Sunday, August 26, 2012

ငါးပဲငါးပိကြော်


ငါးပဲငါးပိကြော်ကတော့ အရင်တုန်းကလည်း ကြော်ဖူးပါတယ်။ ဒါပေမယ့် ခုတစ်ခေါက်က ရယ်ဒီမိတ် ပဲငါးပိကြော်ကိုသုံးထားလို့ အရသာတစ်မျိုးထူးပါတယ်။ ပိုစားကောင်းလို့လုပ်နည်းလေး ထပ်ရှယ်လိုက်ပါတယ်။ တကယ်တမ်းတော့ ဒီနည်းက အဖွားနည်းလို့ပြောလို့ရတယ်။ ခုတစ်ခေါက်ဗမာပြည်ပြန်တာ အဖွားက ဟင်းတွေအစုံချက်ကျွေးလိုက်တာ ဒီငါးပဲငါးပိပါတယ်။ အမှန်က တကယ့်ပဲငါးပိအစစ်နဲ့ချက်ကျွေးချင်တာ။ ဒါပေမယ့် ကောင်မလေးက ဒီပဲငါးပိကြော်နဲ့ မှားဝယ်လာလို့ ရှိတာနဲ့ချက်လိုက်တာမှာတင် ကျွန်မကအရမ်းသဘောကျသွားလို့ လိုက်လုပ်ကြည့်တာ ရိုးရိုးပဲငါးပိထက်တောင်ပိုကောင်းပါသေးတယ်။ လွယ်ကူပြီး စားလို့ကောင်းတဲ့ ငါးပဲငါးပိကြော်လေးကို လုပ်စားကြည့်ကြရအောင်။

့ပါဝင်ပစ္စည်းများ
  • တီလားပီးယားငါး ၁ ကောင်
  • တရုပ်ပဲငါးပိကြော် စားပွဲဇွန်း ၂ ဇွန်း
  • ဆားလက်ဖက်ရည်ဇွန်း ထက်ဝက်
  • ပဲငံပျာရည်စားပွဲဇွန်း ၁ ဇွန်း
  • အချိုမှုန့် အနည်းငယ်
  • သကြားလက်ဖက်ရည် ဇွန်း ထက်ဝက်


ချက်ပြုတ်နည်း
  1. ငါးကိုဆီပူပူမှာ ကြွပ်ကြွပ်ကြော်ပေးထားပါ။
  2. ဆီစားပွဲဇွန်း ၃ ဇွန်းကိုဆီသတ်ပြီး ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကိုထည့်ကြော်ပါ ၊
  3. ပြီးရင်တရုပ်ပဲငါးပိ၊ ပဲငံပျာရည် ၊ဆား၊သကြားနဲ့ အချိုမှုန့်တို့ကိုရောထည့်ပြီး ကြက်သွန်နွမ်းအောင်တည်ပါ။
  4. စားခါနီးမှငါးပေါ်ကိုဆမ်းပြီးသုံးဆောင်ပါ

 

8 comments:

မီးမီးငယ် said...

ငါးဟင်းလေးကြိုက်လိုက်တာ..

BabyAngle said...

ငါးကြော်ဆို အသားကုန်ကြိုက်.. နည်းလေးယူသွားပါတယ်နော်...

mstint said...

တီတင့်လည်း ငါးဆိုရင် ကြော်လိုက်ရင် စားလို့ရတယ် Evy ရေ။ ငါးပဲငပိကြော် အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thinzar said...

အဲတံဆိပ်နဲ့ ပဲငါးပိကြော်ကို တစ်အားကြိုက်တယ်.. ငါးနဲ့တော့ စမ်းမကြော်ကြည့်ဖူးဘူး.. ချက်ကြည့်ဦးမယ် :)

Tuumar said...

အဲဒီလိုငါးလေးရရင်ကြော်စားအုံးမယ်
ငါးတော့အရမ်းကြိုက်တယ် သမီးရေ

Candy said...

သိပ်တော့ မခက်ဘူးနော်.. လုပ်စားကြည့်ရမယ် :D

Thamee Su said...

အဲသည့် ပဲငပိဗူးကို သိပ်ကြိုက်တယ် အိရေ တခါမှတော့ချက်မစားဖူးသေးဘူး ဒီတိုင်းပဲစားဖူးတယ် ချက်စားမယ် ကျေးဇူးပါ

Anonymous said...

Will try this recipe too :D
thanks for sharing :)

PPS :)