ဒီတစ်ခါတော့ ဗမာမုန့်ဖက်
ခဏလှည့်လိုက်ဦးမယ်။ ဆနွင်းမကင်းကို အကြိမ်တော်တော်များများ စမ်းဖူးပါတယ်။
စိတ်တိုင်းသိတ်မကျတာနဲ့ လုပ်နည်းလည်း မရေးဖြစ်ခဲ့ပါဘူး။ အုန်းနို့နဲချည်းပဲ
လုပ်ရင် စားချင်တဲ့ အရသာမထွက်တာနဲ့ နို့စိမ်းလေးနဲ့ အစားထိုးလိုက်တာ တော်တော်အဆင်ပြေသွားတယ်။
ရွှေနယားနီးပါး ကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် အမှတ်ပေးလိုက်တယ်။
ပါဝင်ပစ္စည်းများ
- ရွှေကြည် ၂၅၀ ဂရမ်
- အုန်းနို့ ၄၀၀ ဂရမ်
- နို့စိမ်း ၃၅၀ ဂရမ်
- သကြား ၂၈၀ ဂရမ်
- ကြက်ဥ ၁ လုံး
- ထောပတ် ၉၀ ဂရမ်
- ဆား လက်ဖက်ရည် ဇွန်း ထက်ဝက်
- (အုန်းနို့၊ နို့စိမ်းနှင့် ကြက်ဥကိုရောခေါက်ထားပါ)
ပြုလုပ်နည်း
- ပထမဆုံး ထောပတ်ကို အရည်ပျော်အောင် အပူပေးပြီး ရွှေကြည်များကို အညိုရောင်သမ်းလာအောင် လှော်ပေးပါ။
- သကြား နှင့် အုန်းနို့၊ နို့စိမ်းများ အရောများကိုထည့်ကာ အဆက်မပြတ် မွှေပေးပါ။
- ( ကြက်ဥပါတာကြောင့် အဆက်မပြတ်မွှေပေးရပါမယ်။ မဟုတ်ရင် ကြက်ဥကြက်သွားပြီး အဖတ်အဖတ်များဖြစ်တတ်လို့ပါ)
- မုန့်သားဗန်းမှာ မကပ်တော့လျှင် မုန့်ဖုတ်ဗန်းထဲသို့ ပြောင်းထည့်ပြီး ထောပတ် အနည်းငယ်ထပ်ဆမ်းပါ
- ဘိန်းစေ့ဖြူးကာ အုန်းနို့ဆမ်းပြီး ၁၈၀ ဒီဂရီအာဗင်မှာ နာရီဝက်ဖုတ်ပေးရင် ရပါပြီ
6 comments:
I can't read this. All in square shape. I can read in some but not this one. I Would like to try this. So, could you please rewrite it in Myanmar font if you don't mind. Thanks. Much appreciate.
Hello, it was written with Zawgyi Font. may be I can email the file to you. Pls send me your email address.
Sis,
Thank you very much for the post.
I wanna try it at home, but wonder 180 degree oven means pre-heated or I can just put the tray into oven, set temperature to 180 and bake for half an hour?
Hello, yes. Preheated oven.
rose.rose.angela@gmail.com
Could you please send me how to make " Tar ku pyin" as well?
Thank you.
Hi Sis,
The butter is unsalted butter or should I use ghee?
Thanks.
Post a Comment