Monday, August 19, 2013

နွားနို့ခဲလုပ်နည်း




နွားနို့ခဲကတော့ လုပ်ရတာလွယ်ကူပြီး အမယ်မျိုးစုံလုပ်စားလို့ အဆင်ပြေသော အစားအစာတစ်မျိုးပါ။ တစ်ချို့ကလည်း ခရမ်းချဉ်သီး အနှစ်နဲ့ဆီပြန်ချက်စားကြသလို၊ တစ်ချိုကလည်းကြော်ပြီးစားကြပါတယ်။ တစ်ခါတစ်လေလည်း ပလာတာထည်းမှာ ထည့်ပြီးကြော်စားတာ တွေ့ဖူးသလို ၊ ဒံပေါက်ထမင်းထည်းလည်း ထည့်ကြပါတယ်။ ကျွန်မကတော့ ထမင်းကြော်ထဲမှာထည့်သုံးတယ်။ ကြော်နည်းက ဒီမှာပါ အဲလိုမျိုးလိုရသုံးလို့ရတဲ့ နွားနို့ခဲလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ နို့ခဲပြုလုပ်နည်း အများစုကတော့ အချဉ်ဓာတ်ပေးပြီး ခဲအောင်လုပ်ကြတာပါပဲ။ တချို့ဒေသတွေမှာတော့ မုရိုးစေး ထည့်ပြီး ခဲကြတယ်လို့ ဖတ်ဖူးပါတယ်။
ပါဝင်ပစ္စည်းများ
နွားနို့ ၁ လီတာ
လီမွန်ရည် စားပွဲဇွန်း ၂ ဇွန်း


ပြုလုပ်နည်း
ဦးစွာနွားနို့များကို ဆူလာအောင်ကျိုပေးပါ
လီမွန်ရည်ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပေးပါ။
နွားနို့အခဲ နဲ့ အရည်များကွဲစပြုလာတာကို တွေ့ရပါလိမ့်မယ်။ အဲလိုဖြစ်တာနဲ့ ချက်ခြင်း မီးပိတ်ပြီး အ၀တ်သန့်သန့် တစ်ခုနဲ့ စစ်ပေးပါ။
အဆိမ့်အရသာချည်း ဖြစ်မနေစေရန်အတွက် ဆားနဲ့သကြားအနည်းငယ်ကို ထည့်ပေးပါတယ်။
နောက် အ၀တ်ကိုချည်လိုက်ပြီုး အပေါ်မှ အလေးတစ်ခုခုနဲ့  ဖိထားပေးပြီး ၃ နာရီလောက်ကြာရင်သုံးလို့ရပါပြီ။


5 comments:

ကာရံဆူး said...

အရမ်းကြိုက်ပါတယ် အစ်မရေ...မိတ္ထီလာမှာ ပေါတယ်ထင်တယ်...မမှတ်မိတော့ဘူး..စားချင်နေတာ လုပ်စားဦးမယ်..

စံပယ်ချို said...

တခါလုပ်စားခဲ့ဖူးတယ် အိမ်ကလူလုပ်တာပါ အဆင်မပြေလှဘူး ခုတခါပြန်လုပ်နေတယ် ခုပဲလုပ်နေတာ ဒီတခါတော့ အဆင်ပြေမယ်ထင်တာပဲ အရင်ကတောင်ကြီးမှာဆိုတော့ သာစည်-ထီလာ ကလာတဲ့ဈေးသည်တွေပေါတော့ အမြဲစားရတယ်လေ----ကျေးဇူးပါရှင်

Anonymous said...

Hi ....

I would like to know how to make so called 'pae thwe'.
Best Regards

Aunty Tint said...

မိတ္ထီလာနေတုန်းက လက်ဆောင်ခဏခဏရတယ် Evy ရေ... နွားနို့ခဲလုပ်တဲ့ နည်းပညာလေး ယူသွားပြီး ကျေးဇူးနော် :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

လီမွန်ရည်လားမမ အဲဒါကိုမသိလို့