Tuesday, April 2, 2013

Museli Bar






ကလေးများအတွက် အာဟာရနဲ့ ပြည့်စုံတဲ့ မုန့်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ Oat ဂျုံ၊ သစ်သီးခြောက်များနဲ့ ပြုလုပ်ထားတဲ့ မနက်စာလေးတစ်ခုပါ။ အဲဒီ သစ်သီးခြောက်၊ အစေ့အဆံတွေ နဲ့ Oat ဂျုံအရောကို Museli လို့ခေါ်ပြီး ဒီလိုလုပ်ထားတဲ့ ကွတ်ကီးလိုမျိုးမုန့်လေးကိုတော့ Museli Bar ရယ်လို့လဲ လူသိများပါတယ်။  အဲဒီ Museli ကိုနွားနို့၊ သစ်သီးတွေနဲ့ ရောပြီး မနက်စာလုပ်စားနိုင်သလို၊ ပေါင်မုန့်ထဲလဲ ထည့်ကြပါတယ်။ အလွယ်တကူ စားလို့ရအောင် Bar အနေနဲ့ လုပ်ထားပြီး မနက်စာ အဖြစ်လဲစားကြတာပါပဲ။


ပါဝင်ပစ္စည်းများ
  • ဂျုံကြမ်း - 1 cup
  • ရိုးရိုးဂျုံ -  1 1/4 cups
  • baking soda - လက်ဖက်ရည် ဇွန်း တစ်ဝက်
  • ဆား- လက်ဖက်ရည် ဇွန်း တစ်ဝက်
  • ကြက်ဥတစ်လုံး
  • သကြား-  1/2 cup
  • သစ်ဂျပိုးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • vanilla extract - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နေကြာဆီ (သို့) ထောပတ်အရည် - ၈၀ မီလီလီတာ
  • dry mixed fruits 1 cupRaspberry ယို (သို့) နှစ်သက်ရာ ယိုတစ်မျိုးမျိုး - စားပွဲဇွန်း ၂ဇွန်း



မုန့်လုပ်မယ့်အဆင့်လေးတွေကို ကြည့်ကြရအောင်
  1. ပထဆုံး သစ်သီးနဲ့ သစ်သီးယိုကို ရောထားလိုက်ပါ
  2. မုန့်ဖုတ်မယ့်ဗန်းကို ဆီသုတ်ထားပါ
  3. Dry ingredients  (သကြား၊ ဂျုံ၊ Oat ဂျုံနဲ့ Baking soda၊ဆား၊ သစ်ဂျပိုးမှုန့်) အားလုံးကိုရောပြီး သမအောင်မွှေပါ။ ပြီးရင် ဆီ၊ ကြက်ဥ နဲ့ vanilla ကိုထည့်ပြီး သမအောင်ထပ်မွှေပါ။ ဒါဆို မုန့်ဖုတ်ဖို့ မုန့်သားရပါပြီ။


  1. မုန့်ဗန်းထဲကို ခုနကမုန့်သားကို လက်မ၀က်လောက်နီးပါးအထူ ဖြန့်ခင်းပေးပါ။ ပြီးရင် သစ်သီးခြောက်နဲ့ သစ်သီးယိုအရောကို ခုနကမုန့်သားပေါ် ဖြန့်ခင်းပေးပါ။ နောက်ဆုံးမှ ကျန်တဲ့မုန့်သားကို ထပ်ခင်းပြီး လက်သန့်သန့်လေးနဲ့ အသာဖိပေးပါ
  2. ၁၇၀ဒီဂရီ C မှာ ၃၀ မိနစ်ဖုတ်ပေးရင်ရပါပြီ။
  3. oven ထဲမှထုတ်ပြီး နှစ်သက်ရာပုံ လှီးပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ

1 comment:

Anonymous said...

Ma yay,
How to call in English in ဂျုံကြမ်း?