Wednesday, January 30, 2013

တရုပ်နှစ်ကူးမုန့်/ Fried Nian Gao



စင်္ကာပူမှာတော့ တရုပ်နှစ်ကူးနားနီးလာတာနဲ့အမျှ တရုပ်မုန့်တွေကို အလျှံပယ်တွေ့လာရတော့တာပါပဲ။ အကြော်မျိုးစုံ၊ ယိုမျိုးစုံ၊ တရုပ်ကွတ်ကီးမျိုးစုံ စသဖြင့်ပေါ့။
အဲဒီအထဲမှာ မပါမဖြစ်မုန့်တစ်ခုက အီကွေး။ အဲဒီမုန့်ကို ဗမာပြည်မှာတုန်းကတည်းက တွေ့ဖူးတော့ သိပ်တော့အဆန်းမဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုလုပ်စားလဲဆိုတာ နဲနဲဆန်းနေတာ။ ဟိုမှာက ဒီတိုင်းပဲစားကြတာ တွေ့ဖူးတယ် (ဒါကကျွန်မ မသိတာလဲဖြစ်နိုင်တယ်) ။ ဒီမှာကြတော့ အီကွေးကို နဲနဲပြုပြင်ပြီးစားကြတာကို တွေ့ရတော့ သဘောကျသွားတယ်။ ကျွန်မ ထုံးစံအတိုင်း နဲနဲပြင်ဆင် မပြောင်းလဲရ မနေနိုင်ဆိုတော့ အီကွေးကိုလည်း အဆင်ပြေမယ့်နည်းနဲ့ ဆန်းသစ်လိုက်ပါတယ်

ပထမရက်က ကြက်ဥနဲ့ ကြော်စားကြည့်သေးတယ်။ ပိုပျော့သွားလို့ သိပ်သဘောမကျတာနဲ့ နောက်တစ်မျိုးထပ်စမ်းကြည့်တာ စားလို့ကောင်းတာနဲ့ လုပ်နည်းကို မျှဝေလိုက်ပါတယ်။ အမှန်မှာတော့ ဘာမှလည်း မခက်ပါဘူးနော်။ အီကွေးကို ကော်ပြန့်လုပ်တဲ့ အဖတ်နဲ့ ပတ်ပြီး ကြော်လိုက်တာပါပဲ။ ဒါပေမယ့် အဲဒီအဖတ်ကြွပ်ကြွ့ပ် ကလေးမှာ အထဲက အီကွေးက ပူပြီးပျော့နေတာ တော်တော်စားလို့ကောင်းပါတယ်။ အကြွပ်နဲ့ အပျော့ တွဲပြီး တစ်မျိုးဆန်းသွားတာပေါ့။
လုပ်စားကြည့်ကြပါဦး။

တခြား တရုပ်နှစ်ကူးမုန့် လုပ်စားနိုင်ဖို့အတွက် လင့်လေးပါ ထည့်ပေးလိုက်တယ်နော်

နာနတ်သီးမုန့်


ပါဝင်ပစ္စည်းများ
  • အီကွေး
  • ကော်ပြန့်ရွက်







  • အီကွေးကို လက်ညှိုးလောက်အချောင်းလေးတွေ လှီးထားပြီး ကော်ပြန့်ရွက်ကလေးနဲ့ ပုံပါအတိုင်း ထုပ်ပေးပါ
  • နောက်နှမ်းစေ့လေးတွေ ကပ်ပြီး ဆီပူပူမှာ ရွှေညိုရောင်သမ်းအောင် ကြော်ပါ
  • ဆီစစ်ပြီးရင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


4 comments:

Aunty Tint said...

အီကွေးကို ကော်ပြန့်ဖတ် အသုံးပြုတဲ့နည်းနဲ့ ဆန်းသစ်မှုလေးလုပ်တာ စမ်းလုပ်ကြည့်မယ် Evy ရေ။ တစ်နေ့ကပဲ အိမ်မှာအီကွေးကို ဒီအတိုင်းကြော်ပြီး စားဖြစ်ကြသေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

chocothazin said...

အိမ်မှာတော့ အဖွားက အဲ့လိုအချောင်းလေးတွေလှီးပြီး ကြက်ဥရည်ထဲနှစ်ပြီး ကြော်စားတာပဲ။ အဲ့လိုလေးလည်း စားကောင်းတယ်။

sandar said...

အစ်မရေအီကွေးကိုမ၀ယ်ဘဲ အိမ်မှာလုပ်စားချင်လို.ပါ။ လုပ်နည်းလေးတင်ပေးပါလားနော်။ကျေးဇူးတင်ပါတယ်

မိုးနတ်ကြယ်စင် said...

မရေ....အီကွေးက မိုးနတ်ကြိုက်ကြိုက်ဗျ...:)))
အင်း....မကတော့ထင်မယ် ...ဒီကောင်မလေး
မကြိုက်တာ ဘာမှမရှိပါလားလို့လေ ahakhakkkkkk