ပေါင်မုန့်လုပ်နည်း တွေဖက်ကို ခဏပြန်လှည့်လိုက်ဦးမယ်။ ပေါင်မုန့်စမ်းလုပ်ကြည့်ချင်သူများ ကျေနပ်မယ်ထင်ပါတယ် ။
ဒီရက်ပိုင်း မုန့်တွေတော်တော်ပြန်လုပ်ဖြစ်တယ်။ မတင်ရသေးတာတွေလည်း အများကြီးစီနေပြီ။ ဒါလေးကတော့ ကော်ဖီ ချောကလက်ပေါင်မုန့်ပေါ့။ ကော်ဖီအရသာအပြင် ချောကလက် အရသာပါ ပေါင်းထည့်ထားတာမို့ အရသာတစ်မျိုးနဲ့
စားလို့ကောင်းပါတယ်။
နှစ်သက်ရာပုံစံ လုပ်နိုင်ပြီး ကျွန်မကတော့ ဒီတစ်ခါ ပေါင်မုန့် loaf ပုံစံလုပ်ပြထားပါတယ်
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
- ပေါင်မုန့်ဂျုံ ၁၂၅ ဂရမ်
- ကိတ်ဂျုံ ၂၅ ဂရမ်
- သကြား ၁၅ ဂရမ်
- နို့မှုန့် ၂.၅ ဂရမ်
- Yeast ၂.၅ ဂရမ်
- ရေ+ နွားနို့ ၇၀ မီလီလီတာ
- ပျားရည်စားပွဲဇွန်း ၁ ဇွန်းခွဲ (၂၀ မီလီလီတာ)
- ထောပတ် ၁၅ ဂရမ်
- ကြက်ဥ စားပွဲဇွန်းတစ်ဇွန်း
- ပထမဆုံး အရည်ပစ္စည်း (Wet Ingredients) တွေကလွဲပြီး ကျန်တာတွေအားလုံးကို ရောမွှေထားပါ။
- အလည်မှာတွင်းလေးလိုလုပ်ပြီး။ ရေ၊နွားနို့၊ပျားရည်နဲ့ ကြက်ဥကို ရောမွှေပေးပြီး ဂျုံသားစေးကပ်လာအောင် ၁၀ မိနစ်ခန့်နယ်ပါ
- ထို့နောက် ထောပတ်ကိုပါ ရောနယ်ပြီး ဂျုံသားချောမွတ်လာတဲ့ အထိ (၂၅ မိနစ်ခန့်)နယ်ပါ။ ဂျုံရမရကို Window pane test နဲ့စမ်းပါ
- နောက် ဆီဆွတ်ထားသော ဇလုံတစ်ခုမှာထည့် အဖုံးအုပ်ပြီး ပြီး ဂျုံ ၂ ဆခန့် ပွလာအောင် ထားပါ။ ၁ နာရီကနေ တစ်နာရီခွဲအထိတော့ ကြာပါမယ်။
- ဂျုံထဲမှလေများကို လက်သီးနဲ့ထိုးပြီး ပြန်ပြားအောင်လုပ်ပါ။ နောက် ဂျုံကို ၂ ပိုင်းခွဲပြီး ပုံပါအတိုင်း ချောကလက်စေ့လေးတွေ ထည့်လိပ်ပေးပါ။ ဒုတိယ တစ်ပိုင်းကိုလည် ထိုနည်းအတိုင်းလုပ်ပါ။
- ပြီးရင် မုန့်ဖုတ်မယ့် ဗန်းထဲမှာထည့်ပြီး ဒုတိယ အကြိမ်ပြန်ပွအောင် ထားပါ (မိနစ် ၄၀လောက်ကြာပါမယ်)
- နောက်တစ်ကြိမ်ပွပြီဆိုရင်တော့ ၁၇၀ ဒီဂရီအာဗင်မှာ နာရီဝက်ဖုတ်ပေးပါ
- အာဗင်မှ ထွက်ထွက်ခြင်း ဗန်းထဲကထုတ်ကာ wire rack ပေါ်မှာ အအေးခံပေးပါ
- လုံးဝအေးမှ သုံးဆောင်ပါ။
No comments:
Post a Comment