Cinnamon Roll ကို Blog အစပိုင်းမှာ တုန်းကျွန်မရေးခဲ့ဖူးပါတယ်။ ကျွန်မဘ၀မှာ ပထမဆုံး မုန့်လုပ်တာကို မြင်ဖူးတာ ဒီမုန့်တွေရောင်းတဲ့ ဆိုင်မှာ ကျောင်းသူဘ၀ အလုပ်လုပ်ခဲ့ရတုန်းကပေါ့။ မုန့်ဖုတ်တတ်တဲ့ တစ်နေ့လုပ်မယ်လို့ ပြန်အားခဲထားပေမယ့် တကယ်မုန့်ဖုတ်တတ်လာတဲ့ ၄ နှစ်အတွင်းမှာ ၂ ကြိမ်ပဲလုပ်စားဖြစ်ပါတယ်။ ဒီတစ်ကြိမ်လုပ်တာဟာ ပထမဆုံးအကြိမ် တုန်းကထက်သာပေမယ့် ဆိုင်ကမုန့်အရသာကို မမှီသေးသလိုခံစားရပါတယ်။ မမီဆိုသူတို့ကတော့ ဂျုံက အစသီးသန့်မှာပြီး လုပ်ရောင်းတာမို့ ဒီကဂျုံတွေနဲ့ မတူဘူးလို့တော့ ရှင်းပြခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသူဘ၀ အလွမ်းပြေ မုန့်လေးကို ပြန်လုပ်ပြီး မျှဝေပေးလိုက်ပါတယ်
သုံးတဲ့နည်းကတော့ ခုနောက်ပိုင်းခေတ်စားတဲ့ Water Roux ကိုထည့်သုံးပါတယ်။ မုန့်သားကို ပိုပြီး နူးညံပျော့ပြောင်းစေတယ်လို့ဆြို
လုပ်နည်းလေးကြည့်ကြရအောင်
ပါဝင်ပစ္စည်းများ
Starter Dough
- ပေါင်မုန့်ဂျုံ (၂၅ ဂရမ်)
- ရေ ၁၂၅ ဂရမ်
အဲလိုအုပ်ပြီးသားမုန့်ကို ၁၂ နာရီလောက်ဒီတိုင်းထားထားလိုက်ပါ
ပေါင်မုန့်အတွက်
အုပ်စု (၁)
- ပေါင်မုန့်ဂျုံ ၂၁၀ ဂရမ်
- ကိတ်ဂျုံ ၅၆ ဂရမ်
- နို့မှုန့် ၂၀ ဂရမ်
- သကြား ၅၀ ဂရမ်
- ဆား အနည်းငယ်
- Yeast ၂ ဂရမ်
အုပ်စု (၂)
- ကြက်ဥခေါက်ပြီးသား တစ်ဝက်
- ရေ ၈၅ ဂရမ်
- Water roux (လုပ်ထားပြီးသားအားလုံးသုံးရပါ
မယ်)
အုပ်စု (၃)
- ထောပတ် ၂၅ ဂရမ် - အခန်းအပူချိန်ဖြစ်ရပါမယ်
Cinnamon Filling အတွက်
- သစ်ဂျပိုးမှုန် လက်ဖက်ရည်တစ်ဇွန်း
- သကြား စားပွဲဇွန်း ၃ ဇွန်း
- ထောပတ် ၅၀ ဂရမ်
လုပ်နည်း
- ပထမဆုံး အုပ်စု (၁)ကို ရေမွှေလိုက်ပါ
- နောက်အလယ်မှာတွင်းလေးလိုလုပ်ပြီ
း အုပ်စု ၂ ကိုထည့်မွှေပါ။ (မုန့်သားက တော်တော်ပျော့ပြီးကပ်ပါတယ်) - မုန့်သားသမလာပြီဆိုရင်တော့ နောက်ဆုံးမှ ထောပတ်ကိုထည့်မွှေပြီး နယ်ပေးပါ
- Window pane test ရတဲ့အထိမွှေရပါမယ် (Window pane ဆိုတာဘာလဲ သိချင်ရင် ဒီလင့်မှာ ကြည့်ပါ)
- ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါ
ပြီ။ ရလာတဲ့မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ - ၄၅ မိနစ်လောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
- ရလာတဲ့မုန့်သားကို ပုံမှာပြထားတဲ့အတိုင်း လေးထောင့်ကျကျဖြစ်အောင် rolling pin (သို့) ပုလင်းတစ်ခုခုနဲ့ လှိမ့်ပေးပါ။
- ပြီးရင် သကြားသစ်ဂျပိုးအရောကို ဖြန့်ခင်းပေးပါ။ နောက်ထောပတ်ကို ခပ်ပါးပါးလေးတွေလှီးပြီး ပုံပါအတိုင်းခင်းပေးပါ။
- ဒါဆိုရင်တော့ မုန့်ကိုလိပ်လို့ရပါပြီ။ တစ်ဖက်အစွန်းကနေ တဖြည်းဖြည်းလိပ်ယူပါ (မုန့်က နဲနဲကပ်တဲ့အတွက်ကြောင့် Dough scraper လေးဆောင်ထားတာ အသုံးဝင်ပါလိမ့်မယ်)
- ပေါင်မုန့်လိပ်ရလာပြီဆိုရင်တော့ ကိုးခု အညီအမျှဖြတ်ပေးပါ
- နောက် မုန့်ဖုတ်မယ့်ဗန်းထဲတွင် စီထည့်ပေးပါ
-
ရေနဲနဲတောက်ပြီး နောက် ၄၅ မိနစ်လောက်နောက်တစ်ခါပွအောင်ထပ်
ထားပေးပါ - အဲဒီနောက်မှာတော့ ၁၈၀ ဒီဂရီမှာ ၁၅ မိနစ်ကနေ ၂၀ မိနစ်အထိ ထည့်ဖုတ်ပေးရင် ရပါပြီ။
ဒါဆိုရင်တော့ မနက်စာပဲဖြစ်ဖြစ် နေ့ခင်းကော်ဖီနဲ့တွဲသောက်ရင်ပြဲ
2 comments:
ကြိုက်ပေမဲ့တော်တော်လက်ဝင်မဲ့ပုံမှို.evyဆီကဘဲစားသွား
ပါပြီ။လုပ်ရင်လဲevyလောက်ကောင်းမှာမှုတ်ဘူး။
Starbucks cinnamon bun အရမ်းကြိုက်လွန်းလို့ နေ့တိုင်းစားတာ ပေါင် 20 လောက်တက်လာဖူးတယ်။ ဒါပေမဲ့အဲဒါတွေက Frozen တွေလို့ပြောတယ်။ ကိုယ်တိုင်လုပ်တဲ့ Cinnamon bun ကပိုမွေးပြီး နူးညံ့နေမှာ သေချာတယ်။
Post a Comment