![]() |
Photo Courtesy of Google Image |
Sponge Gel/ cake
stabilizer လို့ခေါ်တဲ့ ကိတ်မှာသုံးတဲ့ Gel ကို Sponge Cake
မှာပဲသုံးတာတွေ့ဖူးပါတယ်။ သူ့ရဲ့ကောင်းကျိုးများကတော့
၁) မုန့်နှစ်ကိုထူထဲစေပြီး ပိုပြီးအမွှေခံပါတယ်။ များသောအားဖြင့် sponge cake
မုန့်နှစ်က ကိုင်တွယ်ရနဲနဲခက်ပြီး မလုပ်တတ်ရင် ပျက်နိုင်ပါတယ်။
၂) cake stabilizer ထည့်ခြင်းအားဖြင့်
မုန့်သားထွက်လာတဲ့ အခါမှာလည်း ပိုပြီး နူးညံ့စေပါတယ်
၃) ရိုးရိုးsponge cake ကဲ့သို့ မုန့်ချက်ခြင်းဖုတ်စရာမလိုပဲ
မုန့်နှစ်ကို ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပြီးနောက်နေ့မှ မုန့်ဖုတ်ရင်လဲ
အရသာမပျက်ပါဘူး။
ဒါတွေကတော့ ကျောင်းမှာသင်ခဲ့ဖူးခဲ့တဲ့
အချက်တွေနဲ့ လက်တွေ့လုပ်ခဲ့ရတာလေးတွေပါ။ sponge gel နဲ့ ပတ်သက်ပြီး တခြားသိထားတာများရှိရင်လည်း မျှဝေဖို့ ဖိတ်ခေါ်ပါရစေနော်။
1 comment:
မုန့်လုပ်ဆိုင်တွေမှာရောင်းနေတဲ့ အကြည်ရောင်ကော်လိုမျိုး ဟာနဲ့အတူတူလား..cake လုပ်တာထည့်ရင် ကျိုးပြတ် ပျက်စီးအောင်ထည့်ရတဲ့ဟာလေ sp လို့ခေါ်တယ်..စားလိုက်ရင် ဆိုးကျိုးရှိလား
Post a Comment