ပလာတာ အတွက် ဒီမှာအသင့်ရနိုင်တဲ့ ရယ်ဒီမိတ်ပလာတာလေးတွေကို သုံးပါတယ်။ ပဲကတော့ ဗူးနဲ့လာတဲ့ ပဲလိပ်ပြာခေါ်မလား ( Butter bean) ကိုသုံးပါတယ်။ အသင့်ဆိုတော့ တကူးတက အခွံချွတ်နေစရာမလိုပဲ တစ်ခါတည်း ရေခန်းချက်လိုက်ယုံပါပဲ။ ဒီမှာတော့ Cold Storage လိုဆိုင်မျိုးမှာ တွေ့ရလေ့ရှိတယ်။ Butter bean ဗူးကိုဖောက်ပြီး ပါတဲ့အရည်နဲ့ ပဲတွေကို သကြားစားပွဲဇွန်း ၁ ဇွန်း ၊ဆားလက်ဖက်ရည် ဇွန်းထက်ဝက်လောက်ထည့်ပြီး တည်ပါတယ်။ နူးပြီးသားဆိုတော့ ရေခမ်းအောင်တည်ရုံပဲ။ ရေခမ်းမှ ကြက်သွန်နီဆီချက်ကလေး ဆမ်းလိုက်ရင် အရမ်းမွှေးပြီး စားချင်စရာကောင်းလှပါတယ်။
ဒါကပဲနှပ်ပြီးသားပုံ |
ပဲပလာတာ စပြီးလုပ်ဖို့အတွက် အသင့်သုံးပလာတာ တစ်ချပ်ကို မီးနဲနဲ နဲ့ကြော်ပါ။ ပဲမထည့်ခင့် မကြွပ်ပါစေနဲ့နော်။ တစ်ဖက်ကို ၁ မိနစ်လောက်ကြော်ပြီး ပဲကြီးနှပ်စားပွဲဇါန်း ၂ ဇွန်းလောက်ထည့်ကာ လိပ်ပေးပါ။ ပြီးမှ အဲလိုလိပ်ထားတဲ့ အတိုင်းလေး ကြွပ်နေအောင် ကြော်ပါ။ ပြီးသွားရင် ကတ်ကျေးနဲ့ ညှပ်ပေးပြီး ဆီချက်ကလေး ဆမ်းလိုက်ရင်မနက်စာအတွက် ပဲပလာတာလေး အသင့်ဖြစ်နေပါပြီ။
ဗမာပြည်က အစားအစာကို လွမ်းရင် လုပ်စားကြည့်ကြပေါ့နော်။
4 comments:
ဟုတ် ...ခုတောင် အနံ့လေးရတယ်မရေ..
မွှေးထှာ :)))
အိမ်ဦးနတ်ရဲ့ ဆန္ဒကြောင့် လုပ်ပေးတဲ့ ပဲပလာတာနဲ့ပဲကြီးနှပ် ဧည့်မြှောင်လုပ်ပြီး အားပေးသွားတယ် Evy ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မစားရတာကြာပြီ...ကျေးဇူးပါပဲ
ပဲကြီးကသပ်သပ်ရှိတယ် အရမ်းကောင်းတာ
အခုပဲနဲ့မတူဘူး
Post a Comment