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကသာ စောသိရင် မနေ့က အိမ်မှာဆွမ်းကပ်တာ တီတင့်အချိုပွဲ လက်စွမ်းပြလိုက်ပါရဲ့ Evy ရေး) မုံ့လုပ်နည်းလေးမှတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

်မရေ

ကိတ်မုန့်ဖြစ်တယ်သိလား။ အရမ်းသဘောကျတယ်။
ကျေးဇူးတင်တယ်နော်။
ဘိန်းစေ့က စီးတီးဟောမှာဘဲ ၀ယ်လို့ရတယ်။
နောက်ခါ လက်နဲ့မွှေတဲ့ မုန့်လုပ်နည်း များများတင်ပေးပါ။

BabyAngle said...

လီမွန်ကိတ်လေး စမ်းလုပ်တာ အောင်မြင်သွားပါတယ်..
အမျိုးသားက ရုံးကိုတောင်ယူသွားပြီး ကြွားရမယ်လို့တောင် ပြောနေတယ်...
ကျေးဇူးပါနော်..

Evy said...

ကိတ်မုန့်လုပ်နည်းအောင်မြင်တာသိလို့အရမ်းဝမ်းသာပါတယ်

Anonymous said...

ညီမလေးအိရေ..
လီမွန်ကိတ်လေးစမ်းလုပ်တာ အောင်မြင်သွားပါတယ်.. ကိတ်လုပ်နည်းပညာကိုသေချာရှင်းပြပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်.Ice cream ကိတ်လုပ်နည်းလေးရှိရင် လည်းတင်ပေးစေချင်ပါတယ်.... အမရဲ့ သားလေးကိုလုပ်ကျွေးချင်လို့ပါ..

Evy said...

အောင်မြင်တာသိရလို့ ၀မ်းသာလိုက်တာ။ Ice Cream ကိတ်လုပ်နည်းလေး မကြာခင်တင်ပေးပါ့မယ်နော် :-)