Monday, December 16, 2013

စတော်ဘယ်ရီအချိုပွဲ






ဒီဇင်ဘာမှာ ဧည့်သည်တွေကို ဧည့်ခံဖို့ အတွက်မျက်နှာပန်းလှမယ့် အချိုပွဲလေးတစ်ခုကို ထပ်ပြီး လုပ်ပြပေးချင်ပါတယ်။ လုပ်ရတာသိပ်လွယ်ပြီး မြင်သူတိုင်းနှစ်သက်ကြမယ့် စတော်ဘယ်ရီ ချောကလက်ဖြူသစ်သီးပွဲလေးတစ်ခုပါပဲ။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး (နှစ်သက်သလောက်)
  • ချောကလက်အဖြူ
  • အလှဆင်ရန် သကြားလုံးအပြောင်လေးများ
  • ထောပတ်အနည်းငယ်


ပြုလုပ်နည်း
  • စတော်ဘယ်ရီများကို ရေဆေးပြီးစစ်ထားပါ
  • ချောကလက်အဖြူကို ရေနွေးငွေ့ပေးကာ ပျော်အောင်လုပ်ထားပါ
  • (ချောကလက် ၆၀ ဂရမ်ကို ထောပတ် စားပွဲဇွန်း ၁ ဇွန်းနှုန်းထည့်မွှေပါ)
  • ထို့နောက် စတော်ဘယ်ရီများကို ချောကလက်ထဲ ခပ်စောင်စောင်းလေးနှစ်ပေးပါ
  • တစ်ဆက်ထည်းမှာပဲ သကြားလုံးလေးများကပ်ပေးပါ
  • ဗန်းတစ်ခုထဲတွင် ထည့်ကာ ရေခဲသေတ္တာထဲတွင် ၁၅ မိနစ်ခန့်ထားပြီးရင် ဧည့်ခံရန်အသင့်ဖြစ်ပါပြီ

1 comment:

Unknown said...

ဒီနေ့ ကထိန်အလှူမှာ အချိုပွဲကပ်လိုက်တာ
ဘုန်းဘုန်းရော သူငယ်ချင်းတွေပါ အရမ်းကြိုက်သွားတယ် မမရေ
ကျေးဇးတင်ပါတယ်နော်
ပြချင်ပေမယ့် ပုံကိုဘယ်လိုပြရမှန်းမသိလို့