Saturday, January 19, 2013

ကုန်းဘောင်ခေါက်ဆွဲကြော်


စားလို့ကောင်းတဲ့ ခေါက်ဆွဲကြော်နောက်တစ်မျိုးကတော့ ကုန်းဘောင်ကြီးခေါက်ဆွဲကြော်ပါ။ ကုန်းဘောင်ကြီးကြော်ကို ခေါက်ဆွဲနဲ့ တွဲစပ်ထားလို့ အရသာတစ်မျိုးထူးပါတယ်။ ငရုပ်တောင့်ပွ အလှော်နံ့မွှေးမွှေးလေးကလည်း ခေါက်ဆွဲကြော်ရဲ့ အရသာကို ပိုပြီးကောင်းအောင်ဖြည့်စွက်သလိုပါပဲ။ ဒီခေါက်ဆွဲကြော်အတွက်ကိုတော့ Ee Fu Noodle လို့ခေါ်တဲ့ ခေါက်ဆွဲအမျိုးအစားကို သုံးထားပါတယ်။ အဲဒီခေါက်ဆွဲကို long life noodle လို့လည်း ခေါ်ကြတယ်။ တရုပ်တွေ မွေးနေ့တို့ဘာတို့မှာ စားလေ့ရှိတဲ့ ခေါက်ဆွဲမျိုးပေါ့။ ဒီခေါက်ဆွဲမရခဲ့ရင်လည်း တခြားအဆင်ပြေမယ့် ခေါက်ဆွဲမျိုးကို သုံးနိုင်ပါတယ်


ဒါကသုံးတဲ့ ခေါက်ဆွဲ

ပါဝင်ပစ္စည်းများ (တစ်ပွဲစာ)
  • ကြက်ဥခေါက်ဆွဲ ၁၀၀ ဂရမ်
  • ကြက်သားလက်တစ်ဆုပ်စာ
  • ငရုပ်သီးခြောက် ၃ တောင့်
  • ဂျင်းတစ်ပြား - ရှည်ရှည်လှီးထား
  • ကြက်သွန်ဖြူ ၁ မွှာ - ဓါးပြားရိုက်
  • မုန်လာဥနီ အနည်းငယ်
  • ကြက်သားအဆီ စားပွဲဇွန်း ၁ ဇွန်း+ရေ ၁၈၀ မီလီလီတာ (တရုပ်ပန်းကန်လုံး၁လုံးခန့်)
  • ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည်အနောက် လက်ဖက်ရည် ၁ ဇွန်း
  • သကြားလက်ဖက်ရည် ဇွန်း တစ်ဝက်
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီစားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥတစ်လုံး

  

ကြော်နည်း
  1. ပထမဆုံးကြက်ဥကြော်ပြီး  ခပ်ထားလိုက်ပါ
  2. နောက်ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ဂျင်း၊ကြက်သွန်ဖြူကြော် ထည့်ကြော်ပါ၊ တဆက်တည်းမှာပဲ ငရုပ်သီးကိုလည်း ထည့်ကြော်ပေးပါ
  3. ပြီးရင် ကြက်သားနဲ့ မုန်လာဥနီထည့် ၂မိနစ်လောက်ကြော်ပေးပါ
  4. ခေါက်ဆွဲထည့် ၁ မိနစ်ကြော်ပါ။ နောက်ဆုံးမှ ကြက်သားရည်ထည့်၊ ပဲဆီ၊ပဲငံပျာရည်၊သကြား၊ ကြက်သားမှုန့်ထည့်ကြော်ပါ
  5. ရေခန်းကာနီး ပြောင်းဖူးမှုန့် ကို ရေ လက်ဖက်ရည်တစ်ဇွန်းထည့်ဖျော်ပြီး လောင်းထည့်ပေးပြီး ၁ မိနစ်ခန့်နေရင် မီးပေါ်မှ ချကာသုံးဆောင်ပါ
 

2 comments:

မိုးနတ်ကြယ်စင် said...

လာစားသွားတယ်နော် အမ..ရှလွတ်....:)

Anonymous said...

do you know the recipe of wanton noodle with char siu prok?