Thursday, October 4, 2012

Sambal Fried Fish





Sambal Fried Fish

ဒီငါးဟင်းကတော့ ဗမာ့ရိုးရာ ငါးဟင်းနဲ့ နဲနဲဆင်ပါတယ်။ ငါးကိုကြော်ပြီး Sambal လို့ခေါ်တဲ့စပါးလင်ထောင်းငရုပ်နှစ်နဲ့တွဲချက်ထားလို့ ဗမာပါးစပ်နဲ့တော်တော် အဆင်ပြေပြီး စားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ပါ။ ဒါပေမယ့် ဗမာဟင်းလို ဆီကိုသိပ်အသားမပေးပဲ ငရုပ်နှစ်ကို အသားပေးထားတာတော့ ကွာခြားပါတယ်။ စပါးလင်နံ့သင်းတဲ့ ငါးကြော်ချက်ကလေးကို ငါးဟင်းအစိုမစားချင်တဲ့ အချိန်မှာ အပြောင်းအလဲ စမ်းချက်ကြည့်သင့်ပါတယ်။ ပါတဲ့ပစ္စည်းလေးတွေကလည်း အလွယ်တကူရနိုင်သော ပစ္စည်းတွေမို့ အိမ်ရှင်မတွေအတွက် မခက်ခဲတဲ့ ဟင်းလေးတစ်ခွက်ပါပဲ

ပထမဆုံးငါးနဲ့ တွဲချက်ဖို့ ငရုပ်နှစ်ကို အရင်ပြင်ဆင်ရပါမယ်။

Sambal ငရုပ်နှစ်

  • ငရုပ်ပွအတောင့် ၁၂တောင့်
  • ငရုပ်သီးအနီအသေး ၄ တောင့်
  • ကြက်သွန်ဥကြီး ၁ ဥ
  • စပါးလင် အသေး ၁ချောင်း
  • ငါးပိ ကွမ်းသီးလုံးခန့် ၂ လုံး
  • သကြား စားပွဲဇွန်တစ်ဇွန်း
  • သံပုရာသီးအသေး (ပုံပါအရွယ်လေးများ) ၃ လုံး
  • ဆနွင်း လက်ဖက်ရည် ၁ ဇွန်း
  • ငရုပ်သီးမှုန့် လက်ဖက်ရည် ၂ ဇွန်း
  • ဆီဇွန်းကြီး ၂ ဇွန်းခန့်

ပြင်ဆင်နည်း
  1. ငရုပ်သီးများ၊စပါးလင်၊ကြက်သွန်နီနဲ့ ငါးပိကိုရောကြိတ် (သို့) ထောင်းပါ
  2. ဆီကိုအပူပေးပြီး ထောင်းထားသည်များကို ဆီသတ်ပါ
  3. သကြား၊ အရောင်တင်၊ ဆနွင်း များကိုလည်း တစ်ပါတည်း ထည့်မွှေပေးပါ
  4. ဆီပြန်လာရင် သံပုရာသီး ၃ လုံးကို အရည်ညှစ်ထည့်ပေးပြီးရင် ငရုပ်နှစ်အဆင်သင့်ဖြစ်ပါပြီ

ငရုပ်နှစ်အသင့်ဖြစ်ပြီဆိုတော့ ငါးဟင်းစချက်လို့ရပါပြီ
ငါးဟင်းအတွက်ပါဝင်ပစ္စည်းများ
  • ငါး ၂၅၀ ဂရမ်
  • ကြက်သွန်နီအကြီး ၁ ဥ (အကွင်းလိုက်လှီးပေထားပါ)
  • အချိုမှုန့် အနည်းငယ်
  • သကြား စားပွဲဇွန်း ၁ ဇွန်း

  1. ငါးကို Sambal အနှစ်နဲ့ နာရီဝက်ခန့်နှပ်ပြီး ဆီပူပူမှာ ကြွပ်နေအောင်ကြော်ထားပေးပါ
  2. အိုးအသန့်တစ်ခုမှာ ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်နီကို ဆီသတ်ပေးပါ
  3. ကြက်သွန်နီ နွမ်းရင် Sambal အနှစ် စားပွဲဇွန်း ၃ ဇွန်းထည့်၊ သကြား၊့ အချိုမှုန့် နဲ့ရေ နဲနဲထည့်ပြီး ဆူလာအောင်တည်ပေးပါ။
  4. ၂မိနစ်လောက်နေရင် ချပြီး ငါးကြော်ပေါ်ဆမ်းပြီး သုံးဆောင်ပါ။

6 comments:

Thamee Su said...

ဟင်းအနှစ်အသစ်လေးရသွားပြီ မအိရေ ကျေးဇူးတင်ပါတယ်

Anonymous said...

ဒို့လည်းပာင်းအနှစ်ချက်နည်းလေးသေချာမှတ်ထားရမယ် သီတာ

mstint said...

ငါးဆိုရင် အစိုချက်တာထက် ကြော်ချက်ကို ပိုသဘောကျတယ် Evy ရေ။ နည်းလေးယူသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Tuumar said...

ငါးဟင်းလေးစားချင်တယ် သမီးရေ

Anonymous said...

i like fish :)
it looks great taste :P

PPS :)

Anonymous said...

ယိုးဒယား ဟင်းနဲ့ဆင်တယ်နော်
ကျွန်တော့်အကြိုက်ပဲ
ချက်စားကြည့်အုန်းမယ်
ကျေးဇူးတင်ပါတယ် အစ်မ
ယိုးဒယားဟင်းချက်နည်းတွေလည်းတင်ပေးအုန်းနော်