Monday, July 1, 2013

စိမ်းစားငါးပိချက်





ငါးပိရည်ဆိုတာလည်း မြန်မာ့ ထမင်းဝိုင်းမှာ မပါမဖြစ်ပါပဲ။ ငါးပိရည်အလွယ်တကူဝယ်လို့ မရနိုင်တဲ့ နိုင်ငံရပ်ခြားမှာ နေရသူများအတွက် လွယ်ကူတဲ့ စိမ်းစားငါးပိရည်ဖျော်နည်းလေးကို လုပ်ပြပေးထားပါတယ်။ ငရုပ်သီး၊ ကြက်သွန်ဖြူနိုင်းချင်းထည့်ထားတဲ့ ငါးပိရည်ဖျော်ကလည်း အင်မတန်မှ ထမင်းမိန်စေပါတယ်


  • ကြက်သွန်ဖြူ - ၇မွှာ
  • စိမ်းစားငါးပိ (သို့) ငါးပိထောင်း (အဆင်ပြေရာကို သုံးလို့ရပါတယ်) - စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ငရုပ်သီးစိမ်း - ၅ တောင့်
  • ပုဇွန်ခြောက် အနည်းငယ်



  1. ကြက်သွန်ဖြူ၊ ငရုပ်သီးနှင့် ပုဇွန်ခြောက်များကို ရောထောင်းထားပါ
  2. ငါးပိကို ရေတရုပ်ပန်းကန်လုံး တစ်ဝက်ခန့်နှင့်ရောဖျော်ထားပါ
  3. ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုပ်သီးနှင့် ပုဇွန်ခြောက်များကို ဆီသတ်ပါ။
  4. ၁ မိနစ်ခန့်ကြာလျှင် ငါးပိရည်ဖျော်များကို ထည့်ပေးပြီး ဆူအောင်တည်ပါ။
  5. တို့စရာနှင့်သုံးဆောင်ရန် ငါးပိချက် အသင့်ဖြစ်ပါပြီ




2 comments:

Candy said...

မိုက်တယ် အမပြောသလို စမ်းလုပ်ကြည့်ရမယ် ^_^

Aunty Tint said...

ငါးပိချက်ဆို ကြိုက်ပြီးသား Evy ရေ...
တီတင့်ရဲ့ ဘလော့လင့်ခ်လေးပြောင်းထားတယ်
http://www.auntytint.blogspot.com
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်