လွယ်ကူမြန်ဆန်သော ညနေစာဟင်းလေးတစ်ခွက်ပါ။ အရင်ကလည်း တစ်ခါချက်ဖူးပါတယ်။ လုပ်နည်းလေးက ဒီမှာပါ အဲဒီတုန်းကတော့ saba fillet နဲ့ချက်တာပါ။ ဒီတစ်ခါတော့ Salmon နဲ့ပေါ့ ။ ၂ မျိုးလုံး သူ့အရသာနဲ့သူကောင်းပါတယ်။
ခုလည်း အရင်တုန်းက ချက်သလိုမျိုးပါပဲ။
- ငါးကို ရေဆေးပြီး ခြောက်အောင် Kitchen Towel နဲ့သုတ်ထားပါ။
- ပြီးရင် ငရုပ်ကောင်း ၊ ဆားဖြူးပြီး ၁၅ မိနစ်လောက်နှပ်ပါ။ ပြီးမှအရေခွံတင်းအောင်ကြော်ပြီး ဆီစစ်ထားလိုက်ပါ။
- တာရီယာကီဆော့ စားပွဲဇွန်း ၃ ဇွန်းလောက်ကို မီးပေါ်မှဆူအောင်တည်ပြီးမှ ငါးပေါ်ကိုဆမ်းပြီး ထမင်းဖြူနဲ့သုံးဆောင်ပါ
3 comments:
စားသွားပြီ အိရေ
ငါးဆိုကြိုက်တယ် ဘယ်လိုချက်ချက်
i hv tried saba fillet, really nice.
will try salmon too :P
thank, EVY :)
PPS :)
Post a Comment