Sunday, July 29, 2012

Cupcake vs Muffin


တော်တော်များများက Cupcake နဲ့ Muffin ကိုမကွဲကြပါဘူး။ ကျွန်မကိုယ်တိုင်လဲ သူတို့ ၂ ခုကိုအတူတူပဲလို့ထင်ခဲ့တာ တော်တော်ကြာတဲ့အထိပါပဲ။ နောက်မှ Muffin/ Cupcake မုန့်လုပ်နည်းစာအုပ်တွေဘာတွေရှာဖတ်ကြည့်တော့မှ ကွဲပြားပုံလေးကို သတိထားမိလာတာ။ Muffin က ပေါင်မုန့်ကို ခွက်ကလေးသေးသေးလေးတွေထဲမှာ ခွဲပြီးလုပ်ရာကနေစတယ်လို့ ဆိုပါတယ်။ အဲဒီတော့ သူ့မုန့်သားက သိပ်မနူးညံ့ သလိုချိုလည်း သိပ်မချိုပါဘူး။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့ အမျှလူတွေက ရောင်းချတဲ့အခါ အထားခံအောင် သကြား၊ထောပတ်တို့ များများနဲ့ ပြုပြင်ပြောင်းလဲကြရင်းနဲ့ Muffin တွေဟာလည်း Cupcake တွေလိုအရသာကထူးမခြားနားဖြစ်လာပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် Muffin မှာအပေါ်ကအလှဆင်တဲ့ ခရင်မ်တွေဘာတွေ မပါပါဘူး။ ဒါက Muffin ဇတ်လမ်းပါ။

Cupcake ကတော့ ၁၉ရာစုလောက်မှာမှ စတင်ပြီးဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ဘာလို့ Cupcake လို့ခေါ်သလဲဆိုတာကတော့ တစ်ချို့ကလည်း ကိတ်မုန့်လေးတွေက ကော်ဖီခွက်လောက်ကလေးတွေအရွယ်မို့ အဲလိုမျိုးခေါ်တာလို့ပြောကြသလို တစ်ချို့ကလည်း သုံးတဲ့နေရာမှာ အချိုးအစားတွေကို ခွက်ကလေးတွေနဲ့ 1 cup, 2 cups စသဖြင့်သုံးကြလို့ Cupcake လို့ခေါ်ကြတယ်လို့ဆိုကြပြန်ပါတယ်။ ပုံမှန်အားဖြင့်တော့ Cupcake တွေကိုခရင်မ်တစ်ခုခု ဖုံးပြီးအလှဆင်လေ့ရှိပါတယ်။ ခုနောက်ပိုင်းမွေးနေ့ပွဲလေးတွေမှာ Cupcake လေးတွေက ရေပန်းစားလာပါတယ်။ လှီးဖြတ်စရာမလိုပဲ တစ်ယောက်စာလေးတွေ သီးသန့်စားသုံးနိုင်လို့ မွေးနေ့ကိတ်အတွက် လူတွေကသူ့ကို သုံးလာကြပါတယ်။ ခရင်မ်ကို ကြိုက်သလိုတစ်ခုချင်းစီပုံဖော်နိုင်တာဟာလည်း cupcake လေးတွေရဲ့အားသာချက်ပါ။ 


 Cupcake နဲ့ Muffin အကြောင်းလေးကတော့ ဗဟုသုတ အနေနဲ့ဒီလောက်ပါပဲနော်။

7 comments:

Mrs. Bagel said...

Muffin လည်းကြိုက်တယ်။ Cupcake လည်းကြိုက်တယ်။ :)

May Hmom... said...

Thank you so much,Evy .
I also want to know how different Cupcakes & Muffin

Thamee Su said...

ကျေးဇူးပါ အိရေ သေချာ သိသွားတယ် :)

mstint said...

Cupcake နဲ့ Muffin အကြောင်း ဗဟုသုတလေး ယူသွားတယ် EVY ရေ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အရမ်းတော်တာဘဲကွယ်

Anonymous said...

good

ကျော်ဌေး said...

Gelatine cake လုပ်နည်းတွေတင်ပေးပါလား
လေးစားစွာဖြင့် ကျော်ဌေး