Saturday, January 26, 2013

Pad Siew ( ယိုးဒယားခေါက်ဆွဲကြော်)


Pad Siew ( ယိုးဒယားခေါက်ဆွဲကြော်)




ဒီခေါက်ဆွဲကြော်ကတော့ ယိုးဒယားခေါက်ဆွဲကြော်တစ်မျိုးပါ။ မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့ ကြက်သားနဲ့ ပြန်ကြော်ပါတယ်။ ပင်လယ်စာနှစ်သက်တယ် ဆိုရင်လည်း ပုစွန်ကို သုံးနိုင်ပါတယ်။ အသီးအရွက်အနေနဲ့ ဘရိုကိုလီပါဝင်ပြီး အချိုနဲနဲကဲပြီး စားလို့တစ်မျိုးကောင်းပါတယ်။ ဆန်ပြားခေါက်ဆွဲကြော်ကို တစ်မျိုးဆန်းသစ်ထားတာပေါ့။ (တကယ့်မူရင်းခေါက်ဆွဲကတော့ ဆန်ပြားအကြီးကြီးတွေပါ။  ဒီမှာတော့ ပုံမှန် ဆန်ပြားဆိုဒ်ပဲ ရှာတွေ့လို့ အဲဒါနဲ့ပဲ ကြော်လိုက်ပါတယ်)

အသားနှပ်ရန်အတွက်
  • ခြစ်ထားသော ဂျင်း - စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၃ မွှာ - နုတ်နုတ်စဉ်း
  • ကြက်သွန်နီ အသေး ၁လုံး နုတ်နုတ်စဉ်း
  • ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • တရုပ်ဟင်းချက်ဆန်ဝိုင် စားပွဲဇွန်း ၁ ဇွန်း
  • ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် အနောက် စားပွဲဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ထန်းလျက် အသေး၁ ခဲ (ကြိတ်ထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်း လက်ဖက်ရည် ဇွန်း ထက်ဝက်


ပါဝင်ပစ္စည်းများ
  • အမဲသား (သို့) ကြက်သား ၁၅၀ ဂရမ်ကို ဟင်းခပ်ပစ္စည်းများအားလုံးနဲ့ ရောမွှေထားလိုက်ပါ
  • ဆန်ခေါက်ဆွဲအပြား ၄၀၀ ဂရမ်
  • ဘရိုကိုလီ အနည်းငယ်
  • ပဲငံပျာရည် အနောက်စားပွဲဇွန်း ၁ ဇွန်း
  • ငါးငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂လုံး
  • ငရုပ်ကောင်း လက်ဖက်ရည်ဇွန်း ထက်ဝက်

ကြော်နည်း
1.    ပထမဆုံးနှပ်ထားတဲ့ အသားတွေကို ဆီစားပွဲဇွန်း ၂ ဇွန်းလောက်နဲ့ ကြော်ပေးပါ။
2.    နောက်ဘရိုကိုလီထည့်ပြီး ၂ မိနစ်လောက်နေရင် ကြက်ဥကိုဖောက်ထည့်ပေးပါ
3.    နောက်ထပ် ၂ မိနစ်လောက်နေရင် ခေါက်ဆွဲတွေထည့်၊ ကျန်တဲ့ ဟင်းခတ်ပစ္စည်းတွေထည့်ပြီး ၄ မိနစ်လောက်သမအောင်မွှေကြော်ပေးပါ။
4.    ဒါဆိုရင်တော့ အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲကြော် အသင့်ဖြစ်ပါပြီ

2 comments:

မိုးနတ်ကြယ်စင် said...

မရေ ...
ှဗိုက်ဆာနေတာနဲ့ အတော်ပဲ :)
ယိုးဒယားခေါက်ဆွဲကြော်လေး ၀င်စားခဲ့တယ်ဗျို့
မ မရှိတုန်းတိတ်တိတ်လေးလေ :P

hti yout said...

Hi,,,Miss EVY...
Thanks a lot for mouth watering Ur appetizing foods,, but the Pad Siew,the way you cooking is not the right way,,its mean that not the Thai cooking style for that food,,, anyhow - anyway Ur afford to sharing for other people are very appreciated.. Thanks again Miss...God bless U..