Monday, May 7, 2012

Chicken Veggie Egg Roll




ပြီးခဲ့ recipe မှာ ကြက်ဥယို လုပ်ပြီးသွားပြီဆိုတော့ ပိုနေတဲ့ ကြက်ဥအကာတွေကို အလေအလွင့်မဖြစ်ရအောင် ဘယ်လိုသုံးမလဲလို့စဉ်းစားရပါတယ်။ ဒါကလည်း အထူးတလည်ကြံစရာမလိုဘဲ အမေပြောပြတဲ့ အဖွားရဲ့ နည်းနဲ့ပဲ အဆင်ပြေသွားပါတယ်။ ကိုယ့်အလှည့်ကျတော့ သူပြောတဲ့အတိုင်းမဟုတ်ပဲ နဲနဲပြုပြင်ဖန်တီးထားတာပေါ့လေ။ လုပ်ရတာနဲနဲလက်ဝင်ပေမယ့်လို့ စားလိုက်တဲ့အခါ အရသာရှိလွန်းလို့ ပင်ပန်းတာကို မေ့သွားပါတယ်။ အိမ်မှာ အကြောင်းကြောင်းကြောင့် ကြက်ဥအကာတွေပိုနေရင် ဒီနည်းလေးကိုစမ်းကြည့်နိုင်ပါတယ်။ 


ပါဝင်ပစ္စည်းများ

  • ကြက်ဥအကာ ၄ ခု
  • ကြက်ဥအနှစ် ၂ ခု (မထည့်လည်းဖြစ်ပါတယ်၊ မုန့်လုပ်လိုက်လို့
  • ကြက်ဥအနှစ်ပိုနေတာနဲ့ ထည့်လိုက်တာ)
  • ကြက်သား အနည်းငယ်
  • ကြွက်နားရွက်မှို အနည်းငယ်
  • ဂေါ်ဖီ အနည်းငယ်
  • ပဲငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ၀က်
  • ဆီ


  1. ပထမဆုံးကြက်ဥ အကာတွေကို ဆားနဲနဲထည့်ပြီးခေါက်ထားပါ။
  2. အဆာပလာကိုပြင်ပါမယ်။ ပထမဆုံး ဆီစားပွဲဇွန်း ၁ဇွန်းလောက်ကိုပူအောင်အပူပေးပြီး ကြက်သားနုတ်နုတ်စဉ်းထားတာကိုအရင်ကြော်ပါ။ တဆက်ထည်း ဆား၊ပဲငံပျာရည်ကို ထည့်ပေးပါ။ ၂မိနစ်လောက်ကြော်ပြီးရင် ကြက်ဥနှစ်၊ မှိုနဲ့ ဂေါ်ဖီကိုထည့်ပြီး အဖုံးအုပ်ထားပါ။ ဂေါ်ဖီတွေပျော့လာပြီဆိုအိုးပေါ်မှ ချပြီး အအေးခံပါ။
  3. ဆီနဲနဲကို မကပ်တဲ့အိုးမှာအပူပေးပါ။ ပြီးရင် ကြက်ဥ ထမင်းစားဇွန်း ၂ ဇွန်းသာသာလောက်ကို ထည့်မွှေပြီးဒယ်အိုးကို ၀ိုက်ချလိုက်ပါ။ ဒါမှ အစာပလာထည့်ဖို့ ခပ်ကြီးကြီးနဲ့ခပ်ပါးပါးရမှာမို့ပါ။
  4. ပြီးရင်မီးပိတ်ပြီး ခုနကကြော်ထားတဲ့အစာတွေထည့်ပြီး ညင်ညင်သာသာလေး လိပ်ပေးပါ။
  5. အဲဒီအတိုင်းပဲ ကြက်ဥအရည်ကုန်အောင် ဆက်လုပ်သွားပါး ( ၄ခုလောက်ထွက်တယ်)
  6. ပြီးရင် ကြက်ဥအသစ်တစ်လုံးကို ယူပြီးခေါက်မွှေပေးပါ။ ခုနကကြော်ထားတဲ့ ကြက်ဥလိပ်အစာသွပ် ကိုကြက်ဥရည်ထဲနှစ်၊ ဂျုံထဲပြန်နှစ်ပြီး ဆီပူပူမှာ ခဏပြန်ကြော်ပေးပါ။ နဲနဲလေးအညိုရောင်သမ်းရင်ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥလိပ် အစာသွပ်ကိုရပါပြီ

 
 
 

5 comments:

mstint said...

အလေမဖြစ်တော့ပဲ အသုံးဝင်သွားတာပေါ့ Evy ရေ။
နည်းလေးဖတ် မှတ်သွားတယ် ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Q-te said...

ကြက်ဥကို ဘယ်လိုလုပ်လုပ် ကြိုက်တယ် မမ
အသီးအရွက်နဲ့ဆို အရမ်းကြိုက်
အကုန်စားသွားပြီးဗျို့

Iora said...

Yumm...
Looks delicious.
Iora

Candy said...

wow.. ဒီနည်းလေးက လွယ်တယ်နော်.. စားလို့လည်း ကောင်းမယ့်ပုံပဲ.. စမ်းလုပ်ကြည့်ဦးမယ် :D

ဒီဘလော့နာမည်လေးကို ကြားဖူးနေတယ်.. ဘာလို့ မရောက်ဖြစ်ပါလိမ့်.. ခုတော့လင်ခ့်ယူသွားပြီ.. နောက်လည်း လာနိုင်အောင်လေ :D

မြ၀တီဇော် said...

ဒီနည်းလေးကိုတော့ အရမ်းသဘောကျသွားပြီး မအိရေ။ လွယ်လည်း လွယ်ပြီး စားကောင်းမယ့်ပုံလေး။ ကြိုးစား ကြည့်ပါဦးမယ်။ :)