ခုတစ်ခါတော့ အလွယ်လမ်းလေး လိုက်လိုက်ဦးမယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ မနက်စာပေါင်မုန့်ကြော်လေးပါ။ ရိုးရိုးကြော်တာကို နဲနဲလေးထူးသွားအောင် ထပ်ကွန့်လိုက်ပြီး အထဲမှာချောကလက်ထည့်လိုက်တာ။ တကယ်တမ်း ဒီအိုင်ဒီယာက စာအုပ်လေးတစ်အုပ်ထဲက ရတာပါ။ စာအုပ်ဆိုင်ရောက်ရင် အရင်ဆုံးကြည့်မိတဲ့ အတန်းကအစားအသောက်စာအုပ်တန်း။ အမြဲတမ်း ဟိုမွှေဒီမွှေနဲ့ ဟင်းချက်စာအုပ်တွေအားလုံးကို အငမ်းမရကြည့်တာက အကျင့်တစ်ခုကို ဖြစ်လို့။ လိုချင်တာကတော့ အကုန်လုံး ဒါပေမယ့် လိုချင်တိုင်းလည်း ၀ယ်လို့မဖြစ်နိုင်ဘူးမလား။ တစ်ခါတစ်လေကြရင် ကြိုက်တာလေးတစ်ခုနဲ့ တစ်အုပ်လုံးဝယ်မိတဲ့ အခါမျိုးတွေလဲ ဖြစ်လားဖြစ်ရဲ့။ အဲဒါနဲ့ပဲ ဆင်ခြင်ဦးမှဆိုပြီး ကြိုက်တာတွေ့ရင် စိတ်ထဲမှတ်လာ မှတ်မိရင်လဲ ပြန်ချက် မမှတ်မိတဲ့ဟာကျတော့လည်း ထားလိုက်နဲ့လုပ်နေတာ။ ဒီဟာလေးက လွယ်လွယ်လေးဆိုတော့ မှတ်မိနေတာ။
နိုင်ငံခြားမှာနေရတဲ့ ကျွန်မတို့အတွက်က မနက်စာကို ပေါင်မုန့်စားရင်စား မစားရင် ကွေကာအုပ်လိုဟာမျိုးပဲစားဖို့
အဆင်ပြေပါတယ်။ ကမန်းကတမ်းစားပြီး ရုံးသွားရတာကိုးနော်။ တကယ်စားချင်တာကတော့ မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ ၊ နန်းကြီးသုပ်....စတဲ့မြန်မာအစား အစာတွေ.ရေးပြရင်ကုန်မယ်မထင်ဘူး။
ပေါင်မုန့်ကို အမြဲတမ်းရိုးရိုးကြီးစားရတာလဲ ပျင်းစရာကြီးနော်။ အဲဒါနဲ့ပဲ
ဒီနည်းကို စမ်းလုပ်ကြည့်လိုက်တာ။ မဆိုးပါဘူး အပြောင်းအလဲလေးပေါ့။
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
- ပေါင်မုန့်
- ချောကလက်
- ကြက်ဥ
- ထောပတ်
လုပ်နည်းက လွယ်လွယ်လေးပဲနော်။ ပေါင်မုန့်ကြားထဲ ချောကလက်ညှပ် ထွက်မကျအောင် သွားကြားထိုးတံလေးနဲ့ထိုး။ ကြက်ဥခေါက်ထားတဲ့အထဲနှစ်ပြီး ထောပတ်ကိုအပူပေးထားတဲ့ အထဲထည့်ကြော်ရင်ရပြီ။ စားခါနီးအလှဆင်ချင်ရင် သကြားမှုန့်လေး ဖြူးလိုက်ရင် စားဖို့အသင့်ဖြစ်နေပါပြီ။ နောက်မှပဲဟင်းချက်နည်း အဆန်းလေးတွေရေးတော့ ခုတော့ လွယ်လွယ်ကူကူလေးကိုပဲ အားပေးကြပါဦး။
4 comments:
Wow, wanna try!
စားချင်လို. လာကြည့်သွားတယ်.... Evy ရေ...း)
မနက်ဖြန်မနက် Breakfast အတွက် အားထည့်လိုက်မယ် Evy ရေ။ နည်းပညာလေးအတွက် ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စားချင်စရာကြီး ရှလွတ်
Post a Comment