Saturday, November 24, 2012

မှိုအမဲသားလိပ်တာရီယာကီ

အားလုံးပဲ မင်္ဂလာပါနော်။ ဘလော့မရေးပဲ ပျင်းနေတာ နဲနဲကြာသွားလို့ ဘလော့ဖက်ကို ပြန်လှည့်လိုက်တာပါ။ ခုနောက်ပိုင်း ချက်ချင်းတင်၊ ချက်ချင်း respond ရတဲ့ Facebook ကိုပဲရောက်နေတာ အတော်ကြာပါပြီ။ Fan page လေးတစ်ခု လုပ်ထားတာမို့ ခုနောက်ပိုင်းအဲဒီမှာတင်ဖြစ်တာ များတယ်။ တစ်ချို့ဟင်းတွေကလဲ အားလုံးချက်တတ်တဲ့ ဟင်းတွေတင်နေတာမို့ တကူးတကဘလော့မှာ တင်ဖို့ အားနာတာကြောင့် ဘလော့ပေါ်သိပ်မတင်ဖြစ်တာ။ Evy's Kitchen နာမည်နဲ့ပါပဲ။ ဘလော့က စာဖတ်သူများလဲ Evy's Kitchen Fan Page ကိုလာခဲ့ဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီမှာက ပိုပြီး Up to date ဖြစ်တယ်ဆိုပါတော့ :D :D ။

ခုတော့ မှိုအမဲသားလိပ် လုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။မှို အမဲသားလိပ်ကို တာရီယာကီဆော့စ်နဲ့ ဂျပန်ဆိုင်ကရောင်းသလိုမျိုးပေါ့။ ဆာကေးဆူရှီဆိုင်မှာ ရောင်းတယ်။ ဈေးကလည်း ကြီးသေး။ ၁၂ ကျပ်လားမသိဘူး။ အိမ်မှာလုပ်တော့လည်း ဈေးသက်သက်သာသာနဲ့ များများစားရတာပေါ့။



ပါဝင်ပစ္စည်းများ

• အမဲသား ၂၀၀ ဂရမ်
• ရွှေအပ်မှို ၂၀၀ ဂရမ်
• ဆား လက်ဖက်ရည်ဇွန်း ထက်ဝက်
• သကြား လက်ဖက်ရည်ဇွန်းထက်ဝက်
• ခရုဆီ လက်ဖက်ရည် ၁ ဇွန်း
• ငရုပ်ကောင်း အနည်းငယ်
• ပြောင်းဖူးမှုန့် လက်ဖက်ရည် ၁ ဇွန်း
• ချင်း- ခြစ်ထားပြီးသား အနည်းငယ်


ပြုလုပ်နည်း


1. ရွှေအပ်မှိုကလွဲလို့ ကျန်တာအားလုံးကို သမအောင်ရောမွှေထားပါ
2. မှိုလေးတွေကို ရေဆေးပြီး ၆ ပုံ (သို့) ၅ ပုံ အညီအမျှခွဲထားလိုက်ပါ
3. အမဲသား ကွမ်းသီးလုံးခန့်ကို လက်ဝါးထဲမှာ ပြားအောင်ဖိပေးပါ။
4. ပြီးရင် ရွှေအပ်မှိုကိုထည့်ပြီး မှိုအောက်ပိုင်းလေးတွေ အမဲသားနဲ့ဖုံးသွားအောင် ပုံပါအတိုင်း ဆုပ်နယ်ပေးပါ။
5. မှိုနဲ့ အမဲသားများကုန်အောင် ဆက်လုပ်သွားပါ။
အားလုံးပြင်ပြီးပြီဆိုရင်တော့ စပြီးကြော်ဖို့အတွက် ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပါ။
6. အမဲသား၊မှိုလုံးများကို အိုးထဲထည့်ပြီး အဖုံးဖုံးကာ ၅ မိနစ်ခန့်တည်ပါ။ ကြားထဲမှာ အကျက်ညီအောင် တစ်ဖက်ကိုလှန်ပေးပါ။
7. ၅ မိနစ်ပြည့်ပြီ။ အမဲသားတွေ လည်းအရောင်ပြောင်းပြီဆိုရင် Teriyaki ဆော့စ် စားပွဲဇွန်း ၁ဇွန်းခွဲ နဲ့ သကြား လက်ဖက်ရည် ၁ ဇွန်းကိုထည့်မွှေပါ။ ရေအနည်းငယ်ထည့်ပြီး ၃ မိနစ်လောက် အရသာစိမ့်ဝင်အောင် ထားလိုက်ရင် စားဖို့ အသင့်ဖြစ်ပါပြီ

2 comments:

Tuumar said...

စားချင်စရာလေးရယ် မှိုကလဲအကြိုက်မှိုလေးမို့ အားပေးသွားတယ်နော်

mstint said...

ရောက်လာတယ် Evy ရေ။ လှလှပပ စားချင်စဖွယ် အပြင်အဆင်လေးတွေကို အားကျတယ်။ သားတွေအတွက် ကြိုးစားပေးလိုက်အုံးမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်