Tuesday, June 11, 2013

ချောကလက်ချိစ်ကိတ်




ဒီတစ်ခါတော့ ချိစ်ကိတ်ကို ချောကလက်ထဲထည့်လိုက်တယ်။ ချောကလက်နဲ့ ချိစ်ဆိုတာ တော်တော်လိုက်ဖက်တယ်ဆိုတာကို ဒီမုန့်လုပ်ပြီးရင် လက်ခံသွားလိမ့်မယ်လို့ထင်ပါတယ်။ ဒီမုန့်ကို စပြီးစမ်းတာတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပေါ့။ စလုပ်ပြီးကတည်းက အရမ်းသဘောကျတာကြောင့် ကျွန်မတို့အိမ်ရဲ့ လက်စွဲတော်မုန့်တစ်မျိုးလို့တောင်ဆိုလို့ ရပါတယ်။ ဒါပေမယ့် ခဏခဏတော့ မလုပ်ဖြစ်ဘူး။ အရမ်းသဘောကျတာကြောင့် လုပ်ပြီးရင် တစ်ခါတည်းကုန်သွားတာများပါတယ်။ ဒါကြောင့် တစ်ခါတစ်လေလောက်ပဲ လုပ်ဖြစ်ပါတယ်။ စာဖတ်သူများလည်း ကျွန်မနဲ့ သဘောထားတူမတူကို ဒီမုန့်လေးလုပ်ပြီးရင် အသိပေးပါဦး။

ပါဝင်ပစ္စည်းများ
  • Cream Cheese 150g
  • Sugar 25g
  • 1 Egg

အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ

ချောကလက်မုန့်နှစ် အတွက်
  • ထောပတ် 100g
  • သကြား 80g
  • ဂျုံ 80g
  • ကြက်ဥ ၂ လုံး Eggs
  • ကိုကိုးပေါင်ဒါ စားပွဲဇွန်း ၂ဇွန်း
  • baking powder လက်ဖက်ရည်ဇွန်း တစ်ဝက် (2.5g)
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း


ပြုလုပ်နည်း
  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
  5. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။
  6. မုန့်ကျက်မကျက်ကို စူးတံလေးထိုးပြီး စမ်းပါ။ မုန့်နှစ်ကပ်ပါမလာရင် ရပါပြီ





3 comments:

Theingi said...

မမရေ ကိတ်တခါလုပ်ပြီးဖြစ်မြောက်သွားတည်းက လက်ကအငြိမ်မနေချင်တော့တာ မနက်ဖြန်လုပ်စားကြည့်မယ်နော်.......မမခုလို၅နှစ်တောင် သင်တန်းတက်ပြီးညီမတို့ကို သင်ပေးတာကျေးဇူးအများကြီးတင်ပါတယ်မမ :D

Evy said...

ညီမရေ သင်တန်းက ၅ နှစ်မတက်ရပါဘူး :D . မုန့်လုပ်တဲ့ သက်တမ်းကို ဆိုလိုတာပါ။

Cameron said...

sis လုပ်ပြတော့လဲ လုပ်နည်းလေးက လွယ်နေပြန်ရော လက်တွေ့လုပ်ကြည့်မှသာ ဘာလိုတယ် ဆိုတာသိမှာနော် စားချက်စရာ ချိစ်တော့အရမ်းကြိုက်တယ် ၀မယ့်အစာလေ...း)