Monday, February 4, 2013

ရေခဲမုန့်ကိတ် (Ice-cream cake)





ဒါလေးကတော့ Valentine's day အမှတ်တရအတွက် ရေးပေးထားတဲ့  ရေခဲမုန့်ကိတ်ပါ။  ပထမတော့ အနားနီးမှ တင်မလို့ပါပဲ။ ဒါပေမယ့် အရင်ကြိုပြီးစမ်းလုပ်ကြည့်ချင်တဲ့ သူတွေအဆင်ပြေအောင် ခပ်စောစောလေးပဲ တင်လိုက်ပါတယ်။
*********************************************************************************************

ခုနောက်ပိုင်းမှာ ချစ်သူများနေ့ကျင်းပတဲ့ အလေ့အထဟာ တော်တော်ခေတ်စားလာပါတယ်။ ပန်းစည်း၊ ချောကလက် ၊ အမှတ်တရပစ္စည်းလေးများနဲ့ လူငယ်လေးတွေတော်တော်များများ ချစ်သူများနေ့ ဆင်နွှဲလေ့ရှိတာကို သတိထားမိပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ချစ်သူကို ကိုယ်တိုင်လုပ်တဲ့ မုန့်လေးတွေနဲ့ surprise လုပ်နိုင်စေဖို့အတွက် လွယ်ကူတဲ့ ရေခဲမုန့်ကိတ်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်နော်။ တစ်ခုသတိထားရမှာက ရေခဲမုန့်ကိတ်လုပ်ပြီးရင်တော့ အပြင်မှာအကြာကြီး အထားမခံပါဘူး။ အဲဒါလေးကိုတော့ သတိပြုစေချင်ပါတယ်နော်

ပါဝင်ပစ္စည်များ
  • ကိတ်မုန့်အလွှာ ၂ခု (ကိတ်မုန့်က ကိုယ့်ဘာသာကိုယ် လုပ်လို့မရင်လည်း ဆိုင်က၀ယ်ပြီးသုံးလို့ဖြစ်ပါတယ်)
  • စတော်ဘယ်ရီနဲ့ ချောကလက်ရေခဲမုန့်

ပြင်ဆင်နည်း
ပထဆုံး sponge ကိုအလွှာကိုအရင်ပြင်ထားရပါမယ်
·         Sponge အလွှာအတွက်
·         ကြက်ဥ ၂ လုံး
·         သကြား ၈၀ ဂရမ်
·         ဂျုံ ၈၀ ဂ၇မ်
·         Baking powder လက်ဖက်ရည်ဇွန်း တစ်ဝက်
·         ဗနီလာအနံ့ ၂ စက်ခန့်
ပထဆုံး ကြက်ဥနဲ့ သကြားကိုဖြူပြီး ပွလာအောင် ribbon like stage ရောက်အောင်မွှေပေးပါ။ ပြီးမှ ဂျုံနဲ့ ဘိတ်ကင်ပေါင်ဒါကို စကာစစ်ပြီး ဗနီလာအနံ့ထည့်ပေးပါ။ နောက် ၈ လက်မx ၁၁ လက်မဗန်းထဲထည့်ပြီး ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပါ။
အာဗင်မှထုတ်ပြီးရင် wire rack ပေါ်မှာ အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲမုန့်နဲ့ စပြီး အလွှာလုပ်ရပါမယ်။
မုန့်အအေးခံတုန်းမှာ စတော်ဘယ်ရီ နဲ့ ချောကလက်ရေခဲမုန့်ကို ခွက်သပ်သပ်စီမှာ ထားပြီး အနည်းငယ် ပျော့သွားအောင် ဇွန်းနဲ့မွှေပေးပါ။ အရည်ကျဲဖြစ်လို့မရပါဘူး။
နောက်ကိတ်မုန့်ကို အသည်းပုံ Cake cutter နဲ့ ၂ ခုထွက်အောင်ဖြတ်ပေးပါ။


ကိတ်မုန့်စပြီး ဆင်မယ်နော်
၁) ပန်းကန်တစ်ခုမှာ အသဲပုံ Cutter ကိုတင်ပါ။ ပြီးရင် ကိတ် ပထမဆုံးအလွှာကို ထည့်ပေးပါ
၂) ခုနက မွှေပြီးသား ရေခဲမုန့် - နှစ်သက်ရာ စတော်ဘယ်ရီ (သို့) ချောကလက်ရေခဲမုန့်  ကိတ်သားပေါ်ကိုလောင်းချပေးပါ။
၃)မျက်နှာပြင်မြန်မြန်ညှိပြီး ရေခဲသေတ္တာ freezer ထဲကိုချက်ချင်းပြန်ထည့်ပါ။
၎)ကိတ်ပေါ်ကရေခဲမုန့် နဲနဲမာပြီဆိုရင် နောက်ကိတ်သား တစ်လွှာကိုခင်းပါ
၅) ကျန်သေးတဲ့ရေခဲမုန့်နောက်တစ်ခုကိုလည်း လောင်းထည့်ပြီးမျက်နှာပြင်ညှိကာ freezer ထဲကိုချက်ချင်းပြန်ထည့်ပါ။
၆)တစ်ညလောက်သိပ်ပြီးသွားရင်တော့ အသဲပုံရေခဲမုန့်ကိတ်စားဖို့အသင့်ဖြစ်ပါပြီ
ရ) Cake ring ထဲကထုတ်ပြီး မိမိနှစ်သက်သလို အလှဆင်ပါ။

ဒါဆိုရင်တော့ ရေခဲမုန့်ကိတ်လေး အသင့်ဖြစ်နေပါပြီ။ အားလုံးပဲ ပျော်စရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။ 

(မုန့်ဖုတ်ဝါသနာပါသူများကို စာမေးပွဲစစ်ကြည့်မယ်နော်။ ပုံနံပါတ် ၅က အ၀တ်က ဘာလုပ်တာလဲ သိရင် ဖြေကြည့်နော်) :D :D :D

9 comments:

Thinn Sabai said...

ice cream cake ကြိုက်တယ်. တကယ်ကို စားချင်စရာ.. :)

သက်ဝေ said...

ပုံနံပါတ် ၅ က အသဲလေးကို ပုဝါခြုံပေးထားတာပါ... သူ ချမ်းနေရှာလို့ တဲ့... ခွိ ခွိ...
(စောစောစီးစီး ရုပ်ပြောင် လုပ်သွားတယ်...)

Unknown said...

Thanks for the great receipe.

ံhnin said...

လက်ကိုင်ပုဝါ လားဟင်.....:) မှန်ရင် မုန့်ကျွေးနော်..

yuki said...

အသည်းပုံခွက်လေး ခွာဖို့ ထင်တယ်...မှန်ဖို့ တော့ နည်းပါတယ် ;)

Anonymous said...

May be to isolate the heat being transferred to ice-cream cake..
-m

Anonymous said...

ကျေးဇူးအများကြီးတင်ပါတယ်။ စမ်းပြီးလုပ်စားကြည့်အုံးမယ်။ စကားမစပ် အခုမှ Evy တို့လို့ အစားအသောက်ချက်နည်းတွေ တင်ပေးတဲ့ ဘလော့ဂါတွေကို ပိုကျေးဇူးတင်လာတယ်။ ဘာလို့လဲဆိုတော့ ဘလော့ဂါတစ်ယောက်က ဟင်းချက်နည်းစာအုပ်ထုတ်ပြီးတော့ စာအုပ်မရောင်းရလို့ထင်တယ်။ ဘလော့ကို ပါ့စ်ဝပ်နဲ့ပိတ်လိုက်ပြီး သူ့စာအုပ်ဝယ်တဲ့သူမှ ဘလော့ပါ့စ်ဝပ်ပေးမယ်လို့ ဖေ့ဘွတ်မှာ တင်ထားတယ်။ ပိုဆိုးတာက သူများတွေကိုပါ သူရဲ့ဟင်းချက်နည်းတွေကို မရှယ်ကြဖို့ (စာအုပ်မ၀ယ်ပဲ နည်းသိမှာစိုးလို့နဲ့တူပါတယ်) ပြောတာတွေ့တော့မှ တော်တော်တရားကျသွားတယ်။ စာအုပ်ကို အဲလိုနည်းနဲ့ ရောင်းတာကျတော့ ဘယ်လောက်မှ ပိုက်ဆံမပေးရပဲနဲ့ကို မ၀ယ်ချင်တော့ဘူး။ နောက်ပြီး ဟင်းချက်နည်းသိချင်ရင် ဂူဂယ်လ်မှာ ရိုက်ပြီးရှာဖို့ပဲ အားသန်တော့တယ်။ တကူးတက စာအုပ်ကြီးဖွင့်မနေချင်တော့ဘူး။ ဗမာပြည်ကလူတွေကတော့ ဘလော့ကဟင်းချက်နည်းတွေကို သိပ်စိတ်မ၀င်စားကြဘူးလေ။ အီကြာကွေး၊ ပလာတာ ၀ယ်စားမှာပေါ့။ ဘယ်တကူးတကလုပ်နေကြမလဲနော်။
ဟိုးအရင် မမလုလုလက်ထက်ကတည်းက ဟင်းချက်နည်းတွေ ဖတ်လာတာ။ Evy ဆီကတော့ မုန့်ဖုတ်နည်းတွေဖတ်ရတယ်။ စမ်းလုပ်ကြည့်ပြီးရင် ကျေးဇူးတင်ရတယ်။ ဒါပေမယ့် တန်ဖိုးမသိခဲ့ဘူး။ အခု ဟိုဘလော့ဂါလုပ်တော့မှပဲ ဘလော့ဂါတွေ ဘာမှအကျိုးအမြတ်မရပဲ ဟင်းချက်နည်းတွေတင် ၊ ဓါတ်ပုံနဲ့တကွ အဆင့်ဆင့်တွေရေးရ အလုပ်ရှုပ်ခံတာ ပိုသိလာတယ်။ အဲဒါကြောင့် စမ်းသပ်ပြီးရင် အရင်ကလို စိတ်ထဲကပဲ ကျေးဇူးမတင်ပဲ ကွန်မန့်နဲ့ ကျေးဇူးတင်ကြောင်းလဲပြောမယ်။ အခုလိုသိခွင့်ပေးတဲ့အတွက် Evy ရော မိသားစုပါ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။
PN

Evy said...

ကွန်မန့်တွေပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်။

ပုံနံပါတ (၅)ကို ခန့်မှန်းတာ yuki မှန်ပါတယ်။ :D အဲဒီ အ၀တ်က ရေနွေးနဲ့ စိမ်ထားတာမို့ မုန့်ခွာတဲ့အခါလွယ်ကူစေပါတယ်။

နောက်ဆုံးကွန်မန့်တွေ အရှည်ကြီးရေးသွားတဲ့ PN ကိုလည်း ကျေးဇူးပါ။ အဲလို အဆင်ပြေကြောင်းလေးတွေ ပြန်ကြားရတာ တကယ့်ကို အားရှိပါတယ်။

Anonymous said...

Thank you, Evy for your generous mind for baking!