Monday, October 15, 2012

အနောက်တိုင်းစတိုင် ဂုံးဟင်း (Mussel in creamy sauce)


စားသောက်ဆိုင်တွေသွားရင် ကျွန်မမှာတတ်တဲ့ ဟင်းတစ်ခွက်ဟာ Mussel in creamy sauce ပါ။ အအီစာတွေနှစ်သက်သူပီပီ ဒီလိုဟင်းမျိုးကိုကြိုက်ပါတယ်။ ဒါပေမယ့်လည်း အိမ်မှာတစ်ခါမှ စမ်းမချက်ခဲ့ကြည့်ဖူးပဲ ပြီးခဲ့တဲ့ သောကြာနေ့က ရုံးကအပြန်ဈေးအ၀င်မှာ Mussel တွေရောင်းနေတာတွေ့တာနဲ့ ချက်ကြည့်ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဝယ်လာခဲ့ပါတယ်။ (အဲဒီ Mussel ကိုဗမာလိုဘယ်လိုခေါ်လဲ သေချာမသိဘူး။ ဂုံးလို့ခေါ်တယ်လို့တော့ထင်တယ်) သူ့ကို ဘယ်လိုမျိုးများချက်လို့ ရလဲလို့ ရှာကြည့်လိုက်တော့ အချဉ်၊ အစပ်၊ အဆိမ့် ချက်နည်း မျိုးစုံကိုထွက်လာတော့တာပါပဲ။ ရှေ့ကပြောထားတဲ့အတိုင်း အဆိမ့်နှစ်သက်သူပီပီ အဆိမ့်ချက်နည်းကိုပဲ စမ်းကြည့်လိုက်ပြီး အဆင်ပြေတာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ နောက်တစ်ခါမှပဲ ချဉ်ချဉ်စပ်စပ်ချက်နည်းကို စမ်းကြည့်ပါဦးမယ်။

ပါဝင်ပစ္စည်းများ



  • Mussel  အကောင်၂၀
  • ကြက်သွန်နီ ဥသေးတစ်လုံး (နုတ်နုတ်စဉ်းထား)
  • ကြက်သွန်ဖြု ၂ မွှာ (နုတ်နုတ်စဉ်းထား)
  • ဟင်းချက် ခရင်မ် ၁၂၀ ဂရမ်
  • ဆား အနည်းငယ်
  • ငရုပ်ကောင်း အနည်းငယ်
  • ဟင်းချက်ဝိုင်ဖြူ စားပွဲဇွန်း ၃ ဇွန်း
  • ထောပတ် စားပွဲဇွန်း ၁ ဇွန်း

 ချက်ပြုတ်နည်း

  1. Mussel  များကို သန့်စင်အောင်ဆေးထားပါ။ ကျွန်မကတော့ ဘရပ်ရှ်အသေးနဲ့ တိုက်ပြီး ၃ ခေါက်လောက်ဆေးပါတယ်။
  2. နောက် ထောပတ်ကို အပူပေးပြီး ကြက်သွန်ဖြူ၊ နီကိုထည့်ပြီးကြော်ပါ
  3. နဲနဲနွမ်းရင် ဟင်းချက်ဝိုင်ဖြူထည့်ပြီး ဆူလာရင် ခရင်မ်ကိုထည့်ပါ။ ဆားနဲနဲ ငရုပ်ကောင်းနည်းနည်းထည့်ပေးပါ။
  4. အဲဒီနောက်မှာတော့ဆေးထားတဲ့ Mussel များနဲ့ ငရုပ်သီးတောင့်ပွ အနီကိုထည့်ပေးပါ။
  5. Musselတွေပွင့်လာရင် ဟင်းကျက်ပါပြီ။ ကျွန်မကတော့ သေချာမကျက်မှာစိုးလို့ ၅ မိနစ်လောက်ထားပါတယ်
  6. ဒါဆိုရင်တော့ ဆိမ့်ပြီးစားကောင်းလှတဲ့ အနောက်တိုင်းစတိုင် Mussel ဟင်းအသင့်ဖြစ်ပါပြီ။ ခရင်မ်လေးတွေက ဆိမ့်ပြီး ပေါင်မုန့်နဲ့စားရင် အလွန်လိုက်ဖက်ပါတယ်။ တစ်ခါတစ်လေ အပြောင်းအလဲစားကြည့်ချင်သူများ အဆင်ပြေမယ်လို့ ထင်ပါတယ်။

5 comments:

BabyAngle said...

အမချက်ထားတာ စားချင်စရာလေး..
ဝနေသောညီမအဖို့တော့ အမနောက်စမ်းချက်မဲ့ ချဉ်ချဉ်စပ်စပ်လေးကို မျှော်နေပါမယ်နော်...

Tuumar said...

သမီးရေ အထဲကအစာအိမ်လမ်းကြောင်းတွေမဖယ်ရဘူးလား
မြန်မာပြည်မှာတော့ဖယ်ပြီးမှချက်ကြတာဆိုတော့လေ
ဒီကဂုံးတွေတော့ တီမာချက်မစားဖူးတော့မချက်ရဲလို့လေ

Thamee Su said...

ဂုံးကိုမစားဖူးဘူး မအိချက်ထားတာ စားချင်စရာလေး ချက်စားကြည့်မယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီအကောင်လေးတွေကို အစားဖူးသေးဘူး
အဆိမ့်ဆိုတော့ ကြိုက်မှာ သေချာတယ် စားကြည့်ချင်လိုက်တာ

Anonymous said...

စားချင်တယ်