လွန်ခဲ့သော ၁ လကျော်လောက်က လုပ်စားထားတဲ့ ပေါင်မုန့်ပါ။ ခုမှ ကျွန်ပျူတာဖိုင်တွေထဲ ဟိုမွှေဒီမွှေလုပ်ရင်းနဲ့ တွေ့လာလို့ လုပ်နည်းလေး ရေးပေးလိုက်ပါတယ်။ ကံကောင်းလို့ လုပ်ပြီးပြီးချင်း recipe ရေးထားမို့ တော်သေးတယ်။ မဟုတ်ရင် အချိုးအစားတွေကို မေ့သွားမှာသေချာတယ်။
ဒီရက်ပိုင်းအတွင်း မုန့်ုလုပ်စရာတွေများနေတာကြောင့် စာရေးတာက လိုက်လို့မမှီဘူးဖြစ်နေပါတယ်။ ခုရက်ပိုင်းမှာလုပ်ဖြစ်တဲ့ မုန့်တွေက Whoopie pie နဲ့ သူငယ်ချင်းသားလေးအတွက် မွေးနေ့ကိတ်ပါ။ Pooh အရုပ်ကလေးနဲ့ ချစ်စရာလေးပါ။ ၅ နာရီလောက်တော့ ကြာအောင်လုပ်လိုက်ရတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့ ထောပတ်ထမင်းနဲ့ ကြက်သားဟင်းကို နောက်မှပဲတင်လိုက်မယ်နော်။
ခုတော့ ပေါင်မုန့်လုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်
ပါဝင်ပစ္စည်းများ
Group
(A)
·
နို့
၂၅၀ မီလီလီတာ (ခပ်နွေးနွေးလေးဖြစ်အောင် အပူပေးထားပါ)
·
Yeast
5 gram
·
ပေါင်မုန့်ဂျုံ
၂၃၀ ဂ၇မ်
Group
(B)
·
သကြား
၂ tsp
·
ဆား
၆ ဂရမ်
·
Whole
meal flour (ဂျုံကြမ်း) ၁၄၀ ဂရမ်
·
ထောပတ်
၁၅ ဂရမ်
·
Wallnut
အနည်းငယ်
လုပ်နည်း
- ပထမဆုံး အဖွဲ့ (A) ကိုအားလုံးရောမွှေပေးလိုက်ပါ။ အဖုံးအုပ်ပြီး မိနစ်၄၀လောက် ပွလာအောင်စောင့်ပေးပါ။
- မိနစ်၄၀ကြာရင် ထောပတ်ကလွဲလို့ အဖွဲ့ (B) ကိုရောမွှေပေးပြီး နယ်ပေးပါ။ ၅ မိနစ်လောက်နယ်ပြီးရင် ထောပတ်ကိုရောမွှေပြီး ၂၅ မိနစ်လောက်ကြာအောင် နယ်ပေးပါ။
- ပြီးရင်တော့ ဇလုံထဲကို ပြန်ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ ၄၅မိနစ်လောက်ကြာရင် ၂ ဆကြော်ကြော်ပွတက်လာပါလိမ့်မယ်။
- မုန့်သားကိုထုတ်ပြီးနောက်တစ်ကြိမ် ၃ မိနစ်လောက်နယ်ပေးပါ။ ပြီးရင် ဒလိမ့်တုံးနဲ့လှိမ့်ပြီး ပြန်လိပ်ပေးပါ။
- ထို့နောက် မုန့်ဖုတ်မယ့် ပုံစံခွက်လေးထဲထည့်ပြီး နောက်တစ်ကြိမ် ထပ်ပွလာအောင် စောင့်ပါ။ နာရီဝက်လောက်တော့ ကြာပါတယ်။
- မုန့်သားတွေပွလာပြီဆိုရင် ၁၆၀ ဒီဂရီအပူပေးထားတဲ့ အာဗင်မှာ ၄၃ မိနစ်ကင်ပေးရင်ရပါပြီ။
- အာဗင်မှထုတ်ထုတ်ချင်း ဗန်းကနေထုတ်ပြီး အအေးခံပေးပါ။
- လုံးဝအေးမှ လှီးပြီးသုံးဆောင်ပါ။
ဒါလေးက မွေးနေ့ အတွက်သူများမှာတဲ့ ကိတ်လေး (ကြော်ငြာဝင်တာ :D :D)
2 comments:
တော်လိုက်တာနော်
မုန့်လေးတွေဆိုသဘောကျပေမဲ့လုပ်ရတာစိတ်မရှည်လို့
သမီးဆီဘဲလာလာကြည့်ပြီး သရည်ကျသွားပါတယ်
Post a Comment