Tuesday, January 29, 2013

Cream cheese ကွတ်ကီး


ခုတစ်လော ဟင်းချက်နည်းတွေပဲ  တင်နေတာနဲ့  မုန့်မလုပ်ဖြစ်တာတောင်ကြာနေပြီ။ အကြောင်းကတော့ ၀ိတ်တက်လာတာလည်းပါတယ်။  မုန့်လုပ်ပြီး မစားလည်း မနေနိုင်ဆိုတော့ ၀ိတ်တက်တာလည်း မဆန်းပါဘူးနော် :D ။ ခုမုန့်လေးကတော့ cream cheese နဲ့လုပ်ထားတဲ့ ကွတ်ကီးလေးပါ။ Cream cheese ကိုပုံမှန်အားဖြင့်တော့ ချိစ်ကိတ်လုပ်ကြတာပဲများပါတယ်။  ချိစ်ကိတ်လုပ်ရင် အကောင်းဆုံး အမျိုးအစားကတော့ Philadelphia Cream Cheese လို့ပြောကြတယ်။ ဒါပေမယ့် ကျွန်မကတော့ အိမ်မှာ အဆင်သင့်ရှိတဲ့ သုံးနေကြအမျိုးအစားကိုပဲသုံးလိုက်ပါတယ်။ အရသာ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။ နံကထိုင်နဲ့ နဲနဲဆင်တယ်

ပါဝင်ပစ္စည်းများ

  • ထောပတ် ၁၅၀ ဂရမ်
  • ခရင်မ်ချိစ် ၈၀ ဂရမ်
  • Baking powder လက်ဖက်ရည် ဇွန်းထက်ဝက်
  • Icing Sugar (ပေါင်ဒါသကြား) - ၁၂၅ ဂရမ်
  • ဂျုံ - ၂၅၀ ဂရမ်
  • ပြောင်းဖူးမှုန့် - ၃၀ ဂရမ်
  • ဗနီလာ အနံ့လက်ဖက်ရည် ဇွန်း တစ်ဝက်
  • ကြက်ဥအနှစ် ၁ ခု
  • ကိုကိုးပေါင်ဒါ စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  • ဘာမှစမလုပ်ခင် ဂျုံ၊ ပြောင်းဖူးမှုန့်နဲ့ ပွဆေးကို ရောပြီး ဇကာချပေးထားပါ
  • ပထမဆုံး အဆင့်အနေနဲ့ သကြား၊ ထောပတ်နဲ့ ခရင်မ်ချိစ်ကို ဖြူပြီး ပွလာအောင် စက်နဲ့ခေါက်ပါ။
  • နောက်ကြက်ဥ အနှစ်နဲ့ ဗနီလာကို ထည့်မွှေပေးပါ။
  • နောက်ဆုံးမှစကာ စစ်ထားတဲ့ ဂျုံအရောကို ထည့်မွှေပါ
  • ဒါဆိုရင် မုန့်သားခပ်ပျော့ပျော့ရပါမယ်။ ရလာတဲ့မုန့်သားကို တစ်ဝက်ခွဲပြီးကိုကိုးမှုန့်နဲ့ ရောပေးပါ


  • အဲဒီနောက်မှာတော့ မုန့်သားအဖြူ ရိုးရိုးရယ်၊ ချောကလက် မုန့်သားရယ် ၂ မျိုးကို ပလတ်စတစ်နဲ့ ပတ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက်ထားပေးပါ (အဲလိုမှမဟုတ်ရင် ကိုင်ရသိပ်ခက်ပါတယ်)
  • ရလာတဲ့ မုန့်သားတွေကို ထုတ်ပြီး ၁ စင်တီမီတာလောက် အထူလေးတွေပြားကာ လိုချင်တဲ့ ပုံလေးတွေဖြတ်ပြီး ၁၅၀ ဒီဂရီအာဗင်မှာ ၂၅ မိနစ်ဖုတ်ပေးရင်ရပါပြီ။


  • စုစုပေါင်း မုန့်လေးတွေ အခု ၄၀ နီးပါးထွက်ပါတယ်
This recipe is adpated from Aunty Yochana

5 comments:

Jun win said...

စက် မသုံးဘဲ မွှေတံ ကို သုံးပြီး လုပ်ရင်ကော ရနိုင်မလား မမ

Evy said...

ရတယ် ညီမရေ။ လက်နဲ့တော့ နာနာမွှေပေးရမယ်

မိုးနတ်ကြယ်စင် said...

ရှလွတ် :)))

thida said...

sis, let me know cup instead of gram.Thanks sis.

Evy said...

Normally I dont recommend using Cup which is not so accurate and it can affect the final result.